ကမ္ဘာ့အချောဆုံး အကျဉ်းသား

Trending & NEW
31/03/2018
386 views
ကုသိုလ်ကံကတော့ အံမခန်းစရာပါပဲ ။

ပြစ်မှုနဲ့ထောင်ကျနေရာက နာမည်ကျော်ကြားသွားပြီး ထောင်ထဲကနေအပြင်ခဏထွက် ကြော်ငြာတွေရိုက်ကူးခွင့်ရခဲ့သူကတော့

Jeremy Meek ဆိုတဲ့သူပဲဖြစ်ပါတယ် ။

   

သူ့ကို ကမ္ဘာ့အချောဆုံးအကျဉ်းသား လို့လဲလူသိများပါတယ် ။ Meeks ဟာ အမေရိကန်နိုင်ငံမှာ ဖမ်းဆီးခံထားရပြီး၊ ကြော်ငြာရိုက်ဖို့ အတွက် ဗြိတိန်ကို လေယာဉ်နဲ့ သွားရောက်ခွင့် ရခဲ့ပြီး အကျဉ်းဌာနတာဝန်ရှိသူတွေက နာရီပိုင်းမျှ လွှတ်ပေးခဲ့ရပါတယ် ။

   

သူနာမည်စကျော်ကြားလာပုံကတော့ ဖမ်းဆီးခံရပြီးနောက် ရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ တရားခံဓာတ်ပုံဟာ လူမှုကွန်ယက်မှာပျံနှံသွားခဲ့ပြီး သူရဲ့ဆွဲဆောင်မှုရှိတဲ့ မျက်နှာကို ဖက်ရှင်သမားတွေ သဘောတွေ့ကာ ကြော်ငြာတွေအတွက် အပြိုင်အဆိုင် ကမ်းလှမ်းခဲ့ကြတာပါ ။

   

Meeks ဟာ လက်နက်ကိုင်ဆောင်မှုနဲ့ အဖမ်းခံခဲ့ရပြီး၊ ထောင်ဒဏ် 27 လ ကျခံခဲ့ရသူပါ။ သူထောင်ကပြန်လွတ်တာနဲ့ ကျန်ရှိတဲ့ဘဝကို သရုပ်ဆောင်၊ ကြော်ငြာမော်ဒယ်အလုပ်တွေလုပ်ပြီး အသက်မွေးဝမ်းကြောင်းပြုသွားမယ်လို့ သိရပါတယ်။ အခုအချိန်ထိ ထောင်ကျနေဆဲသူဟာ လုပ်ငန်းစာချုပ်တွေ မနားရအောင် လက်ခံနေရပါတယ်တဲ့ ။ ကံကောင်းချက်များနော် ...

   

Athena
Source : metro
Shareလုပ်ပြီးအမှတ်များရယူပါ
1 Aavapoints

Trending:

ရုပ်ရှင်အညွှန်း Love Destiny 

ဒီဇာတ်ကားလေးကတော့ ထိုင်းရဲ့
more

Khwarnyo

Share  212 Views

CU လို့ခေါ်တဲ့ Sean ရဲ့ အကြောင်း

ကဲ ဒီတစ်ခေါက်တော့ Sean
more

Khwarnyo

Share  218 Views