ကိုရီးယားက ရေပန်းအစားဆုံး ဘောလီဘောသမားတွေ

Trending & NEW
27/11/2017
370 views
ကိုရီးယားမှာ အချောအလှတွေပေါတယ်ဆိုတာ တကယ်ကြီးပါပဲ ။ ရုပ်ရည်သွင်ပြင်ကို အမြဲဂရုစိုက်နေရတဲ့ အနုပညာသမားတွေ တင်မကဘဲ ရိုးရိုးသာမန်လူတွေကလည်း သူ့ဟာသူ ချောနေကြရောပဲ ။ ခု ဒီဘောလီဘောသမားတွေကို ကြည့်ရင် သိသာပါတယ် ။ အားကစားသမားတွေထဲ Idol တွေ နီးပါးလောက်ချောမောတဲ့ လူချောတွေ အများဆုံး ရှိတဲ့နေရာက ကိုရီးယားပဲဖြစ်မှာပါ ။ ကိုရီးယားက ချောလို့ Fan အများကြီးဝန်းရံခံနေရတဲ့ ဘောလီဘော သမားတွေက ဘယ်သူတွေလဲ ကြည့်ကြရအောင်ပါ ။

1. Kim Yo Han

   

ဘောလီဘောလောကရဲ့ မင်းသား Kang Dong Won လို့နာမည်ကြီးပါတယ် ။ ဘာကြောင့်လဲဆိုတော့ နာမည်ကြီးမင်းသား Kang Dong Won နဲ့ ရုပ်ချင်းဆင်လို့ပါပဲ ။ 

   

Kim Yo Han ဟာ နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ်အားပေးခံရတဲ့ အားကစားသမားတစ်ယောက်လဲဖြစ်ပါတယ် ။ နောက်တစ်ချက်က Kim Yo Han ဟာ ရုပ်ရည်ပဲ ဆွဲဆောင်မှုရှိတာ မဟုတ်ပါဘူး ။

   

ဘောလီဘောသမားတစ်ယောက်ပီသစွာပဲ အရပ်အမောင်းနဲ့ ကိုယ်ခန္တာ ကပြောစရာမရှိအောင် Perfect ပါပဲတဲ့ ။ 

2. Lim Sung Jin

   

Lim Sung Jin ကတော့ ဘောလီဘောလောကထဲက ကစားသမားအသစ်လေးပါ ။ အသစ်လေးဆိုပေမယ့်လည်း စစချင်းထဲက သူ့ရဲ့ လူချစ်ချင်စရာရုပ်ရည်ကြောင့် ပရိတ်သတ်တွေကြား ရေပန်းစားလာခဲ့ပါတယ် ။

   

အရပ်ရှည်ပြီး ချစ်ဖို့ကောင်းတဲ့ ရုပ်ရည်ရှိတဲ့သူဟာ သူ့ရဲ့ အသက်မွေးဝမ်းကျောင်း ဘောလီဘောလောကထဲမှာလဲ အလားအလာ အများကြီးရှိတဲ့ အကောင်းဆုံးကစားသမားအဖြစ် မျှော်လင့်ထားခြင်းခံရသူပါတဲ့ ။

3. Han Sun Soon

   

ဒီ အားကစားသမားကတော့ ၂၀၁၂ ခုနှစ်က အိမ်ထောင်ပြုသွားခဲ့ပါတယ် ။ သူအိမ်ထောင်ပြုတုန်းက သူ့ရဲ့ မိန်းကလေးပရိတ်သတ်တွေ တော်တော်ခံစားခဲ့ရတယ်တဲ့ ။

   

အသက် ၃၃ နှစ်ရှိနေပြီဖြစ်ပေမယ့် သူ့ရဲ့ ခန့်ညားမှုကတော့ မလျော့သွားပါဘူး ။ ကစားပွဲတွေမှာ သူ့ရဲ့ ဖျက်လက်တဲ့မျက်ဝန်းနဲ့ အားပါပါ ဘောလုံးတော့တဲ့ ဟန်ပန်တွေဟာ လူတွေရဲ့ စိတ်ကို ဖမ်းစားနိုင်ပါတယ် ။ 

4. Ryu Wyun Sik

   

Ryu Wyun Sik ကတော့ သူ့ရဲ့ ပရိတ်သတ်တွေက Desert Fox လို့ချစ်စနိုးခေါ်တာကိုခံရပါတယ် ။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ သြဇာပြည့်ဝတဲ့ မျက်ဝန်းတွေကြောင့်ပါ ။ 

   

အဲဒီမျက်ဝန်းတွေဟာ Fan တွေရဲ့ နှလုံးသားကို အရေပျော်စေပါတယ်တဲ့ ။ အသက် ၂၉ နှစ်သာရှိသေးပေမယ့် Team Leader တစ်ယောက်ဖြစ်နေပြီဖြစ်တဲ့သူဟာ အဖွဲ့ကိုလဲ ကောင်းစွာဦးဆောင်နိုင်သူလည်းဖြစ်တယ်တဲ့ ။
ချောလဲချော ဦးဆောင်နိုင်စွမ်းလဲရှိဆိုတော့ နှုတ်ခမ်းနီမလေးတွေ အကြိုက်ဖြစ်နေတာ မလွန်ပါဘူးနော် ။

5. Moon Sung Min



Moon Sung Min ကတော့ ကိုရီးယားမှာတင်မကဘဲ international leagues မှာပါ ကစားတဲ့ ဘောလီဘောသမားပါ ။ 
ဘောလုံးမှာ မန်ယူ အသင်းမှာဆော့ခဲ့ဖူးတဲ့ ပက်ဂျီဆန်လိုပါပဲ ။ သူလဲ နိုင်ငံဂုဏ်ဆောင်တစ်ယောက်ဖြစ်ပါတယ်တဲ့ ။ 

   

ကဲ ကိုရီးယားက ဘောလီဘောကိုရော အားပေးဖို့ အသင့်ဖြစ်ပြီလား Kpop Fan တို့ရေ ... 
Shareလုပ်ပြီးအမှတ်များရယူပါ
1 Aavapoints

Trending:

ကမ္ဘာ့အချောဆုံး အကျဉ်းသား

ကုသိုလ်ကံကတော့
more

Khwarnyo

Share  387 Views

သေကြောင်းကြံစည်သွားတဲ့ SHINee အဖွဲ့က Jonghyun 

ပရိတ်သတ်တွေတော့ ရင်ကွဲမယ့်
more

Thel

8 Share  7.1k Views