စိုးရိမ်ရတဲ့အနေအထားမှာရှိပြီး အသက်ဆုံးရှုံးနိုင်တဲ့အခြေအနေထိဖြစ်နေတဲ့ TOP အကြောင်း မျက်ရည်တွေကြားကပြောခဲ့တဲ့ သူ့အမေ

Trending & NEW
07/06/2017
155 views
[★BREAKING] T.O.P’s Mother Tearfully Declares He Is Close To Dying 😓

T.O.P ကခုလက်ရှိမှာ အရမ်းကို စိုးရိမ်နေရတဲ့အနေအထားမှာရှိနေပြီး အသက်ဆုံးရှုံးနိုင်ခြေအထိကိုရှိနေပါတယ်လို့ သူ့အမေက ခုလိုဖွင့်ဟခဲ့ပါတယ် 💔

T.O.P ကရိုးရိုးအိပ်မောကျနေတာပါလို့ ထုတ်ပြန်နေတဲ့ ကိုရီးယားမီဒီယာ သတင်းဌာနတွေရဲ့ မှားယွင်းတဲ့ သတင်းတွေ အပေါ် T.O.P ရဲ့အမေက ခုလိုပြန်လည်ချေပခဲ့ပါတယ် "T.O.P ကသတိရှိနေပါသေးတယ်/သက်သာနေပါပြီ" ဆိုတဲ့ သတင်းအမှားတွေကို ထုတ်လွှင့်နေတာရပ်ကြပါလို့ ငိုယိုပြီးပြောခဲ့ပါတယ်တဲ့ 💔

"ကျွန်မသားက ခုထိသတိပြန်မရလာသေးပါဘူး..ခုလို "သူအိပ်မောကျနေတာပါ" ဆိုတဲ့ သတင်းတွေဖတ်ရတာတော့ တော်တော်လေးရင်နာမိပါတယ် ..ခုလိုပြောခဲ့/ရေးခဲ့ကြတာတွေကို  ကျေးဇူးပြုပြီး ပြန်ပြင်ပါ အရေးအသားတွေ ထိန်းသိမ်းပေးကြပါ အခြေအနေက ဘယ်လိုဖြစ်လာနိုင်လဲဆိုတာအပေါ် ကျွန်မတို့ကိုယ်တိုင်တောင် မသိရသေးပါဘူး ကျွန်မသားအခြေအနေက စိုးရိမ်နေရဆဲပါ ကျွန်မ သားသေတော့မလိုဖြစ်နေတာကို ကြုံတွေ့ရင်ဆိုင်နေရဆဲကာလမှာ ခုလိုမှားယွင်းတဲ့သတင်းတွေပါ တွေ့မြင်နေရတယ်.. ဒါသတင်းအမှားတွေထုတ်လွှင့်နေတာပဲမဟုတ်ဘူးလား??" — T.O.P’s Mother

သူမက ဆက်လက်ပြီး   T.O.P ကသေအံ့ဆဲဆဲ အခြေအနေဖြစ်နေပါပြီ ခုလက်ရှိ အသက်ရှုဖို့အတွက်တောင်မှ စက်ကိရိယာ အကူအညီတွေယူထားရပါတယ် လို့ ရင်ကွဲစရာ T.O.P ရဲ့လက်ရှိအခြေအနေအသေးစိတ်ကိုလည်း ဖွင့်ချပြခဲ့ပါတယ် 😓
"ခုလိုအောက်စီဂျင်အပြည့်အဝမရတဲ့အတွက် ဦးနှောက်ကို ထိခိုက်နိုင်ခြေရှိနေပါတယ်"  — T.O.P’s Mother

YG Entertainment ကလည်း T.O.P အမေရဲ့ပြောကြားချက်အပြီးမှာ သတင်းထုတ်ပြန်ခဲ့ပါတယ် သူတို့သတင်းမှာလည်း သူမလို စိတ်ဆိုးဒေါသသံတွေနဲ့ပါပဲ ခုသူ့ရဲ့မိသားစုဝင်တွေနဲ့ ရင်းနှီးတဲ့ ဆွေမျိုးမိတ်ဆွေတွေပဲ သူ့အနားမှာရှိနေပါတယ်လို့ ထပ်ပြီးအတည်ပြုပြောကြားခဲ့ပါတယ် 

"T.O.P အမေ ရဲတွေရဲ့စကားကိုမြင်တော့ တော်တော်ကို ဒေါသထွက်သွားခဲ့တာပါ ခုလက်ရှိ T.O.P ကအောက်စီဂျင် တပ်ထားရပြီး သတိပြန်လည်မလာသေးပါဘူး ပြင်ပဧည့်သည်ဝင်ရောက်မှုကို တင်းကြပ်ထားပြီး သက်ဆိုင်သူမိသားစုဝင်တွေပဲ သူနဲ့အတူရှိနေပါတယ်"  — YG Entertainment

Edited: ဒီနေ့ညနေ T.O.P ကို တာဝန်ယူကုသပေးနေတဲ့ ဆရာဝန်တွေ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်  👇🏻👇🏻
https://www.facebook.com/kdramamyanmarfan/posts/1784965848184671

T.O.P ဘာဖြစ်မှန်း မသိလိုက်သူတွေအတွက် 👇🏻
https://www.facebook.com/kdramamyanmarfan/posts/1784852918195964

😓 မြန်မြန်သတိလည်လာပါတော့ 🙏🏻🙏🏻🙏🏻

Source: Koreaboo
Credit Admin J
Shareလုပ်ပြီးအမှတ်များရယူပါ
0 Aavapoints

Trending:

ကမ္ဘာ့အချောဆုံး အကျဉ်းသား

ကုသိုလ်ကံကတော့
more

Khwarnyo

Share  387 Views

share & earn aavapoint

Aavashare

2 Share  133 Views