LG အီလက်ထရောနစ်ကုမ္ပဏီမှထုတ်လုပ်ထားပြီး မြန်မာ့ဂေဟပါတ်ဝန်းကျင်နှင့်ကိုက်ညီသော LG Mosquito Away တီဗွီ နှင့် အဲယားကွန်း

Trending & NEW
17/03/2017
292 views
မြန်မာနိုင်ငံမှာဆိုရင် မိသားစုတော်တော်များများဟာ နေ့လည်နေ့ခင်း၊ညဘက်အားလပ်ချိန်တိုင်း တီဗွီရှေ့မှာ အချိန်ကုန်တတ်ကျပါတယ်။ထို့အတူ အခုချိန်ဟာ ၁၀တန်းစာမေးပွဲတွေပြီးလို့ ကလေးတွေသဘောကျဂိမ်းတွေဆော့ဖို့ မိဘတွေခွင့်ပြုကျတဲ့အချိန်ဆိုရင်လဲ မမှားပါဘူး။

နေ့လည်နေ့ခင်းတီဗွီကြည့်တဲ့အခါ၊ညဘက်တီဗွီကြည့်တဲ့အခါမျိုးမှာ အနှောက်အယှက်အပေးဆုံးအရာဟာ ဘာပါလိမ့်?အိမ်ကအငယ်ဆုံးကလေးလား?ပါတ်ဝန်းကျင်ကဆူဆူညံညံအသံတွေလား?ခြင်အန္တရာယ်လား?မီးခဏခဏပြတ်တဲ့ဒါဏ်လား?

အပေါ်ကမေးခွန်းတွေထဲမှာ အန္တရာယ်အရှိဆုံးနဲ့ကျန်းမာရေးကိုပါ ဒုက္ခအပေးနိုင်ဆုံးကတော့ ခြင်အန္တရာယ်ပါ။ဟုတ်ပါတယ် မြန်မာနိုင်ငံဟာ ပူပြင်းစိုစွတ်တဲ့ရာသီဥတု ရှိပါတယ်။ထို့အတူ လူဦးရေထူထပ်တဲ့နေရာမျိုးမှာ ခြင်မျိုးစိတ်ပေါင်း၃၀၀၀ကျော်ကိုလဲစစ်တမ်းတွေအရတွေ့ရှိရပါတယ်။ခြင်ဟာကူးစက်တတ်တဲ့ရောဂါပိုးအချို့ကို သယ်ဆောင်လာနိုင်ပြီး ခြင်ကြောင့် ဖြစ်ပွားတဲ့ရောဂါတွေဟာလူသေဆုံးမှုဖြစ်ပွားစေတဲ့အဓိကရောဂါတွေထဲက တစ်ခုအပါအဝင်ဖြစ်လာပါပြီ။ထို့အတူအသက်အန္တရာယ်စိုးရိမ်ရတဲ့ရောဂါတွေ ဖြစ်တဲ့ သွေးလွန်တုပ်ကွေး၊ငှက်ဖျားနဲ့ဂျပန်ဦးဏှောက်အမြှေးရောင်ရောဂါ၊ဇီကာဗိုင်းရပ်စ်တို့ဟာလည်း ခြင်ကြောင့်ပဲဖြစ်ရတဲ့ ရောဂါတွေပါပဲ။

ဒါဆိုကျွန်မတို့အားလပ်ချိန်ကိုအနှောက်အယှက်ပေးတဲ့ခြင်အန္တရာယ်ကိုဘယ်လိုကာကွယ်ကျမလဲ?
ခြင်ဆေးသုံးမယ်......အဆုပ်နဲ့အသက်ရှုလမ်းကြောင်းကိုထိခိုက်စေပြီး၊တခြားကျန်းမာရေးပြသနာတွေအပြင် အခန့်မသင့်ရင် မီးဘေးအန္တရာယ်ပါဖြစ်ပေါ်စေပါတယ်။
လိမ်းဆေးတွေသုံးမယ်......အခန့်မသင့်လို့ခန္ဓာကိုယ်မှာလိမ်းရာကနေပါးစပ်ထဲဝင်ရင် အန္တရာယ်ရှိနိုင်တယ်၊ကလေးတွေအတွက်လဲစိတ်မချရဘူး။
ခြင်လုံစကာတပ်မယ်၊Pest control လုပ်မယ်.......ခဏခဏခြင်တွေပြန်လာတာမလို့၊ငွေကုန်၊အချိန်ကုန်၊လူပင်ပန်းဖြစ်နဲ့အခက်တွေ့ရပါတယ်။

ဒါဆို အားလပ်ချိန်တိုင်း သင်နဲ့သင့်မိသားစုနဲ့ အတူရှိနေတဲ့ တီဗွီတစ်လုံး၊အဲယားကွန်းတစ်လုံးဟာခြင်အန္တရာယ်ကလဲ ကာကွယ်မယ် မိသားစုကျန်းမာရေးကိုလဲ မထိခိုက်စေဘူးဆိုရင် သင်ရွေးချယ်ဝယ်ယူမှာလား?
ကျွန်မကတော့ Yes ပါ 😉
ဟုတ်ပါတယ် တကယ်ကျန်းမာရေးနဲ့ညီညွတ်ပြီး မိသားစုကို ခြင်အန္တရာယ်ကနေကာကွယ်ပေးမယ့် တီဗွီ၊အဲယားကွန်းကိုတော့ အခုပဲ LG show room တွေမှာဝယ်ယူရရှိနိုင်ပါပြီ။သူ့ရဲ့အဓိကခြင်ပြေးစေတဲ့ နည်းပညာကတော့ "Ultrasonic wave"လို့ခေါ်တဲ့လူ့ရဲ့နားနဲ့မကြားနိုင်၊လူကိုအန္တရာယ်မဖြစ်စေနိုင်တဲ့လှိုင်းနှုန်း(ကြိမ်နှုန်3း4k Khzကျော်ခန့်)နဲ့ ခြင်တွေရဲ့အာရုံကြောစနစ်ကိုဟန့်တားပြီး ခြင်တွေကိုမောင်းထုတ်တဲ့နည်းပညာမျိုးပဲဖြစ်ပါတယ်။လူကိုအန္တရာယ်ဖြစ်စေတဲ့ဓာတုပစ္စည်းလုံးဝမပါဝင်တဲ့အပြင် နိုင်ငံပေါင်း ၈နိုင်ငံကျော်ရဲ့အသိအမှတ်ပြုဓာတ်ခွဲခန်း များတွင်လည်းဆန်းသပ်စစ်ဆေးပြီး ထောက်ခံချက် အသိအမှတ်ပြုလက်မှတ်များလဲရရှိထားပါတယ်။

ဒါ့အပြင် ခြင်ပြေးအဲယားကွန်းနဲ့တီဗွီနှစ်မျိုးလုံးမှာ အင်ဗာတာနည်းပညာပါပြီးဖြစ်သောကြောင့် လျှပ်စစ်မီးအတက်အကျဖြစ်လို့ လျှပ်စစ်ပစ္စည်းတွေပျက်စီးခြင်းမှ လဲကာကွယ်နိုင်ပါတယ်။

    

ဒါကြောင့်သင့်နဲ့သင့်မိသားစု အားလပ်ချိန်မှာ အပန်းလဲဖြေ ခြင်အန္တရာယ်လဲကင်းဝေး၊ကျန်းမာရေးလဲမထိခိုက်စေဖို့ LG electronic မှထုတ်လုပ်ခိုက်တဲ့ Mosquito away တီဗွီနဲ့ အဲယားကွန်း တို့ကို ကျွန်မအပြင် ကျွန်မချစ်ရတဲ့စာဖတ်သူနဲ့မိသားစုပါ ရွေးချယ်အသုံးပြုနိုင်ဖို့ ဖော်ပြပေးလိုက်ရပါတယ်။
LG ရဲ့ Mosquito away တီဗွီနဲ့ အဲယားကွန်း အကြောင်းအသေးစိတ်ကိုလဲ ရေးသားဖော်ပြပေးမှာမလို့ stay tuned နော် 😉

   
Shareလုပ်ပြီးအမှတ်များရယူပါ
0 Aavapoints

Trending:

ကမ္ဘာ့အချောဆုံး အကျဉ်းသား

ကုသိုလ်ကံကတော့
more

Khwarnyo

Share  382 Views

Sales လား?Marketing လား?

Sale လား၊ Marketing လား ?
more

Amanda

Share  592 Views