ရေပန်းစားလူကြိုက်များလာနိုင်တဲ့ Scream Go Game
ခုတလောစိတ်ညစ်နေလို့ တစ်ယောက်ယောက်ကို အော်ဟစ်ပေါက်ကွဲပစ်ချင်နေလား?အဆိုတော်လုပ်မှာမလို့ အသံလေ့ကျင့်ချင်နေတာလား?😂တစ်နေ့နေ့ အသံကျယ်ကျယ်ပြောလိုက်ရမှ ရင်ထဲပေါ့ပြီးနေလို့ကောင်းပေမယ့် ထိန်းချုပ်နေရတယ် ဆိုတာဖြစ်နေသလား? မပူပါနဲ့ အဲ့ပြသနာတွေအကုန်လုံးကိုရှင်းပေးမယ့်။ Scream Go game လေးလာပါပြီ။
ဒီGame ပုံစံလေးကရိုးရှင်းပြီး လွန်ခဲ့တဲ့နှစ်တွေကရေပန်းစားခဲ့တဲ့ Flappy Bird game လေးနဲ့ခက်ဆင်ဆင်ပါ။ ဒါပေမယ့်သူက လက်နဲ့တို့ထိစရာမလိုပဲ မိမိရဲ့ပင်ကိုယ်သံနဲ့ထိန်းချုပ်ဆော့ကစားရမှာပါ။ ဒါကြောင့်ခုနကပြသနာတွေနား 😉 ပြသနာသစ်တွေထပ်တွေ့ အဲလေ 😁ဟုတ်တယ်ရှင့် အိမ်မှာတော့ဆော့တာ အမေက ဟဲ့နင့်ကင်းကိုက်လို့လားအော်ခံရသေးတယ်။ အပြင်မှာရုံးမှာခိုးဆော့မယ်တော့မစဉ်းစားလေနဲ့ မိမိရဲ့အသံကို မြန်မာအိုင်ဒေါပြိုင်ပွဲဝင်တွေထက်လူသိများပြီး တခါထဲvideoခိုးရိုက်ခံရမှာကတစ်မျိုး၊လူကြားထဲအော်ကြီးဟစ်ကျယ်လုပ်နေတော့ ဒီကောင်မလေးကျပ်မပြည့်လေဘူးဆိုပြီး ဂရုဏာသက်ဝင်ကျမှာကတစ်ဖုံ အဖုံဖုံ ကြုံတွေ့နိုင်ရတယ်။ဒီတော့ ပိတ်ရက်နားရက် အိမ်မှာပဲဖြစ်ဖြစ်၊လူမရှိတဲ့နေရာဖြစ်ဖြစ် ဆော့သာဆော့ပေတော့။
Google play store မှာ Scream Go လို့ရှာ ဒေါင်းရုံပဲ။အခန်းလို့ပဲပြောရမလား ကစားနည်းက ၂မျိုး Mario လို အတုံးတွေခုန်ရှောင်ရတာက Jumping အခန်း၊ရေကူးရင်း ငါးတွေအတုံးတွေရှောင်ရတာက Swimming နှစ်မျိုးရှိတယ်။သူကအသံနဲ့ထိန်းချုပ်ရတာဖြစ်လို့ ခုန်ရမယ့်နေရာဆို ကျယ်ကျယ်အော် ရိုးရိုးသွားယုံပဲဆို တိုးတိုးလေးအော်။မအော်ရမှာတော့မပူနဲ့ 😜
ကဲကဲဆက်ဆော့လိုက်ဦးမယ် မြန်မြန်ဒေါင်းပြီးလိုက်ဆော့ကျတော့