Father Land ဆောက်လုပ်ရေးလုပ်ငန်းပိုင်ရှင် ဦးကျော်မြင့်ကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀နှစ်ချမှတ်

Trending & NEW
21/02/2017
269 views

Father Land ဆောက်လုပ်ရေးလုပ်ငန်းပိုင်ရှင် ဦးကျော်မြင့်ကို ငွေကြေးလိမ်လည်မှု၊ စာချုပ်စာတမ်းအတု ပြုလုပ်မှုများဖြင့် အလုပ်နဲ့ထောင်ဒဏ်ဆယ်နှစ် တစ်ပေါင်းတည်းကျခံစေရန် လသာမြို့နယ်တရားရုံးက ယနေ့ (ဖေဖေါ်ဝါရီ ၂၀ ရက်) အမိန့်ချလိုက်ကြောင်း သိရပါတယ်။ ဦကျော်မြင့်ဟာ ပန်းဆိုးတန်းလမ်းရှိ မြေကွက်မှာ အဆင့်မြင့်ကွန်ဒိုဆောက်လုပ်ရန် မြေပိုင်ရှင်ထံ နှစ်ဦးသဘောတူ သတ်မှတ်ထားတဲ့ ငွေပမာဏကို အပြည့်အဝ မပေးခဲ့ခြင်းနဲ့ ရန်ကုန်မြို့တော် စည်းပင်သာယာရေး ကော်မတီဌာနထံ တင်သွင်းတဲ့ စာရွက်စာတမ်းများမှာ လက်မှတ်အတု ရေးထိုးခြင်းများ လုပ်ဆောင်ခဲ့ပါတယ်။

အမှုစစ်ဆေးပေါ်ပေါက်ချက်အရ ပြစ်မှုကျူးလွန်ကြောင်းထင်ရှားသဖြင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၂၀ အရအလုပ်နှင့်ထောင်ဒဏ် ၅နှစ်၊ ပုဒ်မ ၄၆၈ အရ အလုပ်နှင့်ထောင်ဒဏ်၅နှစ် စုစုပေါင်းထောင်ဒဏ် ၁၀နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။ပြစ်ဒဏ်နှစ်ခုကို တစ်ပေါင်းထဲကျခံစေတာကြောင့် စုစုပေါင်းကျခံရမယ့်ထောင်ဒဏ်က ၅နှစ်သာဖြစ်ပါတယ်။ချုပ်ရက်ကိုပြစ်ဒဏ်အတွင်းကထုတ်နုတ်ခံစားခွင့်ပြုတာကြောင့် ၃နှစ်ကျော် ၄နှစ် နီးပါးသာ ထောင်ဒဏ်ကျခံရမှာပဲဖြစ်ပါတယ်။

 အဆိုပါအမှု၂၀၁၄ ခုနှစ်က ကျောက်တံတားမြို့နယ် တရားရုံးမှာ စတင်စစ်ေ ဆးခဲ့ပြီး Father Land ဆောက်လုပ်ရေးပိုင်ရှင် ဦးကျော်မြင့်က ကျန်းမာရေးမကောင်းကြောင်း ဆေးစာတင်ပြခဲ့တာကြောင့် ၎င်းကို အာမခံပေးခဲ့ရာ ဦးကျော်မြင့်က ထွက်ပြေးတိမ်းရှောင်ခဲ့ပါတယ်။ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ၂ လအကြာမှာ ဦးကျော်မြင့်က ရဲတပ်ဖွဲ့ထံ ကိုယ်တိုင်လာရောက်အဖမ်းခံခဲ့ပြီးနောက် အမှုကို ကျောက်တံတားမြို့နယ် တရားရုံးမှ လသာမြို့နယ် တရားကို ရုံးသို့ ပြောင်းရွှေ့စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ ယနေ့ အလုပ်နဲ့ထောင်ဒဏ်ဆယ်နှစ် ချမှတ်ခံရတဲ့ Father Land ပိုင်ရှင် ဦးကျော်မြင့်ဟာ သင်္ဃကျွန်း၊ ဗိုလ်တစ်ထောင်၊ လမ်းမတော်မြို့နယ်များမှာလည်း လိမ်လည်မှုနဲ့ စာချုပ်စာတမ်း အတုပြုလုပ်မှုများဖြင့် တရားစွဲခံထားရကြောင်း သိရပါတယ်။
       
Shareလုပ်ပြီးအမှတ်များရယူပါ
0 Aavapoints

Trending:

ကမ္ဘာ့အချောဆုံး အကျဉ်းသား

ကုသိုလ်ကံကတော့
more

Khwarnyo

Share  382 Views

ကမ္ဘာ့ အလျို့ဝှက်ဆုံးနေရာ (သို့) AREA51 …!

Area51 ဆိုတာ လျို့ဝှက်ချက်တွေနဲ့
more

icecream

Share  578 Views