ပီရူးနိုင်ငံရဲ့ ကမ္ဘာ့အထင်ကရ Machu Picchu

Trending & NEW
20/02/2017
457 views
         

ပီရူးနိုင်ငံရဲ့ ကမ္ဘာ့အထင်ကရ Machu Picchu  

မာချူးပီချူး ဟာ ကိုလံဘီယာခေတ် မတိုင်မီ ၁၅ ရာစုနှစ်က အင်ကာတို့၏ ဒေသဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင် အထက် ၂၄၃၀ မီတာ (၇၉၇၀ ပေ) အမြင့်တွင် တည်ရှိပါတယ်။ပီရူးနိုင်ငံ အူရူဘမ်ဘာ တောင်ကြား အပေါ်ရှိ တောင်တန်းတစ်ခုပေါ်တွင် တည်ရှိပြီး အူရူဘမ်ဘာ မြစ်ဖြတ်သန်းစီးဆင်းရာ ဒေသတွင် တည်ရှိခြင်း ဖြစ်ပါတယ်။ မာချူးပီချူး ကို အင်ကာဘုရင် ( Pachacuti Inca Yupanqui ) လက်ထက် မှာ တည်ဆောက်ခဲ့ပါတယ်။ အင်ကာဗိသုကာပညာရှင်များဟာ အန်ဒတ်စ်တောင်တန်းပေါ်မှာ လှေကားထစ်ပုံစံနဲ့ တည်ဆောက်ထားခဲ့ပါတယ်။ အဲဒီခေတ်ဗိသုကာ ပညာရှင်တွေဟာ ဒီမြို့လေးကို ငလျှင်ဒဏ်ခံနိုင်ဖို့အတွက် ကျောက်တုံးတွေကို L ပုံစံထွင်းပြီး ချိတ်ဆက်တည်ဆောက်ခဲ့ကြပါတယ်။ ထူးဆန်းမှုကတော့ အိမ်တွေမှာ အမိုးမပါတာပါပဲ။

ရာစုဝက်ကျော်လောက်နေထိုင်ပြီးတဲ့နောက်မှာ ဒီမြို့သူမြို့သားတွေဟာ အရေပြားကူးစက်ရောဂါတစ်မျိုး ကပ်ဆိုက်ခဲ့ပြီးနောက် နယ်ချဲ့(စပိန်)တွေရဲ့တိုက်ခိုက်မှုကြောင့်မြို့ပျက်စီးခဲ့ရပါတယ်။ အဲဒီနောက်တော့ ဒီမြို့ဟာပျောက်ဆုံးခဲ့ပြီး တိမ်မြုပ်နေခဲ့ရာမှ ၁၉၁၁ ခုနှစ်မှာ အမေရိကန် သမိုင်းပညာရှင် ဟီရမ်ဘင်ဂမ်ကြောင့် မာချူးပီချူးကို နိုင်ငံတကာက သတိထားမိလာခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ မာချူးပီချူးဟာ တာင်အမေရိကတွင် ခရီးသွားဧည့်သည်များအား အကြီးမားဆုံး ဆွဲဆောင်ရာနေရာတစ်ခု ဖြစ်လာခဲ့ပြီး ပါတယ်။ ၁၉၇၆ ခုနှစ်တွင် မာချူးပီချူး၏ သုံးဆယ်ရာခိုင်နှုန်းခန့်ကို ပြန်လည်ပြုပြင်ထိန်းသိမ်းနိုင်ခဲ့ပြီး ပြုပြင်ထိန်းသိမ်းခြင်းကို ယနေ့အချိန်ထိ ဆောင်ရွက်နေဆဲဖြစ်ပါတယ်။

၁၉၈၁ ခုနှစ်တွင် မာချူးပီချူးကို ပီရူးသမိုင်းဝင်ဘေးမဲ့တောအဖြစ် ကြေငြာခဲ့ပြီး ၁၉၈၃ ခုနှစ်တွင် ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်တွင် ကမ္ဘာတစ်ဝှမ်းမှ အင်တာနက်မဲပေးမှုအရ မာချူးပီချူးကို ခေတ်သစ်ကမ္ဘာ့အံ့ဖွယ်ခုနစ်ပါးအဖြစ် ရွေးချယ်ခဲ့ပါတယ်။ ယနေ့အချိန်မှာတော့ ကမ္ဘာ့လှည့်ခရီးသွားတွေ အများဆုံးသွားရောက်လေ့လာကြတဲ့ နေရာတစ်နေရာ ဖြစ်နေပါပြီ။


         
Shareလုပ်ပြီးအမှတ်များရယူပါ
0 Aavapoints

Trending:

ကမ္ဘာ့အချောဆုံး အကျဉ်းသား

ကုသိုလ်ကံကတော့
more

Khwarnyo

Share  382 Views

ဘဲဥ​တော့ဘဲဥပဲ ဒါပေမယ့်ဆားဘဲဥ

   ဆေးဘဲဥကိုပဲ လူတွေက
more

Thomas

1 Share  645 Views

Interior Designersများအတွက်​အသုံးဝင်​မဲ့app

သင်ကဒီဇိုင်းမှဒီဇိုင်းပြဲဖစ်နေလား?စာတွေဖတ်နေရတာရောပျင်းနေပြီလား?
more

Thomas

1 Share  389 Views