ကမ္ဘာ့အဝဆုံး အမျိုးသမီး မခွဲစိတ်မီ ကိုယ်အလေးချိန် တစ်နေ့ ၁၃ ပေါင် လျှော့ချနိုင်

Trending & NEW
20/02/2017
166 views


အီမန်ကို လာမယ့် သီတင်းပတ်အနည်းင်ယ်အတွင်း ခွဲစိတ်ကုသနိုင်မယ်လို့ ဆရာဝန်တွေက မျှော်လင့်ထားကြောင်း သိရပါတယ်။

အိန္ဒိယနိုင်ငံမှာ ခွဲစိတ်ကုသမှုခံယူရန် ရောက်ရှိနေတဲ့ ကမ္ဘာ့အဝဆုံးအမျိုးသမီးဟာ ခွဲစိတ်မှုမခံယူမီ တစ်နေ့လျှင် ကိုယ်အလေးချိန် ၁၃ ပေါင်ကျော် လျှော့ချနိုင်နေကြောင်း သိရပါတယ်။ အီဂျစ်နိုင်ငံမှ အသက် ၃၆ နှစ်အရွယ် ကမ္ဘာ့အဝဆုံးအမျိုးသမီး အီမန် အာမက် အဗ္ဗဒူလ်လတ်တီဟာ ဝလွန်းတာကြောင့် နေအိမ်ပြင်ပကို ၂၅ နှစ်ကြာ မထွက်နိုင်ခဲ့သူ ဖြစ်ပါတယ်။ ကမ္ဘာ့အဝဆုံးဖြစ်နေတဲ့ သူမကို အိန္ဒိယမှာ ခွဲစိတ်ကုသရန် စီစဉ်ခဲ့ပြီး အထူးပြုပြင်ဖန်တီးထားတဲ့ Airbus လေယာဉ်ဖြင့် တင်ဆောင်ခဲ့ရပါတယ်။ အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ရှိ Saifee ဆေးရုံကို အီမန် ရောက်ရှိလာပြီးနောက် သူမကို ထားရှိမယ့်နေရာကိုရောက်အောင် ကရိန်းဖြင့် သယ်ဆောင်ခဲ့ရပါတယ်။


အီမန်ဟာ အိန္ဒိယဆေးရုံကို ရောက်ရှိလာချိန်မှာ ကိုယ်အလေးချိန် ၁,၁၀၂ ပေါင်ရှိခဲ့တာ ဖြစ်ပါတယ်။ ဆရာဝန်တွေက သူမကို ခွဲစိတ်မှုမပြုလုပ်မီ ကယ်လိုရီ ၁,၂၀၀ ပါဝင်တဲ့ အရည်ကိုပဲ သောက်စေပြီး ဝိတ်ချခဲ့ပါတယ်။ ထိုသို့ လုပ်ဆောင်မှုကြောင့် အီမန်ဟာ ၅ ရက်အတွင်းမှာ ကိုယ်အလေးချိန် ၆၆ ပေါင် လျှော့ချနိုင်ခဲ့ကြောင်း သိရပါတယ်။ အီမန်ဟာ မွေးကင်းစမှာကတည်းက ကိုယ်အလေးချိန် ၁၁ ပေါင်ရှိခဲ့ပြီး ဆက်လက် ဝဖြိုးလာခဲ့ကာ မိန်ကလေးငယ်အရွယ်မှာ လမ်းလျှောက်ရန်ပင် ခက်ခဲလာခဲ့ပါတယ်။ နောက်ပိုင်းမှာ လေဖြတ်သွားခဲ့ရာက အိပ်ရာထဲမှ မထနိုင်ဖြစ်သွားခဲ့ရာ ကိုယ်အလေးချိန် လျော့ကျအောင် မည်သို့မျှ လုပ်ဆောင်နိုင်ခြင်း မရှိတော့ဘူးလို့ ဆိုပါတယ်။

အိန္ဒိယမှ ဆရာဝန်တွေကို အီမန်ကို ခွဲစိတ်ကုသခြင်းမပြုမီ သူမရဲ့ ကိုယ်အလေးချိန်ကို ပေါင် ၄၅၀ လျှော့ချသွားရန် စီစဉ်ထားပါတယ်။ ထိုသို့ လျှော့ချနိုင်မှသာ ခွဲစိတ်ကုသမယ့် လူနာကုတင်မှာ သူမကို ထားရှိနိုင်မှာလည်း ဖြစ်ပါတယ်။ "သူမရဲ့ ကိုယ်ခန္ဓာ အရွယ်အစားကို ခွဲစိတ်ကုတင်နဲ့ဆံ့အောင်လုပ်ဖို့ လိုနေပါတယ်" လို့ ခွဲစိတ်ကုသမှုကို ဦးဆောင်မယ့်ဆရာဝန် မက်ဖ်ဖာဇယ် လက်ဒါဝါလာက ပြောပါတယ်။


ခွဲစိတ်ကုသတဲ့ လူနာတင်ကုတင်ဟာ ပေါင် ၁,၀၀၀ အလေးချိန်ကို ခံနိုင်ပေမဲ့ ဓာတ်လှေကားမှာ ၄ ပေခွဲအကျယ်သာရှိပြီး အီမန်ရဲ့ ကိုယ်ခန္ဓာက အကျယ်မှာ ၅ ပေနီးပါး ဖြစ်နေတယ်လို့ ဆိုပါတယ်။ အီမန်ကို လာမယ့် သီတင်းပတ်အနည်းင်ယ်အတွင်း ခွဲစိတ်ကုသနိုင်မယ်လို့ ဆရာဝန်တွေက မျှော်လင့်ထားကြောင်း သိရပါတယ်။ အီမန်တို့မိသားစုဟာ ညီအစ်မနှစ်ဦးနဲ့ မိခင်သာရှိပြီး ဖခင်ဖြစ်သူမှာ သူမတို့ငယ်စဉ်ကတည်းက သေဆုံးခဲ့တာ ဖြစ်ပါတယ်။ 

      
Shareလုပ်ပြီးအမှတ်များရယူပါ
0 Aavapoints

Trending:

ကမ္ဘာ့အချောဆုံး အကျဉ်းသား

ကုသိုလ်ကံကတော့
more

Khwarnyo

Share  382 Views

ကမ္ဘာ့ အလျို့ဝှက်ဆုံးနေရာ (သို့) AREA51 …!

Area51 ဆိုတာ လျို့ဝှက်ချက်တွေနဲ့
more

icecream

Share  578 Views