ဒုတိယကမ္ဘာစစ်အတွင်း ဟစ်တလာသုံးခဲ့တဲ့ တယ်လီဖုန်းကို လေလံတင်ရောင်းချမည်

Trending & NEW
20/02/2017
434 views
ဟစ်တလာရဲ့အမည် ရေးထိုးထားတဲ့ အနီရောင်ဖုန်းကို ဘာလင်မြို့ရှိ ၎င်းခိုအောင်းနေထိုင်ခဲ့ရာ ကတုတ်ကျင်းမှာ တွေ့ရှိခဲ့ပါတယ်။

လေလံတင်ရောင်းချမယ့် ဟစ်တလာရဲ့ တယ်လီဖုန်း

ဒုတိယကမ္ဘာစစ်ကာလအတွင်း နာဇီခေါင်းဆောင် အဒေါ့ဖ်ဟစ်တလာ (Adolf Hitler) အသုံးပြုခဲ့တဲ့ တယ်လီဖုန်းကို အမေရိကန်မှာ လေလံတင်သွားမယ်လို့ သိရပါတယ်။ ဟစ်တလာရဲ့အမည် ရေးထိုးထားတဲ့ အနီရောင်ဖုန်းကို ၁၉၄၅ ခုနှစ်က ဘာလင်မြို့ရှိ ၎င်းခိုအောင်းနေထိုင်ခဲ့ရာ ကတုတ်ကျင်းမှာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ Alexander Historical Auctions လေလေံကုမ္ပဏီက အမေရိကန်နိုင်ငံ မာရီလန်းပြည်နယ် ချက်စပိခ်မြို့မှာ လေလံပွဲပြုလုပ်မှာဖြစ်ပြီး ကြမ်းခင်းဈေး အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ ဖြင့် စတင်သွားမယ်လို့ သိရပါတယ်။

ဟစ်တလာရဲ့ဖုန်းကို ယခုသီတင်းပတ်ကုန်မှာ လေလံတင်မှာဖြစ်ပြီး ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၃၀၀,၀၀၀ အထိ ရနိုင်ကြောင်း ခန့်မှန်ထားပါတယ်။ လေလံကုမ္ပဏီမှ တာဝန်ရှိသူ ဘီလ်ပန်နာဂိုပူလော့စ်က ယခု လေ့လံတင်မယ့် တယ်လီဖုန်းဟာ လူပေါင်းများစွာ သေဆုံးစေခဲ့တဲ့ ဖျက်အားပြင်းလက်နက်တစ်ခုဖြစ်ကြောင်းနဲ့ ဟစ်တလာက အဆိုပါဖုန်းဖြင့် အရေကြီးအမိန့်တွေကို ညွှန်ကြားခဲ့ကြောင်း ပြောပါတယ်။ အဆိုပါဖုန်းဟာ မူလက အနက်ရောင်ဖြစ်ပြီး အနီရောင်အဖြစ် ဆေးခြယ်ခဲ့ကာ ဟစ်တလာအမည် ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

ဒုတိယကမ္ဘာစ်မှာ ဂျာမနီ ရှုံးနိမ့်ခဲ့ပြီးနောက် ဟစ်တလာရဲ့ ကတုတ်ကျင်းအတွင်းသို့ ရောက်ရှိခဲ့သူ ဗြိတိန်ဗိုလ်မှူးချုပ် Sir Ralph ကို ရုရှားအရာရှိတွေက တယ်လီဖုန်းအား လက်ဆောင်အဖြစ် ပေးခဲ့ပါတယ်။ ဗိုလ်မှူးချုပ် Sir Ralph ရဲ့ သားဖြစ်သူ Ranulf က အဆိုပါ တယ်လီဖုန်းကို ပြန်ရောင်းခဲ့တာ ဖြစ်ပါတယ်။
 
             
Shareလုပ်ပြီးအမှတ်များရယူပါ
0 Aavapoints

Trending:

ကမ္ဘာ့အချောဆုံး အကျဉ်းသား

ကုသိုလ်ကံကတော့
more

Khwarnyo

Share  387 Views

ကမ္ဘာ့ အလျို့ဝှက်ဆုံးနေရာ (သို့) AREA51 …!

Area51 ဆိုတာ လျို့ဝှက်ချက်တွေနဲ့
more

icecream

Share  583 Views