ရုပ်​ရှင်​မင်းသား​နောင်​​နောင်​မူးယစ်​​ဆေးဝါးဖြင့်​ဖမ်းမိ

Trending & NEW
19/02/2017
493 views
 "ရုပ်ရှင်သရုပ်ဆောင် နောင်နောင်ကို မူးယစ်ဆေးများဖြင့် ဖမ်းမိ"
----- ----- -----

အကယ်ဒမီဆုရရှိတဲ့နှစ် ၂၀၁၁ခုနှစ် 
ကားနာမည် ထာဝရအလင်းတန်းများ
အဓိကဇာတ်​​ဆောင်​ဆုကိုစွတ်​ခူးထားသူ​နောင်​​နောင်​ဟာမူးယစ်​​ဆေးဝါးဖြင့်​ ဖမ်းဆီး မိ​ကြောင်းသိရပါတယ်​...

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဆုရ မင်းသား နောင်နောင် ကို စိတ်ကြွမူးယစ်ဆေးဝါးတွေနဲ့အတူ မူးယစ်ရဲက ဖမ်းမိလို့ မန္တလေးမြို့၊ အမှတ် ၆ နယ်မြေရဲစခန်းမှာ အမှုဖွင့် အရေးယူလိုက်ပါတယ်။

ဒီနေ့မနက် ၁၀ နာရီခွဲလောက်မှာ မူးယစ်တပ်ဖွဲ့က ဖမ်းမိတာဖြစ်ပြီး အမှတ် ၆ စခန်းမှာ အမှုဖွင့်ဖို့ လုပ်နေတယ်လို့ အမှတ်၆ နယ်မြေရဲစခန်းမှူးက ​ပြောပါတယ်

လောလောဆယ် စခန်းကမှာတော့ ရောက်နေတယ်၊ အမှု မဖွင့်ရသေးဘူး၊ ဖွင့်ဖို့ အဆင်သင့် ပြင်နေပါတယ်၊ မူးယစ်ေ​ဆးမိတာ။

နောင်နောင် ခေါ် ဇော်မျိုးနောင် ရဲ့ အိပ်ခန်းခြေရင်းရှိ အစိမ်းရောင်သံသေတ္တာအတွင်းကနေ အိုက်စ် ၀.၈ ဂရမ်ခန့်ပါ ၁ ဘူး၊ ပန်းရောင်စိတ်ကြွဆေးပြား ၁၄၀၊ ဘိန်းဖြူလို့ ယူဆရတဲ့ ဖြူဝါရောင်အမှုန့် ၂ဂ ရမ်ပါ ၁ ဘူး တို့နဲ့အတူ ဖမ်းမိတာ ဖြစ်ပါတယ်။

နောင်နောင်ဟာ မန္တလေးက ရုပ်ရှင်ထုတ်လုပ်သူ ဦးဇော်မြင့်ရဲ့ သားဖြစ်ပြီး သူ ပထမဆုံးရိုက်တဲ့ ဇာတ်ကား ထာဝရအလင်းတန်းနဲ့ အကယ်ဒမီ ဆွတ်ခူးထားသူ ဖြစ်ပါတယ်။
 
၁၈ရက်​.​ဖေ​ဖေါ်ဝါရီ လ.၂၀၁၇မနက်​၁၀နာရီ.


  

            
Shareလုပ်ပြီးအမှတ်များရယူပါ
0 Aavapoints

Trending:

ကမ္ဘာ့အချောဆုံး အကျဉ်းသား

ကုသိုလ်ကံကတော့
more

Khwarnyo

Share  382 Views

ဘဲဥ​တော့ဘဲဥပဲ ဒါပေမယ့်ဆားဘဲဥ

   ဆေးဘဲဥကိုပဲ လူတွေက
more

Thomas

1 Share  645 Views

Interior Designersများအတွက်​အသုံးဝင်​မဲ့app

သင်ကဒီဇိုင်းမှဒီဇိုင်းပြဲဖစ်နေလား?စာတွေဖတ်နေရတာရောပျင်းနေပြီလား?
more

Thomas

1 Share  389 Views