ရတနာပုံအသင်းကို ၂၀၂၀ခုနှစ်တွင် အများပိုင်အဖြစ် ပြောင်းလဲမည်

Trending & NEW
18/02/2017
426 views

မြန်မာလိဂ်ကလပ် အသင်းတစ်သင်းဖြစ်တဲ့ ရတနာပုံအသင်းကို အများပိုင်အဖြစ် လာမယ့် ၂၀၂၀ ခုနှစ်မှာ ပြင်ဆင်ဖွဲ့စည်းသွားမယ်လို့ အသင်းပိုင်ရှင် ဒေါက်တာစိုင်းဆမ်ထွန်းက ပြောလိုက်ပါတယ်။
‘‘မန္တလေးက စီးပွားရေးလုပ် ငန်းရှင်တွေကို ရောင်းချမယ့် သတင်းက ကောလာဟလဖြစ်ပါတယ်။ အခုအချိန်ထိ ရတနာပုံ အသင်းကို ထောက်ပံ့ပေးလာတာလည်း နှစ်ကမနည်းတော့ပါဘူး။ ကိုယ့်အိတ်ထဲကပဲ စိုက်ထုတ်ပြီး သုံးစွဲနေရတာပါ။ ဒါပေမဲ့ လာမယ့် ၂၀၂၀ လောက်ဆိုရင်တော့ အများပိုင်အဖြစ် ပြောင်းလဲဖွဲ့ စည်းဖြစ်မှာပါ’’လို့ ဒေါက်တာစိုင်းဆမ်ထွန်းက ပြောကြားခဲ့ပါတယ်။

ရတနာပုံအသင်းရဲ့ မူဝါဒအရ ပြည်ပကစားသမားခေါ်ယူတာတွေ လျှော့ချမှာဖြစ်ပေမယ့် ဒီနှစ်မှာ အာရှချန်ပီယံလိဂ်နဲ့ အေအက်ဖ်စီဖလားပြိုင်ပွဲတွေကြောင့် နိုင်ငံခြားကစားသမား လေးဦးခေါ်ယူဖို့ ပြင်ဆင်ခဲ့ပေမယ့် ညှိနှိုင်းမှုအဆင်မပြေလို့ တစ်ဦးတည်းပဲ ခေါ်ယူခဲ့တယ်လို့ ဆိုပါတယ်။
ရတနာပုံအသင်းက အာရှချန်ပီယံခြေစစ်ပွဲ ဒုတိယအဆင့်မှာ ထိုင်းကလပ် ဆူခွန်ထိုင်းအသင်းကို ငါးဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီး အေအက်ဖ်စီဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

‘‘AFC Cup ပြိုင်ပွဲမှာ ရလဒ်ကောင်းရရှိမယ်လို့ ယုံကြည်ထားပါတယ်။ ဒါပေမဲ့ ဘယ်အဆင့်အထိ ရောက်နိုင်မယ်ဆိုတာတော့ မပြောတက်ဘူး’’လို့ ဒေါက်တာစိုင်းဆမ်ထွန်းက ပြောပါတယ်။
ရတနာပုံအသင်းက ၂၀၁၇ အေအက်ဖ်စီဖလားပြိုင်ပွဲရဲ့ အုပ်စု(ဇ)ထဲမှာ ဗီယက်နမ်ကလပ် Than Quang Ninh၊ စင်ကာပူကလပ် Home United တို့နဲ့ ကျရောက်နေပါတယ်။ မန္တလေးတိုင်းကိုယ်စားပြု ရတနာပုံအသင်းက ကျင်းပပြီးစီးခဲ့တဲ့ မြန်မာလိဂ်ပြိုင်ပွဲ ရှစ်ကြိမ်မှာ ချန်ပီယံဆု လေးကြိမ်ရရှိထားတဲ့ အသင်းတစ်သင်းလည်းဖြစ်ပါတယ်။
 
Photos : Yadanarponfc,mff      
Shareလုပ်ပြီးအမှတ်များရယူပါ
0 Aavapoints
Aavashare Mym 18/02/2017 at 12:39 PM

👍👍👍

Trending:

ကမ္ဘာ့အချောဆုံး အကျဉ်းသား

ကုသိုလ်ကံကတော့
more

Khwarnyo

Share  387 Views

ကမ္ဘာ့ အလျို့ဝှက်ဆုံးနေရာ (သို့) AREA51 …!

Area51 ဆိုတာ လျို့ဝှက်ချက်တွေနဲ့
more

icecream

Share  584 Views