ရွှေတိဂုံစေတီတော်တွေ အလှူငွေကျပ်ဆယ်သိန်းတိတိလှူဒါန်းခဲ့တဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ အင်ဖန်တီနို

Trending & NEW
18/02/2017
156 views
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ အင်ဖန်တီနိုဟာ ဒီကနေ့ ရွှေတိဂုံစေတီကိုသွားရောက်ဖူးမြော်ခဲ့ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်နဲ့အတူ ရွှေတိဂုံဘုရားသွားရောက်ဖူးမျှော်ခဲ့တဲ့ ဖီဖာဥက္ကဌ အမျိုးသားဘောလုံးအကယ်ဒမီ (ရန်ကုန်) ဖွင့်ပွဲ အခမ်းအနား တက်ရောက်ဖို့ မြန်မာနိုင်ငံ ရောက်ရှိနေတဲ့ အင်ဖန်တီနိုဟာ ရွှေတိဂုံဘုရားမှာ အလှူငွေကျပ်ဆယ်သိန်း လှူဒါန်းခဲ့ကြောင်း သိရပါတယ်။ ဥက္ကဌ အင်ဖန်တီနိုဟာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ (ယနေ့)မနက် အစောပိုင်းမှာ ရန်ကုန်လေဆိပ်ကို ရောက်ရှိလာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီနောက် နေ့လည်ပိုင်းမှာ ရွှေတိဂုံစေတီကို သွားရောက်ဖူးမျှော်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ရွှေတိဂုံစေတီမှာ ဖီဖာဥက္ကဌ အင်ဖန်တီနိုက သူ့ရဲ့မွေးနေ့ထောင့်ဖြစ်တဲ့ တနင်္လာထောင့်မှာ ရေသပ္ပါယ်ခဲ့ပြီး အောင်မြေနင်းကာ အလှူငွေလှူဒါန်းခဲ့တာဖြစ်တယ်လို့ 7Day TV သတင်းဌနာက ဖော်ပြထားပါတယ်။ အင်ဖန်တီနိုဟာ ဖီဖာဥက္ကဌအဖြစ် ရွေးကောက်ခံရပြီးနောက်ပိုင်း မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် ရောက်ရှိလာတာဖြစ်ပါတယ်။

အမျိုးသားဘောလုံးအကယ်ဒမီ (ရန်ကုန်) ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၇ ရက်နေ့က ကျင်းပခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အမျိုးသားဘောလုံးအကယ်ဒမီဟာမြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ရုံးအနီး ဝေဇယန္တာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်မှာ တည်ရှိတာဖြစ်ပါတယ်။အင်ဖန်တီနိုမတိုင်ခင်က ဖီဖာဥက္ကဌဟောင်းတစ်ဦးဖြစ်တဲ့ ဘလ္လတာ လာရောက်ခဲ့ဖူးပြီး အဲဒီတုန်းက မန္တလေးဘောလုံးအကယ်ဒမီဖွင့်ပွဲအခမ်းအနားကို တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။

ဖီဖာဥက္ကဌသစ် အင်ဖန်တီနိုလက်ထက်မှာ ကမ္ဘာ့ဖလား ပြိုင်ပွဲကို အသင်းအရေအတွက် တိုးပွားလာအောင် အတည်ပြုပေးနိုင်ဖို့ ကြိုးပမ်းလျှက်ရှိကြောင်း သိရပါတယ်။ ဆွစ်ဇာလန်နိုင်ငံသားဖြစ်တဲ့ အင်ဖန်တီနိုဟာ ဖီဖာကော်မတီအဖွဲ့ဝင်အဖြစ်ကနေ ယူအီးအက်ဖ်အေရဲ့ ထောက်ခံမှုနဲ့ ဖီဖာဥက္ကဌအဖြစ် ရွေးကောက်တင်မြှောက်ခံရသူ ဖြစ်လာတာပါ။

Photos : Myanmar Football Federation
          
Shareလုပ်ပြီးအမှတ်များရယူပါ
0 Aavapoints

Trending:

ကမ္ဘာ့အချောဆုံး အကျဉ်းသား

ကုသိုလ်ကံကတော့
more

Khwarnyo

Share  387 Views

ကမ္ဘာ့ အလျို့ဝှက်ဆုံးနေရာ (သို့) AREA51 …!

Area51 ဆိုတာ လျို့ဝှက်ချက်တွေနဲ့
more

icecream

Share  583 Views