ကျိုက်ထီးရိုး ရင်ပြင်တော်မှာ အလှူခံတဲ့ ရဟန်းနဲ့ သီလရှင်တွေကို လူဝတ်လဲအရေးယူ

Trending & NEW
15/02/2017
220 views
 
ကျိုက်ထီးရိုးစေတီ ရင်ပြင်တော်ပေါ်မှာ ဘုရားဖူးတွေဆီက အလှူခံတဲ့ ရဟန်း ၅၁ ပါးနဲ့ သီလရှင်နှစ်ပါးကို ဖေဖော်ဝါရီ ၁၄ ရက်က အရေးယူခဲ့တယ်လို့ သိရပါတယ်။
ဂေါပကအသစ်လက်ထက်မှာ   ရဟန်း၊ သံဃာတွေနဲ့ မည်သည့်ပုဂ္ဂိုလ်ကိုမျှ   အလှူမခံဖို့  ထုတ်ပြန်ထားပြီး အလှူခံရဟန်းတွေ တွေ့ရှိတာကြောင့် ဂေါပကအဖွဲ့တွေ၊ ကျိုက်ထိုမြို့နယ် သံဃနာယကအဖွဲ့၊ ကျိုက်ထိုမြို့နယ် သာသနာရေးဦးစီးမှူး၊ ကင်မွန်းချောင်းကျေးရွာ အုပ်ချုပ်ရေးအဖွဲ့နဲ့ နယ်မြေခံ ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး သံဃာတော် ၅၁ ပါးနဲ့ သီလရှင်နှစ်ပါးကို လူဝတ်လဲခဲ့တာ ဖြစ်ပါတယ်။
 
ကလေးတွေကို သင်္ကန်းပေးပတ်ပြီ ကျိုက်ထီးရိုးတောင်ပေါ်မှာအလှူခံခိုင်းတယ်။ ကိုရင်တွေကိုမေးကြည့်တော့ သင်္ကန်းဘယ်သူဝတ်ပေးလဲ အဖေဝတ်ပေးတယ်တဲ့ နောက်တစ်ဦးက အမေဝတ်ပေးတယ်တဲ့ ပြီးတော့ဆွမ်းခံကြွခိုင်းတယ်။ရတဲ့ငွေကို အဖေအမေတွေက သိမ်းတယ်တဲ့။ သာသနာတော်ကိုခုတုံးလုပ် ပြီးလုပ်စားနေကြတာ ခုတော့ ခေါ်ယူစစ်ဆေးနေပါပြီ။

ခု ခေါ်ယူစစ်ဆေးတာ အပါး၅၀ကျော်ပဲရှိသေးတယ်။ လေးပုံတစ်ပုံစာပဲရှိပါသေးတယ်။ နောင်လည်းရှောင်တခင်ဝင်းရောက်စစ်ဆေးဦးပါမည်။ အလှူခံခိုင်းတဲ့ဂိုဏ်းချုပ်ဘုန်းကြီးလည်းရှိပါသေးတယ်။ တစ်နေ့ကို၎င်း ဘုန်းကြီးထံ ကိုရင်က ၁၅၀၀ ကျပ်နှင့်ရဟန်းက ၂၀၀၀ကျပ်ပေးဆောင်ကာ ကျောင်းတိုက်မှာ နေပြီးအလှူခံခွင့်ပေးထားပါတယ်။     
Shareလုပ်ပြီးအမှတ်များရယူပါ
0 Aavapoints

Trending:

ကမ္ဘာ့အချောဆုံး အကျဉ်းသား

ကုသိုလ်ကံကတော့
more

Khwarnyo

Share  387 Views

ကမ္ဘာ့ အလျို့ဝှက်ဆုံးနေရာ (သို့) AREA51 …!

Area51 ဆိုတာ လျို့ဝှက်ချက်တွေနဲ့
more

icecream

Share  584 Views