မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ရဲ့အစ်ကိုကင်မ်ဂျုံနမ် မလေးရှားလေဆိပ်တွင် လုပ်ကြံသတ်ဖြတ်ခံရ

Trending & NEW
15/02/2017
158 views
ကင်မ်ဂျုံနမ်ဟာ ကွယ်လွန်သူ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအီလ်နဲ့ တောင်ကိုရီးယားဖွား မင်းသမီးတို့ရဲ့သား ဖြစ်ပါတယ်။ ကင်မ်ဂျုံအီလ်နှင့်အတူ ငယ်စဉ်ကတွေ့ရသည့် ကင်မ်ဂျုံနမ်။


မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) နဲ့ အဖေတူအမေကွဲ ညီအစ်ကိုတော်စပ်သူ ကင်မ်ဂျုံနမ်ဟာ မလေးရှားနိုင်ငံမှာ ဖေဖေါ်ဝါရီ ၁၃ ရက်က လုပ်ကြံသတ်ဖြတ်ခံရပြီး သေဆုံးခဲ့ကြောင်း ယွန်ဟပ်သတင်းဌာနက ယနေ့ (ဖေဖေါ်ဝါရီ ၁၄ ရက်) ဖော်ပြပါတယ်။ ယွန်ဟပ်က တောင်ကိုရီးယားအစိုးရ သတင်းရင်းမြစ်ကို ကိုးကားပြီး ယခုသတင်းကို ဖော်ပြခဲ့တာလည်း ဖြစ်ပါတယ်။ မလေးရှားမှာ သေဆုံးခဲ့တဲ့ ကင်မ်ဂျုံနမ် (Kim Jong Nam) ဟာ ကွယ်လွန်သူ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအီလ်ရဲ့ သားအကြီးဆုံးဖြစ်ပြီး လက်ရှိခေါင်းဆောင် ကင်မ်ဂျုံအန်နဲ့ အဖေတူအမေကွဲ ညီအစ်ကိုတော်စပ်ပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူ နိုင်ငံတကာလေဆိပ်မှ ရဲတပ်ဖွဲ့အကြီးအကဲ အဗ္ဗဒူလ်အဇစ်အလီက ဖေဖေါ်ဝါရီ ၁၃ ရက်က လေဆိပ်မှာ အသက် ၄၀ ကျော်အရွယ် ကိုရီးယားလူမျိုးတစ်ဦး နေမကောင်းဖြစ်နေတာ တွေ့ခဲ့ရကြောင်း ပြောပါတယ်။ မလေးရှားအစိုးရက ကင်မ်ဂျုံနမ်ဟာ ကွာလာလမ်ပူလေဆိပ်မှာ ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်ခံခဲ့ရကြောင်း အတည်ပြု ပြောကြားပါတယ်။ ၎င်းရဲ့အလောင်းကို ရင်ခွဲစစ်ဆေးမှု လုပ်ဆောင်နေကြောင်းလည်း မလေးရှားဝန်ကြီးချုပ်ရုံးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ကို ကိုးကားပြီး ဘီဘီစီက ဖော်ပြထားပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်၏ အဖေတူအမေကွဲ အစ်တို ကင်မ်ဂျုံနမ်

ကင်မ်ဂျုံနမ်ဟာ မကာအိုသို့သွားရောက်ရန် ကွာလာလမ်ပူ နိုင်ငံတကာလေဆိပ်မှာ လေယာဉ်စောင့်ဆိုင်းနေစဉ် ဒေသစံတော်ချိန် မနက် ၉ နာရီဝန်းကျင်မှာ လုပ်ကြံသတ်ဖြတ်ခံရတာဖြစ်ပြီး မည်သို့ လုပ်ကြံသတ်ဖြတ်ခံရကြောင်း အတိအကျ မသိရသေးဘဲ သတင်းများ ကွဲလွဲထွက်ပေါ်နေပါတယ်။ ကင်မ်ဂျုံနမ်ကို ကွာလာလမ်ပူလေဆိပ်မှာ မြောက်ကိုရီးယားဖြစ်ဖွယ်ရှိတဲ့ အမျိုးသမီးနှစ်ဦးက အဆိပ်အပ်ထိုးသွင်း သတ်ဖြတ်ခဲ့ကြောင်း သတင်းများထွက်ပေါ်နေပါတယ်။
အခြား သတင်းများကလည်း အမျိုးသမီးတစ်ဦးက ကင်မ်ဂျုံနမ်ရဲ့မျက်နှာကို အရည်တစ်မျိုးဆွတ်ထားတဲ့ အဝတ်ဖြင့်ဖုံးအုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အမေရိကန်ကတော့ ကင်မ်ဂျုံနမ် လုပ်ကြံခံရမှုဟာ မြောက်ကိုရီးယားလက်ချက်ဖြစ်ကြောင်း ယုံကြည်ထားတယ်လို့ ဆိုပါတယ်။ ကင်မ်ဂျုံနမ် လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး တောင်ကိုရီးယား ဝန်ကြီးချုပ်က အမျိုးသားလုံခြုံရေးကောင်စီ အစည်းအဝေးတစ်ရပ်ကို ဖေဖေါ်ဝါရီ ၁၅ ရက်မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
 
          
Shareလုပ်ပြီးအမှတ်များရယူပါ
0 Aavapoints

Trending:

ကမ္ဘာ့အချောဆုံး အကျဉ်းသား

ကုသိုလ်ကံကတော့
more

Khwarnyo

Share  386 Views

ကမ္ဘာ့ အလျို့ဝှက်ဆုံးနေရာ (သို့) AREA51 …!

Area51 ဆိုတာ လျို့ဝှက်ချက်တွေနဲ့
more

icecream

Share  583 Views