ရဲတပ်ကြပ်ကို သေအောင်ကားနဲ့ တိုက်သတ်ခဲ့သူကို လူသတ်မှုနဲ့ပြောင်းလဲအမှုဖွင့်

Trending & NEW
15/02/2017
397 views
လူသတ်ဖို့ ကြိုတင်ကြံစည်မှုနဲ့ ပြောင်းလဲအရေးယူခဲ့တာ ဖြစ်ပါတယ်။  

လမ်းဘေးမှာဆူညံနေတဲ့ အရက်ဝိုင်းကို သွားရောက်ထိမ်းသိမ်းပြီး လှည့်ကင်းလှည့်နေတဲ့ ရဲတပ်ကြပ်ကို စူပါကာစတန်ကားနဲ့ နောက်ကတိုက်လိုက်ခဲ့တဲ့သူကို လူသတ်မှုနဲ့မြောက်ဥက္ကလာရဲစခန်းက ပြောင်းလဲအမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၁၃ ရက် မနက် ၂ နာရီလောက်က မြောက်ဥက္ကလာပမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တွေက မေဓါဝီလမ်းမကြီးနဲ့ ၀ဇီရာလမ်းဆုံနားမှာ လှည့်ကင်းတာဝန်ထမ်းဆောင်နေတုန်းမှာဇော်သန့်ဆိုသူက စူပါကာစတန်ကားနဲ့ လှည့်ကင်းယာဉ်တန်းရဲ့ နောက်ဆုံးကနေလိုက်ပါလာတဲ့ ရဲတပ်ကြပ် ညီညီထွေးရဲ့ဆိုင်ကယ်ကို ၀င်တိုက်ပြီးထွက်ပြေးခဲ့တာပါ။
 
အခင်းစတင်ဖြစ်ပွားပြီးချိန်တုန်းကတော့  ရဲတပ်ကြပ်ကို ကားနဲ့တိုက်ပြီးထွက်ပြေးသွားတဲ့ ယာဉ်မောင်းကို မြောက်ဥက္ကလာပမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)/၂၇၉/၂၀၂ နဲ့  အမှုဖွင့်အရေးယူထားပေမယ့် ဇော်သန့်နဲ့အတူ အရက်သောက်နေတဲ့ ဥာဏ်လင်းနဲ့ ထက်ကျော်တို့ကို စစ်ဆေးရာမှာ ယာဉ်မောင်းဇော်သန့် အရက်သာက်နေတာကို ပြန်ကြဖို့ပြောဆိုတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ကားနဲ့လိုက်တိုက်သတ်မယ်လို့ ပြောခဲ့တာကြောင့် လူသတ်ဖို့ ကြိုတင်ကြံစည်မှုနဲ့ ပုဒ်မ ၃၀၂/၃၃၃/၂၇၉/၂၀၂ နဲ့ ပြောင်းလဲအရေးယူခဲ့တာ ဖြစ်ပါတယ်။
 
မြောက်ဥက္ကလာပရဲစခန်းက အမှုအခင်းဖြစ်ချိန်မှာ သက်သေအထောက်အထား အပြည့်အစုံမရရှိသေးလို့  ယာဉ်မတော်တဆမှုနဲ့ ကနဦးရေးဖွင့်ခဲ့တာဖြစ်ပြီး တရားခံက ရည်ရွယ်ချက်ရှိရှိနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို မော်တော်ယာဉ်နဲ့ လိုက်လံတိုက်သတ်ခဲ့တာကို စုံစမ်းစစ်ဆေးပေါ်ပေါက်ခဲ့လို့ လူသတ်မှုနဲ့ ပြောင်းလဲရေးဖွင့်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
 
       
Shareလုပ်ပြီးအမှတ်များရယူပါ
0 Aavapoints

Trending:

ကမ္ဘာ့အချောဆုံး အကျဉ်းသား

ကုသိုလ်ကံကတော့
more

Khwarnyo

Share  387 Views

ကမ္ဘာ့ အလျို့ဝှက်ဆုံးနေရာ (သို့) AREA51 …!

Area51 ဆိုတာ လျို့ဝှက်ချက်တွေနဲ့
more

icecream

Share  584 Views