တိုက်ပေါ်မှာ့စွန့်ပစ်ခံရသည့် ကလေးငယ်နာရီပိုင်းအကြာတွင် သေဆုံးခဲ့

Trending & NEW
14/02/2017
405 views
ဖေဖော်ဝါရီလ ၁၂ ရက် မွန်းလွဲပိုင်းက တာမွေမြို့နယ်ဌေးကြွယ်(က) ရပ်ကွက်၊ဇာတိကလမ်းနဲ့ ဇဋိလလမ်းတိုက်နှစ်လုံးကြားမှာ စွန့်ပစ်ခံထားရတဲ့ မွေးကင်းစ ကလေးငယ်လေးဟာဆေးရုံတင်လိုက်ပြီး နာရီပိုင်းအကြာမှာပဲ သေဆုံးသွားခဲ့တယ်လို့ တာမွေမြို့မရဲစခန်းကနေ သိရပါတယ်။

အဆိုပါ ကလေးငယ်လေးကို တာမွေမြို့နယ် ဌေးကြွယ်(က)ရပ်ကွက်က ဇောတိကလမ်းထောင့်က တိုက်နှစ်လုံးကြားမှာ ဦးခေါင်းထိပ်ပွန်းပဲ့ ဒဏ်ရာတွေနဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ နေ့လည် ၂ နာရီခွဲလောက်မှာတွေ့ရှိခဲ့တာ ဖြစ်ပြီး ရန်ကင်းကလေးဆေးရုံကြီးကို တင်ပို့ကုသခဲ့ပေမယ့် ည ၈ နာရီကျော်လောက်မှာ အသက်ဆုံးရူံးခဲ့တယ်လို့ တာမွေမြို့မရဲစခန်းမှ ဒုရဲမှူး သန်းမော်က ပြောပါတယ်။

“ကလေးကိုတိုက်ပေါ်ကပစ်ချတယ်ပြောနေကြတာ။ မျက်မြင်တွေ့လားဆိုတော့လည်း တစ်ယောက်မှမတွေ့ ကြပါဘူး။ ခုဆုံးသွားတဲ့ ဆေးစစ်ချက်ကတော့ ဦးခေါင်းထဲသွေးခဲ တယ်လို့သိရတယ်“လို့ ဒုရဲမှူး သန်းမော်က ပြောပါတယ်။

သေဆုံးသူကလေးငယ်က မိန်းကလေးဖြစ်ပြီး လက်ရှိအချိန်ထိ မိဘတွေကို ရှာဖွေနေဆဲဖြစ်ကာ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တာမွေမြို့မရဲစခန်းက မွေးကင်းစကလေးစွန့်ပစ်မှု ပုဒ်မ ၃၁၇ နဲ့အမှုဖွင့် ထားတယ်လို့ သိရပါတယ်။
 
       
Shareလုပ်ပြီးအမှတ်များရယူပါ
0 Aavapoints
Aavashare Mym 15/02/2017 at 10:36 AM

Dear Blogger, Thank you for sharing this new story with us. We received feedback about the images in this blog. We need to respect the victim and their family in such sad time, and not to publicize their tragedy. As such we kindly request you to change or edit the photo. Once again thank you for Blogging with Aavashare, we cherish your contribution.

Trending:

ကမ္ဘာ့အချောဆုံး အကျဉ်းသား

ကုသိုလ်ကံကတော့
more

Khwarnyo

Share  387 Views

ကမ္ဘာ့ အလျို့ဝှက်ဆုံးနေရာ (သို့) AREA51 …!

Area51 ဆိုတာ လျို့ဝှက်ချက်တွေနဲ့
more

icecream

Share  584 Views