Junction City ကို Online က အရင်သွားလည်ကြမယ် ( Finale )

Travels & Holidays
01/05/2017
521 views
နားပြီးပြီးဆိုတော့ ဆက်လည်ကြမယ်လေ … တို့တွေ ရှေ့ နှစ်ပိုင်းမှာလည်ခဲ့တာ ၃လွှာထိစုံပြီနော် ။
ဒီနေ့တော့ ၄ လွှာနဲ့ ၅ လွှာကဆိုင်တွေဆီသွားကြည့်ကြရအောင် …
 
Junction City 4th  Floor
 
Junction City ရဲ့ ၄ လွှာကတော့ ဖေဖေ မေမေ တွေရဲ့ခြေရာတွေထပ်နေမယ့်နေရာပါပဲ ။ ကလေးပစ္စည်းရောင်းတဲ့
ဆိုင်တွေကိုအများဆုံးတွေ့ရပါတယ် ။ အရုပ်တွေ ၊ ကလေးပစ္စည်းအစုံအလင်ရရှိနိုင်တဲ့ဆိုင်တွေ အပြင်
Kidzon ကလေးကစားကွင်းလဲ ဒီအလွှာမှာရှိပါတယ် ။

   

ကလေးတွေသဘောကျမယ့်ဆိုင်လေးတစ်ဆိုင်ကတော့
Global Art ဆိုတဲ့နေရာလေးပါ ။ အဲဒီမှာကလေးအတွက် ဥာဏ်ရည်ကိုအထောက်အကူပြုမယ့်ကစားနည်းလေးတွေမျိုးစုံရှိပါတယ် ။

   

   

Junction City ၄ လွှာရဲ့ ထူးခြားချက်ကတော့ အနောက်တိုင်းမှာခေတ်စားတဲ့ ကလေး IQ မြင့်တက်အောင်
လေ့ကျင့်ပေးတဲ့ပစ္စည်း ကစားစရာ မျိုးစုံကို စုံစုံလင်လင်တွေ့နိုင်တာပါပဲ ။ ကလေးကို ကလေးကစားကွင်းထဲထည့်ပြီး အိမ်အတွက်ဈေးဝယ်မယ်ဆို ဒီတစ်လွှာထဲမှာရှိတဲ့ Marketplace ကိုနီးနီးနားနားသွားရုံပါပဲ ။

   

ဂျပန်လူသုံးပစ္စည်းရောင်းတဲ့ဆိုင်ကြီးကလဲ ဖေဖေ မေမေ တို့အတွက်ရွေးစရာတစ်ပုံကြီး ။

   

နောက် သိဂီရွှေဝါ ပိုးထည်တိုက် နီလာပိုးထည် သဇင်နွယ်ပိုးထည် နတ်ပန်းချီပိုးထည် စသည်ဖြင့် ပိုးထည်တိုက်တွေကလဲ တန်းစီပြီးရှိနေသေးပြန်ရော ။

   

Sumsang , Oppo , Sony , Smart com mobile စတဲ့ ဖုန်းဆိုင်တွေလဲရှိသေးပါတယ် ။

   

စားသောက်ဆိုင် … သေချာတာပေါ့ …
Junction City ရဲ့ ထူးခြားချက်က အထပ်တိုင်းမှာ စားသောက်ဆိုင်တွေရှိနေတာပဲလေ …
ဒီအထပ်မှာလဲ စားလို့ကောင်းမယ့် စားသောက်ဆိုင်တွေရှိနေပါတယ် ။ ရွှေကောင်း ဟော့ပေါ့ ၊ Café Amazon ၊ Sorabol Japan Restaurant ၊ Chattime ၊ Pizza Hut ပီဇာဆိုင်တွေက ဒီအထပ်မှာရှိတာပါ ။
Discount တွေလဲရှိတော့ ရှယ်ပဲပေါ့ ။ ဖေဖေ မေမေ တို့အတွက် အကုန်ပြည့်စုံတဲ့ အလွှာလေးလို့မြင်မိပါတယ် ။
 
   

Junction City 5th Floor
ကိုယ့်အကြိုက်ဆုံးအလွှာလေးကိုရောက်ပါပြီ ။
အပေါ်ဆုံးထပ်ရောက်တာနဲ့ ပထမဆုံးသတိထားမိတာက အရမ်းမွှေးတဲ့ပေါက်ပေါက်ဆုပ်ရနံ့ပါ ။
ရုပ်ရှင်ရုံကလာတဲ့ ရနံ့ပေါ့ ။ ဒီကရောင်းတဲ့ ပေါက်ပေါက်ဆုပ်ဟာ ကြီးလဲကြီးပြီး ချိုမွှေးနေရော …
စားကောင်းလို့ ပေါက်ပေါက်ကြိုက်တဲ့သူတွေ မြည်းစမ်းကြည့်ဖို့ အကြံပြုပါရစေ … ကိုယ်တွေကတော့
ရုပ်ရှင်မကြည့်ဖြစ်ပေမယ့် ပေါက်ပေါက်တော့ တကူးတကသွားဝယ်စားခဲ့တယ်လေ ။


ဒီအထပ်မှာတော့ ရုပ်ရှင်ရုံ ပြီးတော့ နောက်ထပ်ဆိုင်တွေက စားသောက်ဆိုင်တွေချည်းပါပဲ ။
ကိုယ့်လို အစားအသောက်ကောင်းကြိုက်တဲ့ ၀ါသနာတူတွေ အကြိုက်တွေ့မယ့်အထပ်လေးပါ ။

   

 

     

The KOI ၊ YKKO ၊ ပန်းစွယ်တော် ၊ ရွှေပလ္လင် ၊ ကောင်းကောင်းမာလာရှမ်းကော၊ lotteria အစရှိတဲ့ စားသောက်ဆိုင်တွေစုံလို့ ။



Raman Shop ippudo ဆိုတဲ့ဆိုင်လေးကတော့ Open Kitchen နဲ့မို့
ကိုယ့်အတွက်အစားအသောက်တွေကိုဘယ်လိုချက်ပြုတ်နေလဲဆိုတာတစ်ခါထဲကြည့်နေလို့ရပါတယ် ။
သန့်ရှင်းမှုအတွက်ကတော့ စိတ်ချရတာပေါ့နော် ။

   

   

သဘောကျမိတဲ့နောက်တစ်ခုကတော့ မြန်မာနိုင်ငံရဲ့ အကြီးဆုံး Food Court ကြီးတစ်ခုဖြစ်တဲ့ Food Streat
ပါပဲ ။ ကောင်တာရှည်ကြီးမှာရှိတဲ့ဆိုင်တွေထဲကကြိုက်ရာအစားအသောက်ကိုမှာစားနိုင်ပါတယ် ။
အတူတူလာတဲ့အဖွဲ့တွေ အကြိုက်မတူတောင် အတူတူစုထိုင်နိုင်မယ့်ဆိုင်လေးပါ …

            

အထပ်တွေလဲစုံပြီ ။ ဆိုင်တွေလဲစုံပြီမို့ ပြန်မယ်ဆိုတော့အောက်ထပ်တွေထိ ပြန်ဆင်းဖို့ ဓါတ်လှေကားမသုံးတော့ဘဲ စက်လှေကားနဲ့ပဲ တိုက်ရိုက်ပါကင်ထိဆင်းခဲ့ပါတယ် ။ 
ကားပါကင်က လူမလိုတဲ့ Auto - Car Paring Machine လေးတွေ ... စစ၀င်လာထဲက ကိုယ့် ကားရပ်နားခွင့်ကတ် ကိုကိုယ်တိုင်စက်ထဲကထုတ်ပြီး
အပြန်အဲဒီ Card နဲ့ငွေပြန်ရှင်းရတယ် ။ 

   

ကားပါကင်ကြေးကလဲ ၃ နာရီလောက်နေမှ ၁၀၀၀ ကျော်ပဲပေးဆောင်ခဲ့ရတာမို့
တန်တဲ့ဈေးနှုန်းလို့ ပြောလို့ရတာပေါ့ ။

သူငယ်ချင်းတွေနဲ့အတူ မြန်မာနိုင်ငံရဲ့ အကောင်းဆုံး Shopping Center ကြီးကို လည်ပါတ်ပြီးတဲ့နောက်မှာ
ဓါတ်ပုံလှလှလေးတွေ အများကြီးရခဲ့သလို လိုချင်တဲ့ပစ္စည်းတွေလဲ အကုန်ရခဲ့ပါတယ် ။
နောက်ထပ်သွားဦးမလားလို့မေးလာရင် ကိုယ်တွေကတော့ Yes ပါပဲ ။
သူငယ်ချင်းတို့ရော ... ဘယ်လိုလဲ ?

အသဲကျော်
 
 
Shareလုပ်ပြီးအမှတ်များရယူပါ
0 Aavapoints

Trending:

Junction City ကို Online ပေါ်ကအရင်သွားလည်ကြမယ် ( Part - II )

ကဲ ရှေ့ တစ်ပိုင်းမှာ စာရေးသူ
more

Thel

Share  841 Views

Junction City ကို Online ပေါ်ကအရင်သွားလည်ကြမယ်

ရန်ကုန်ရဲ့ အထင်ကရ
more

Thel

Share  755 Views

သေကြောင်းကြံစည်သွားတဲ့ SHINee အဖွဲ့က Jonghyun 

ပရိတ်သတ်တွေတော့ ရင်ကွဲမယ့်
more

Thel

8 Share  7.1k Views