Junction City ကို Online ပေါ်ကအရင်သွားလည်ကြမယ် ( Part - II )

Travels & Holidays
20/04/2017
827 views
ကဲ ရှေ့ တစ်ပိုင်းမှာ စာရေးသူ နဲ့ Junction City ထဲ အတူတူလိုက်လည်ကြတဲ့သူငယ်ချင်းတွေ …
ဒီတစ်ပိုင်းမှာတော့ Junction City ထဲကစိတ်ဝင်စားဖို့ကောင်းတဲ့နေရာတွေကို လိုက်ကြည့်ကြရအောင် …
 
Junction City ထဲမှာ ဘာတွေရှိလဲ ?
 
Junction City Shopping Mall ဟာ အလွှာ ၅ လွှာတောင်ရှိပါတယ် ။
ဈေးဝယ်သူတွေတော့အကြိုက်ပတ်တော့ပေါ့ ...
ကိုယ်သွားချင်တဲ့ အထပ်ကို ကြိုသိတယ်ဆိုရင်တော့ ဓါတ်လှေကားနဲ့တက်လို့ရပါတယ် ။
ကိုယ်တို့အုပ်စုကတော့ အထပ်တိုင်းမှာဘာရှိလဲ ကြည့်ချင်တဲ့သူတွေမို့ စက်လှေကားနဲ့ပဲတက်ခဲ့ကြပါတယ် ။
အလွှာတိုင်းမှာ စိတ်ဝင်စားစရာတွေအပြည့်ပါပဲ ။
ဘယ်ပစ္စည်းတွေလိုချင်ရင် ဘယ်အလွှာကိုသွားရမယ်ဆိုတာ သိစေဖို့
ဘယ်အထပ်မှာ ဘာဆိုင်တွေရှိလဲ ပြောပြမယ်နော် …
 
Jucntion City Level 1
ရှေ့ တစ်ပိုင်းမှာ မြင်ခဲ့ရတဲ့အတိုင်း Junction City ရဲ့ အောက်ဆုံးထပ်မှာတော့
လူတွေနားနေဖို့တောအုပ်ကလေးရယ် အသေးစားရေတံခွန်လေးရယ်နဲ့ အလှဆင်ထားပြီး Coach ,
Aingner , Bering , BreadTalk , Love Moschino စတဲ့ နာမည်ကြီး Brand ဆိုင်တွေကို တွေ့မြင်ရပါတယ် ။
Pandora ကတော့ ဖွင့်ဖို့ ပြင်ဆင်နေတုန်းပါ ။ မြန်မာနိုင်ငံမှာ နာမည်ကြီးပြီးသား Brand ဖြစ်တဲ့ Versus ( Versace ) ကိုလဲ Junction City Level 1 မှာ ဆိုင်ဖွင့်ဖို့ ပြင်ဆင်နေတာ တွေ့မြင်ရပါတယ် ။
 
 



   

Junction City Level 2
လူငယ်တွေကြားထဲ နာမည်ကြီးတဲ့ဆိုင်တော်တော်များများ ကို ဒုတိယထပ်မှာတွေ့ရပါတယ် ။
အ၀တ်အစားရောင်းတဲ့ဆိုင်တွေအများဆုံးပါ ။
Fashionlab , The Traveller Shop , Sprit , MK , Forcast , Sport Zone စသည်ဖြင့်
ဆိုင်များက အလန်းစားခင်းကျင်းထားမှုတွေနဲ့ ဒုတိယထပ်မှာတည်ရှိနေပါတယ် ။

   

မြန်မာလူငယ်တော်တော်များများနှစ်သက်စွာဝတ်ဆင်ကြတဲ့ Timberland ဖိနပ်တွေကို
အစစ်အမှန် ၀ယ်ယူရရှိနိုင်ဖို့ Timberland Brand ဆိုင်ကိုလဲ တွေ့ရပါတယ် ။
Timberland ရဲ့ နာမည်ကြီးဒီဇိုင်းနဲ့ ဖိနပ်တွေတင်မက အကျီတွေပါ ရှိတာမို့ အကြိုက်ရွေးလို့ရတာပေါ့ ။
Junction City ကိုလာတဲ့လူငယ်တော်တော်များများစိတ်ဝင်စားကြတဲ့ဆိုင်တစ်ဆိုင်လဲဖြစ်ပါတယ် ။

 

     

ဒုတိယထပ်မှာပဲ အခြားဝယ်ယူနိုင်တဲ့ ပစ္စည်းတွေကတော့ လက်ဝတ်ရတနာတွေပါ ။
ရွှေနန်းတော် ၊ စိန်နန်းတော် ၊ ရတနာပင်လယ် ၊ နဂါးကိုးကောင် အစရှိတဲ့ လက်ဝတ်ရတနာဆိုင် များစွာဒီအထပ်မှာတည်ရှိပါတယ် ။

   

နိုင်ငံခြားသားများအကြိုက်တွေ့စေမယ့် မြန်မာမှုလက်ဆောင်ပစ္စည်းအထူးအဆန်းလေးတွေရောင်းတဲ့ Myanhouse Local Made (မြန်မာမှုလက်ဆောင်ပစ္စည်းဆိုင်) ၊ သစ်သားနဲ့လုပ်ထားတဲ့ မြန်မာ့လက်ရာလေးတွေ ၀ယ်ယူရရှိနိုင်မယ့်
Aung Wood Collection ဆိုင်တွေကတော့ ခင်းကျင်းထားပုံမှာတင် စိတ်ဝင်စားစရာအပြည့်ပါ ။

   

   

ရှေးဟောင်းမြန်မာပုံတွေကို တိုင်တွေမှာ ကပ်ထားတဲ့နေရာ ၊ မျက်နှာကျက်မှာ အသဲပုံတွေ တွဲလဲကျနေတဲ့ Promotion Area အပြင် အခြားဓါတ်ပုံရိုက်စရာလှပတဲ့နေရာတွေလဲရှိပါတယ် ။

    

ကဲ … ဒုတိယထပ်ရဲ့ အကြိုက်ဆုံးနေရာလေးကိုခေါ်သွားတော့မယ်နော် …
ပထမပိုင်းမှာပြောပြထားဖူးတဲ့ အဆောက်အဦးထဲမ၀င်ခင်အပြင်မှာတွေ့ရတဲ့ အရုပ်ကလေးတွေနဲ့ချစ်စရာဂုန်းကျော်တံတားလေးကိုသတိရကြသေးရဲ့လား ?
 
   

အဲဒီတံတားလေးဟာ ဒီ Junction City ဒုတိယထပ်နဲ့ ဗိုလ်ချုပ်ဈေးအပေါ်ထပ်ကို ဆက်သွယ်ပေးထားတဲ့တံတားလေးပါ ။ အမိုးတင်မက ဘေးကိုပါမှန်လေးတွေနဲ့ ကာထားပေးတာမို့ ဖြတ်သွားသူများ နေဒဏ်မိုးဒဏ် မခံရပဲ အေးအေးလူလူဖြတ်သန်းနိုင်ပါတယ် ။ တံတားလေးရဲ့ အပြင်ပန်းတင်လှတာမဟုတ်ပါဘူး ။ မျက်နှာကျက်မှာလဲ အသဲပုံလေးတွေလေးထောင့်ပုံလေးတွေ တွဲလဲကျနေပြီး တံတားပေါ်ကနေ ရန်ကုန်မြို့ ထဲအလှကိုလဲ မြင်တွေ့နိုင်ပါသေးတယ် ။



ဈေးနှစ်ခုကို ဆက်ထားတဲ့ Private တံတားမဟုတ်ပါဘူး ။ လမ်းမကလူတွေလဲ ရိုးရိုးလမ်းကူး ဂုန်းကျော်တံတားအဖြစ်သုံးနိုင်ဖို့ လမ်းဘေးပလက်ဖောင်းတွေ ပေါ်ကိုရောက်တဲ့ လှေကားတွေလဲရှိပါတယ် ။



ဒီနေရာလေးကတော့ ဒုတိယထပ်ရဲ့ စာရေးသူကို ဆွဲဆောင်နိုင်ဆုံးနေရာပါပဲ …
ရန်ကုန်မှာအလှဆုံးလူကူးတံတားလေးလို့ ညွှန်းရင်မှားမယ်မထင်ပါဘူး ။
Junction City သွားမယ့် သူငယ်ချင်းတွေ အဲဒီနေရာလေးကို ရောက်အောင်သွားဖို့ ညွှန်ချင်ပါတယ် ။
 
Junction City Level 3
တတိယထပ်မှာတော့ ဖိနပ်ဆိုင် အိတ်ဆိုင်တွေ အများဆုံးရှိတာပါ ။
Heatwave , Fortune Duck , Pretty Fix , Bata , Ripple , Lily , D & C စတဲ့ဖိနပ်ဆိုင် အိတ်ဆိုင်တွေအပြင်
နာမည်ကျော် Giordano ကိုလဲ ဒီအထပ်မှာတွေ့ရပါတယ် ။

   

ဒီအထပ်မှာ စာရေးသူစိတ်ဝင်စားမိတာကတော့ Vibram ဆိုတဲ့ ဆိုင်လေးပါ ။

   

ဒီဆိုင်တစ်ဆိုင်လုံးမှာတင်ထားတဲ့ ရှုးဖိနပ်လေးတွေက ရိုးရိုးဖိနပ်နဲ့မတူဘဲ ပုံထဲကအတိုင်း
ခြေချောင်းလေးတွေပါဝင်ပါတယ် ။

   

ဒီဖိနပ်မျိုးဟာ နိုင်ငံတကာမှာလူကြိုက်များနေတဲ့ ဒီဇိုင်းတွေဖြစ်ပြီး
မြန်မာနိုင်ငံကိုတင်သွင်းလာတာတော့မကြာသေးပါဘူး ။

    
(Photo - Vibram Page)

ဘာဖြစ်လို့ အဲလိုခြေချောင်းလေးတွေထည့်ထားတာလဲဆိုရာမှာတော့
အားကစားလုပ်ရာမှာ ရိုးရိုးဖိနပ်ကိုစီးတာထက် ဒီခြေချောင်းလေးတွေပါတဲ့ဖိနပ်က အားကစားလုပ်ရာမှာ
ပိုပြီးသက်တောင့်သက်သာရှိစေပါတယ် ။ ဖိနပ်စီးထားသော်လည်း သဘာဝ ခြေဗလာနဲ့အတိုင်း ခြေချောင်းလေးတွေပါလိုက်ပါ လှုပ်ရှားနိုင်မှုက သူ့ရဲ့ အားသာချက်ပါ ။ Physical Exercise အမျိုးမျိုးအတွက် သက်ဆိုင်ရာ Exercise အလိုက် အထူးထုတ်လုပ်ထားတဲ့ အောက်ခံ ဆိုးလ်ပြားကို ရွေးချယ်ဝယ်ယူနိုင်ပါတယ် ။
ဒါအပြင် အဲဒီဖိနပ်တွေဟာ ရေစိမ့်ဝင်မှုမရှိတဲ့အပြင် ရေလျှော်လဲခံပါတယ်တဲ့ ။
အားကစားဖိနပ်တွေတင်မကဘဲ ရိုးရိုးအပြင်စီးလို့ရတဲ့ အလှစီးဖိနပ်တွေလဲရှိပါတယ် ။
ကျုံချဲ့ နိုင်တဲ့စွမ်းအားကလဲ ပုံထဲကအတိုင်းအံ့မခန်းပါပဲ ။

   

အီတလီ Brand ဖြစ်တဲ့ Vibram ဟာဖိနပ်တစ်မျိုးထဲရောင်းချတာတော့မဟုတ်ပါဘူး Vibram brand အကျီတွေလဲရှိပါသေးတယ် ။  ရန်ကုန် Junction City မှာတစ်ဆိုင် ၊ မန္တလေးမှာ တစ်ဆိုင်သာ ဖွင့်လှစ်ရောင်းချပြီး ဈေးတွေကတော့ 123500 ကနေ 262000 ထိအစားစားရှိပါတယ်တဲ့ ။ ဆိုင်ဖွင့်တဲ့အထိမ်းအမှတ် အမျိုးအစားအလိုက် 5% ကနေ 35% အထိလဲ Discount တွေရှိသေးတယ်ဆိုတော့
ကျန်းမာရေးလိုက်စားပြီးအကောင်းကြိုက်တဲ့သူတွေအတွက် အသင့်တော်ဆုံးဖိနပ်တွေလို့မြင်မိပါတယ် ။

 

အလှကုန်ပစ္စည်းတွေဝယ်မယ်ဆိုရင်တော့ Junction City တတိယထပ်ကိုပဲလာရမှာပါ ။
နာမည်ကျော် အလှကုန်ကောင်တာတွေဖြစ်တဲ့ Holika Holika , BSC , KFC , Tonymoly , Catrice , Nature Republic , etude house တို့အပြင် Tony Tun Tun Hair Saloon ပါရှိပါတယ် ။
ပစ္စည်းဆန်းလေးတွေရှိတဲ့ Handmade Shop Booth လေးတွေ ကလဲတစ်မျိုးစိတ်ဝင်စားစရာပါပဲ ။

   

နာရီဝယ်ဖို့ Cherry Oo , မျက်မှန် IQ vision နောက် ပရိတ်သတ်အချစ်တော်အဆိုတော်နှစ်ယောက်ဖြစ်တဲ့ ဘကြီးဖြိုးနဲ့ ဦးနေ၀င်းတို့ဖွင့်ထားတဲ့ OMG အကျီင်္ဆိုင်ကလဲ ဒီအထပ်မှာပဲရှိတာပါ ။
ဒီအထပ်မှာ ဆိုင်တွေအများကြီးရှိတာမို့ ၀ယ်စရာများသွားလို့ ပါလာတဲ့ငွေမလောက်တော့မှာတော့စိတ်မပူပါနဲ့နော် ။
AYA bank နဲ့ KBZ Bank ကလဲ ဒီအထပ်မှာအဆင်သင့်ရှိနေတာမို့ ငွေဝင်ထုတ်ရုံပဲ ။
အာမခံလုပ်ချင်ရင်လဲ GGI ကရှိတာမို့ ဘာလိုသေးလဲ ပေါ့ …
ဒီအထပ်မှာ စိတ်ဝင်စားစရာများလို့ လိုက်စပ်စုတာတော်တော်ခြေတိုသွားတယ် ။
ခဏနားလိုက်ဦးမယ်လေ …
ကျန်တဲ့အထပ်တွေကိုတော့ နောက်တစ်ပိုင်းမှာ ဆက်သွားကြတာပေါ့ …
စောင့်မျှော်ဖတ်ရှုကြပါဦးနော် …
 
အသဲကျော်
 
Shareလုပ်ပြီးအမှတ်များရယူပါ
0 Aavapoints

Trending:

Junction City ကို Online က အရင်သွားလည်ကြမယ် ( Finale )

နားပြီးပြီးဆိုတော့
more

Thel

Share  518 Views

Junction City ကို Online ပေါ်ကအရင်သွားလည်ကြမယ်

ရန်ကုန်ရဲ့ အထင်ကရ
more

Thel

Share  749 Views

သေကြောင်းကြံစည်သွားတဲ့ SHINee အဖွဲ့က Jonghyun 

ပရိတ်သတ်တွေတော့ ရင်ကွဲမယ့်
more

Thel

8 Share  7.1k Views