Junction City ကို Online ပေါ်ကအရင်သွားလည်ကြမယ်

Travels & Holidays
17/04/2017
748 views
ရန်ကုန်ရဲ့ အထင်ကရ နေရာတစ်ခုအဖြစ် နာမည်ကြီးနေတဲ့ Junction City ကို Online ပေါ်က အရင်သွားလည်ကြရအောင် …
သူငယ်ချင်းတို့ရေ … မဟာသင်္ကြန်ကာလကြီးကလဲ ပြီးသွားပြီဆိုတော့ ကျန်တဲ့ ပိတ်ရက်တွေကို ဘယ်လိုကုန်ဆုံးကြမလဲ စဉ်းစားနေတယ်ဆို
သွားဖို့ကောင်းတဲ့ တစ်နေရာကိုညွှန်းပေးချင်ပါတယ် ။
အဲဒါကတော့ ဖွင့်တာမကြာသေးတဲ့ Junction City Shopping Center ပါပဲ ။ ဒီ Shopping Center ဟာ
မြို့ လည်ခေါင် အချက်အချာကျတဲ့နေရာဖြစ်တဲ့ ဗိုလ်ချုပ်လမ်းနှင့်ရွှေတိဂုံဘုရားလမ်းထောင့်မှာတည်ရှိပြီးတော့
ရန်ကုန်ရဲ့ နာမည်ကျော် ဗိုလ်ချုပ်အောင်ဆန်းဈေးနဲ့ မျက်နှာချင်းဆိုင်မှာ ရှိတာမို့ ရှာမတွေ့မှာတော့မစိုးရိမ်ရပါဘူး။
ကားပါကင်အဆင်ပြေသလို ကားဂိတ်နဲ့လဲနီး အငှားယာဉ်ငှားဖို့လဲ အဆင်ပြေတဲ့နေရာမို့ သွားရတာသာသာယာယာပါပဲ ။
စာရေးသူတို့ သူငယ်ချင်းတစ်သိုက်ကတော့ ရွှေတိဂုံဘုရားဖူးပြီး အပြန် Junction City ကိုဝင်လိုက်ကြတယ် ။
ရွှေတိဂုံဘုရားနဲ့လဲ နီး ဆူးလေဘုရားနဲ့လဲ နီးတဲ့အတွက် ဘုရားဖူးရင်း လိပ်ဥတူးရင်းဆိုသလိုပေါ့နော် …
Junction City ကိုမရောက်သေးတဲ့ Online ပေါ်က သူငယ်ချင်းတွေလဲ စာရေးသူလက်ကိုဆွဲပြီး
ဘာတွေရှိလဲ အတူတူသွားကြည့်ရအောင် ။

 
(Photo - Junction City Page)  

ရန်ကုန်က အကောင်းဆုံး Shopping Center တစ်ခုဖြစ်တဲ့ Junction City
 
Junction City ရှေ့ ရောက်လို့ အဆောက်အဦးအရိပ်ကိုရောက်ရောက်ချင်းမှာပဲ အေးမြမှုကိုသိသိသာသာခံစားလိုက်ရပါတယ် ။ အဆောက်အဦး အပြင်မှာတောင် ဒီလောက်အေးနေရင် အထဲမှာဘယ်လောက်အေးလိမ့်မလဲတောင်တွေးမိလိုက်သလို ပူပြင်းတဲ့နွေရာသီမှာမို့ အပြင်အပူကရောက်ရောက်ချင်းအထဲဝင်ရင် အပူရှပ်သွားနိုင်လို့ အေးမြနေတဲ့ အဆောက်အဦးရိပ်မှာခဏနားရင် ဟိုဟိုဒီဒီ လျှောက်ကြည့်စပ်စုမိတော့ Junction City အဆောက်အဦးရဲ့ အပြင်မှာ ဆေးလိပ်သောက်ဖို့ သီးသန့်နေရာလေးတွေပေးထားသလို ဓါတ်ပုံရိုက်ဖို့လဲ I Love YGN ဆိုတဲ့ စာလုံးကြီးကို အသည်းပုံအကြီးကြီးနဲ့ အလှဆင်ပြီးချပေးထားတာတွေ့ရပါတယ် ။

   

စာရေးသူအကြိုက်ဆုံးကတော့ မျက်နှာချင်းဆိုင်က ဗိုလ်ချုပ်ဈေးဆီကူးဖို့ လုပ်ထားတဲ့ လမ်းမပေါ်က လူကူးဂုန်းကျော် တံတားလေးပါပဲ … မှန်တွေနဲ့ အပြည့်ကာထားပြီး Hello Yangon ဆိုတဲ့စာသားလေးတွေနဲ့ ကာတွန်းရုပ်လေးတွေ အလှဆင်ထားပုံက ကူးချင်စရာကောင်းလောက်အောင် ချစ်ဖို့ကောင်းနေပါတယ် ။
 
     

ကဲ အထဲဝင်ကြည့်ကြရအောင် …
 
ပထမတွေးထားသလိုပါပဲ … စစချင်းဝင်လိုက်တာမှာတင် ရင်ထဲအေးမြသွားတဲ့ခံစားမှုကစိမ်းလန်းတဲ့ တောအုပ်ထဲရောက်သွားသလိုပါပဲ … ။
ထိုသို့ အေးမြသွားမှုဟာ Air-con ကပေးတဲ့ လေအေးအပြင် မျက်စိပသာဒဖြစ်စရာပြင်ဆင်ထားတာတွေကြောင့်လဲ ပါပါတယ် ။
အ၀င်ဝကျော်တာနဲ့ လူတွေ ထိုင်နားနေတဲ့ အသေးစားတောအုပ်ကလေးကိုတွေ့ရပါတယ် ။

   
(Photo - Junction City Page)  

သစ်ပင်လို ပြင်ဆင်ထားတဲ့ တိုင်လုံးတွေရဲ့ ပါတ်ပါတ်လည်မှာ လူတွေထိုင်နားနိုင်ဖို့ ပလက်ဖောင်းလေး လုပ်ပေးထားတာတွေ့ရပါတယ် ။

    

ရေကျသံလေးတွေကြားမိလို့ အဖြေရှာမိတဲ့အခါမှာတော့
ပိတောက်ပန်းလေးတွေနဲ့ အလှဆင်ထားတဲ့ မုဒ်ဝလေးကိုတွေ့လို ၀င်လိုက်ပါတယ် ။

   
(Photo - Junction City Page)  

   
(Photo - Junction City Page)  

     

အထဲမှာတော့ ပိတောက်ပင်လေးတွေ အပြင် ရေတံခွန် အသေးလေးတစ်ခုပါလား ။

   

တောအုပ်လေးနဲ့ရေတံခွန်လေးနားမှာ နားနေကြ ဓါတ်ပုံရိုက်ကြပေါ့ ။ Junction City မှာ ဒီနေရာလေးဟာ ဓါတ်ပုံလှလှလေးတွေ ရိုက်ဖို့ အကောင်းဆုံးနေရာလို့ ညွှန်းရင်တော့မလွန်လှပါဘူးနော် …

   

အောက်ဆုံးထပ်မှာတော့ နားနေစရာနေရာအပြင် Branded ပစ္စည်းတွေရောင်းတဲ့ဆိုင်တွေကိုတွေ့ရပါတယ် ။
ဆိုင်တစ်ဆိုင်မှာ လူတွေတန်းစီဝယ်နေကြလို့ စိတ်ဝင်တစားလေ့လာမိတဲ့ အခါမှာတော့ စင်ကာပူနိုင်ငံရဲ့ နာမည်အကြီးဆုံး ပေါင်မုန့်ဆိုင်တစ်ဆိုင်ဖြစ်ပြီး ကမ္ဘာတစ်လွှား ဆိုင်ခွဲပေါင်း ၈၀၀ ကျော်ဖွင့်လှစ်ထားတဲ့ BreadTalk ပါ ။ ခုမှ မြန်မာနိုင်ငံကိုရောက်ရှိလာတာဖြစ်ပြီး မြန်မာနိုင်ငံသားများတင်မက နိုင်ငံခြားသားများပါ တန်းစီဝယ်ယူနေကြတာကိုတွေ့ရှိရပါတယ် ။

   

Junction City မှာ ဘာတွေရှိလဲ ?
အပေါ်ထပ်မှာဘာတွေရှိမလဲ ဆိုတာကိုကြည့်ဖို့ တောအုပ်ကလေးကို စွန့်ခွာပြီး အပေါ်ထပ်တွေကိုတက်ဖို့ပြင်ပါတယ် ။

    

အပေါ်ရောက်တာနဲ့နောက်ထပ်စိတ်ဝင်စားစရာတွေထပ်တွေ့ပါလေရော ။ ငါးလွှာတောင်ရှိတဲ့ Junction City မှာဓါတ်ပုံရိုက်ဖို့ထားပေးထားတဲ့ ချစ်စရာ Photo stand လေးတွေအထပ်တိုင်းမှာရှိနေပါတယ် ။

  

     

ခုခေတ်လူတွေမြင်တွေ့ဖို့ ခက်တဲ့ ရှားပါး ရှေးခေတ်မြန်မာ ဓါတ်ပုံတွေကိုလဲ တိုင်ပါတ်ပါတ်လည် အကြီးကြီးကပ်ထားတာတွေ့မြင်ရပါသေးတယ် ။

   

 

   

           

အ၀တ်အစားအသုံးအဆောင် ၊ အလှပြင်ပစ္စည်းဆိုင်တွေ ၊ လက်ဝတ်ရတနာဆိုင်တွေ ၊ mobile ဖုန်းဆိုင်များ ၊ ပိုးထည်ဆိုင်များ ၊ လူသုံးပစ္စည်းဆိုင်တစ်ချို့  ၊ market place ၊ Hair Saloon ၊ လူငယ်တွေအကြိုက်တွေ့စေမယ့် ရုပ်ရှင်ရုံနဲ့ စားသောက်ဆိုင်တွေ စုံလို့ပါပဲ ။

   

    

    

ဘဏ်တွေကိုလဲ Center ထဲမှာဖွင့်တာတွေ့ရပါတယ် ။ ဆိုင်တွေအားလုံးမစုံသေးဘဲ ခုမှဖွင့်ဖို့ ပြင်နေဆဲဆိုင်တွေကိုလဲတွေ့ရပါတယ် ။ ဆိုင်တွေအားလုံးမစုံသေးတာတောင်ဖွင့်တဲ့ဆိုင်တွေမှာတင် ပစ္စည်းအမျိုးအစားတွေ တော်တော်စုံသလောက်ဖြစ်နေပါပြီ ။ အားလုံးစုံအောင်ဖွင့်ပြီးရင်တော့ တစ်နေရာထဲ အကုန်ရတယ်ဆိုတဲ့ Shopping Center ကြီးဖြစ်လာမလားလို့ မျှော်လင့်စရာပါပဲ ။ ရုပ်ရှင်ရုံမှာ ရုံတင်နေတဲ့ကားတွေရဲ့ အမှတ်တရတွေနဲ့ ဓါတ်ပုံရိုက်နိုင်အောင် စီစဉ်ပေးထားပါတယ် ။ ထူးထူးခြားခြားအနေနဲ့ ခုလတ်တလော နာမည်ကြီးနေတဲ့ Harry Potter မင်းသမီးချော အမ်မာဝပ်ဆင်ရဲ့ Beauty and the Beast ဇာတ်ကားထဲက နှင်းဆီပန်းပုံလေးကိုဖန်ပေါင်းချောင်လေးနဲ့ ထည့်သွင်းပေးထားလို့ ၀ိုင်းဝန်းဓါတ်ပုံရိုက်နေတာကိုလဲ မြင်တွေ့ရပါတယ် ။
 
   

Junction City ရဲ့ ထူးခြားချက်များ
လမ်းညွှန် Map က Touch Screen နဲ့ပါ ။ ကိုယ်သွားချင်တဲ့ဆိုင်အမည်ကိုရိုက်ရုံနဲ့ ဘယ်နေရာမှာရှိတယ် ။
ဘယ်လိုသွားရမယ် လမ်းညွှန်ချက်ပေါ်လာပါတယ် ။ ကိုယ်ဘယ်ကိုသွားချင်လဲ ။ ဘယ်နေရာမှာရောက်နေသလဲ ။ ဘယ်နေရာကနေထွက်ရမယ် ။ ဘယ်ဆက်သွားရင်ဘယ်ရောက်မယ်ဆိုတာ … Touch Screen ကိုကိုယ်လိုသလို နှိပ်ရင်း ကြည့်ရှုနိုင်ပါတယ် ။

    

အခြားဝန်ဆောင်မှုအနေနဲ့ free wifi ရနိုင်မယ့်နေရာတွေ ၊ သက်ကြီးရွယ်အိုတွေနဲ့ လိုအပ်သူတွေအတွက် Wheelchair ငှားရမ်းပေးတဲ့ ၀န်ဆောင်မှု ၊ ထီးငှားပေးတဲ့ ၀န်ဆောင်မှုတွေပါ ရှိပါတယ် ။

      

ပြင်ဆင်ထားတဲ့ Decoration တွေကသေသပ်စနစ်ကျပြီး Lighting ထွန်းထားတာတွေကအစ နိုင်ငံတကာအဆင့်မှီ ခမ်းနားလှပပါတယ် ။
ခမ်းနားလှပပြီးလာရောက်သူတွေအတွက် အေးအေးဆေးဆေးဈေးဝယ်ပြီး နားနေအပန်းဖြေနိုင်ဖို့ အထပ်တိုင်းမှာ စားသောက်စရာ ထိုင်စရာ ဓါတ်ပုံရိုက်စရာတွေ စီမံပေးထားပါတယ် ။
Branded ပစ္စည်းတွေကအစ ဈေးချိုတဲ့ ပစ္စည်းတွေထိအောင် ရရှိနိုင်တဲ့နေရာတစ်ခုပါ ။

   

   

     

အချုပ်အားဖြင့် ဆိုရရင်တော့ ဈေးဝယ်ရအဆင်ပြေပြီး အရမ်းလှတဲ့ နိုင်ငံတကာအဆင့်မှီ Shopping Mall ကြီးတစ်ခုပါပဲ … ။ ဘယ်အထပ်မှာ ဘာဆိုင်တွေရှိသလဲ ဘယ်ဆိုင်တွေမှာ ဘာတွေ အကောင်းဆုံးရနိုင်လဲဆိုတာတွေကိုတော့ နောက်တစ်ပိုင်းမှာ အသေးစိတ် ဆက်ရေးပေးမှာမို့ စောင့်ကြည့်ဖတ်ရှုရင်း အတူတူဆက်လည်ကြမယ်နော် … ။

A Thae Kyaw
Shareလုပ်ပြီးအမှတ်များရယူပါ
0 Aavapoints

Trending:

Junction City ကို Online က အရင်သွားလည်ကြမယ် ( Finale )

နားပြီးပြီးဆိုတော့
more

Thel

Share  518 Views

Junction City ကို Online ပေါ်ကအရင်သွားလည်ကြမယ် ( Part - II )

ကဲ ရှေ့ တစ်ပိုင်းမှာ စာရေးသူ
more

Thel

Share  827 Views

သေကြောင်းကြံစည်သွားတဲ့ SHINee အဖွဲ့က Jonghyun 

ပရိတ်သတ်တွေတော့ ရင်ကွဲမယ့်
more

Thel

8 Share  7.1k Views