တော်ဝင်စင်တာ ကပေးလိုက်တဲ့ အတွေးတွေ

Study & Career
03/11/2017
433 views
တော်ဝင်စင်တာက ဆိုင်တစ်ဆိုင်က ကိုယ့်ကို အတွေးတွေဒီနေ့ပေးလိုက်တယ် ။ တူညီတဲ့ဆိုင်တစ်ဆိုင်ထဲကိုပဲ 2 ပါတ်အတွင်းမှာ 2 ခါ ဈေးသွားဝယ်ခဲ့တယ် ။ 
ပထမတစ်ခေါက်က ဝင်ဝယ်တဲ့အချိန်မှာ ဝန်ထမ်းတွေက အားတတ်သရောရောင်းကြတာ ... ကိုယ်ကဖက်တီးမို့ အင်္ကျီဆိုဒ်ရှာရခက်လဲ ဟိုဟာလေးတော်မယ်အမ ကြည့်ကြည့်ပါလား ... ဒါလေးရော လိုက်မှာသိလား ... အမျိုးမျိုးပြတယ် အကြံပေးတယ် ... ကိုယ်ကြိုက်တာတွေ့တယ် တန်းဝယ်ဖြစ်တယ် ။ Customer Service ကောင်းလိုက်တာနော်လို့ အဖော်ကိုတောင် ပြောပြမိတဲ့အထိပဲ ။ 

အဲဒါနဲ့ နောက်တစ်ခေါက် ဈေးထပ်ဝယ်ဖြစ်တော့ အဲ့ဒီဆိုင်ကိုပဲပြန်သွားတယ် ။ ဖြစ်ချင်တော့ ဒီနေ့ တန်ဆောင်မုန်းလပြည့် ။ ဆိုင်ထဲ ဝင်သွားတယ် ။ ဝန်ထမ်းတွေရှိတယ် အမဆိုဒ် ဂါဝန်လေးတွေပြပါပေါ့ ။ 

အရင်တခေါက်ဝယ်တဲ့ဒီဇိုင်းလဲကြိုက်တယ် ။ အရောင်ကွဲထပ်ယူမယ်လို့ ပြောလိုက်တယ် ။ အံ့သြဖို့ကောင်းတာ ဘာလဲသိလား ။ 
ဟိုနေ့က ပျာသလဲနေတဲ့ ဝန်ထမ်း 3 ယောက်စလုံး ပျင်းတိပျင်းရွဲနဲ့ ။ မရှိဘူးအမ တဲ့ တယောက်က ။

မဟုတ်သေးဘူး ဟိုနေ့ကတောင် ဒီကဝယ်သွားတာ အဲဒီဂါဝန်ရောကျန်သေးလား ဆိုတော့ အဲဒါလဲမရှိဘူးအမတဲ့ ။ အဲဒီတခုဆို တစ်ထည်ဝယ်ထားပြီးသားကြိုက်လို့ထပ်လာဝယ်တာမို့ ကိုယ်သေချာပေါက်ဝယ်မယ်ဆိုတာ သူတို့သိထားပြီးသား အဲဒါကို ဘူးတွေခံငြင်းနေတာ ဘယ်ဝယ်သူမှမဝယ်လေကောင်းလေ ဆိုတဲ့အထှာနဲ့ အံ့သြသွားမိတယ် ။ ကိုယ့်ဘာကိုယ် အနားကအင်္ကျီတွေကြည့်နေတုန်း ကိုယ့်ကို ဂရုမစိုက်ဘဲ သူတို့တွေ အနောက်ဘက်မှာ စုပြီးစကားပြောနေကြတယ် ။ 

" ဆိုင်ပိတ်ပေးပါစေ ဘောစိဆီကဖုန်းလာပါစေ ဆိုင်နေ့တဝက်ပိတ်ရင်ကောင်းမယ် " အဲဒီတော့မှ တစ်ခုသတိထားမိတယ် ။ ပထမတခေါက်သွားတုန်းက ဆိုင်ရှင်ကိုယ်တိုင် ဆိုင်မှာရှိနေတယ် ။ ဒီတခေါက်မှာမရှိဘူး ။ ဆိုင်ရှင်မရှိတဲ့အချိန် ဆိုင်ကို ဂရုစိုက်စရာမလိုဘူးလို့ တွက်ထားပုံရတယ် ။

နောက်တစ်ချက်က ဒီနေ့လို ပွဲတော်ရက်တွေမှာ ဆိုင်ရှင်က အလုပ်တက်ခိုင်းပြီး လစာကို Double overtime ကြေးနဲ့တွက်ပေးပုံမရဘူး ။ ဒီတော့ သူတို့က လစာအဖြတ်မခံရအောင် လာတယ် ထိုင်နေတယ် ။ ဘယ်သူ့ကိုမှမရောင်းချင်ဘူး ။ မရောင်းရလေ သက်သာလေ ပုံစံနဲ့နေနေတာ ... တကယ်တမ်းက နှစ်ဖက်စလုံးရှုံးပါတယ် ။

ဝန်ထမ်းတွေလဲ သူများနားတဲ့အချိန်မနားရသလို အလုပ်ရှင်အတွက်လဲ မရောင်းလိုက်ရတဲ့ ပစ္စည်းတွေအတွက်နစ်နာပါတယ် ။
အလုပ်ရှင်ရှေ့မှာတစ်မျိုး နောက်ကွယ်မှာတစ်မျိုးလုပ်တတ်တဲ့ ဝန်ထမ်းတွေကိုရတာ အလုပ်ရှင် နစ်နာပါတယ် ။
အလုပ်သမား အခွင့်အရေး အပြည့်အဝမပေးတဲ့အလုပ်ရှင်ကို ရတာ အလုပ်သမားနစ်နာပါတယ် ။ ဘာများအကျိုးထူးပါသလဲ ။

   

အဲဒီအစား Win and Win Theory ကိုပြောင်းသုံးလိုက်ရင် ခုဖြစ်ရပ်နဲ့ပြောင်းပြန်ဖြစ်သွားနိုင်ပါတယ် ။ ပြောင်းလဲဖို့ လိုအပ်တာတစ်ခုထဲပါ ။ ကိုယ်ချင်းစာပေးတတ်ဖို့ပါပဲ ။ အလုပ်ရှင်က အလုပ်သမားတွေကို မနိုင်ဝန်ထမ်းခိုင်းပြီး အမြတ်ထုတ်ဖို့ ခေါင်းပုံဖြတ်ဖို့ပဲတွေးမနေဘဲ ကိုယ်ချင်းစာပြီး တန်ရာတန်ကြေးပေးမယ် ။ အလုပ်သမားတွေဘက်ကလဲ စေတနာထားတဲ့အလုပ်ရှင်အပေါ်ကိုယ်ချင်းစာပြီး စိတ်ပါလက်ပါအလုပ်လုပ်ပေးမယ်ဆိုရင် အလုပ်သမားတွေအတွက် လစာလုံလောက်အောင် ရမှာဖြစ်သလို အလုပ်ရှင်ရဲ့စီးပွားလဲ တိုးတက်လာမှာပါ ။ ကိုယ့်ဖို့ကြီးပဲလဲ မကြည့်ကြပါနဲ့ ... တစ်ခါတစ်လေမှာ တစ်ယောက်ထဲလျှောက်တာထက် အဖော်နဲ့လျှောက်တာ မမောမပန်းဘဲ ပန်းတိုင်ရောက်စေပါတယ် ။

 

အသဲကျော် 

ဒီစာလေးကို ကြိုက်နှစ်သက်ရင် အောက်က Facebook ပုံလေးကိုနှိပ်ပြီး Share ယူသွားလို့ရပါတယ် ။
တစ်ခါ Share တိုင်း တစ်ခါရမယ့် Aavapoint အမှတ်လေးတွေကို များအောင်စုပြီး ဖုန်းငွေဖြည့်ကတ် ( သို့ ) အခြားဆုလက်ဆောင်တွေနဲ့ ပြန်လဲလို့ရတာမို့ပါ ။
အသေးစိတ်ကို http://www.aavashare.com/promo_&_events/544/%E1%80%A1%E1%80%BC%E1%80%94%E1%80%B9%E1%80%9C%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%B8%E1%80%9E%E1%80%AF%E1%80%B6%E1%80%B8%E1%80%9B%E1%80%84%E1%80%B9%E1%80%B8_%E1%80%96%E1%80%AF%E1%80%94%E1%80%B9%E1%80%B8%E1%80%B1%E1%80%84%E1%80%BC%E1%80%BB%E1%80%96%E1%80%8A%E1%80%B9%E1%80%B7%E1%80%80%E1%80%90%E1%80%B9%E1%80%B1%E1%80%90%E1%80%BC_free_%E1%80%9B%E1%80%99%E1%80%9A%E1%80%B9%E1%80%86%E1%80%AF%E1%80%AD%E1%80%9B%E1%80%84%E1%80%B9_!!!.html မှာလေ့လာနိုင်ပါတယ် ... ပျော်ရွှင်စရာနေ့လေးဖြစ်ပါစေ ... 
  

 
Shareလုပ်ပြီးအမှတ်များရယူပါ
1 Aavapoints

Trending:

www.study&Career.com

H1

Naing Ye

Share  101 Views

Antonyms (Opposite words)

Antonyms (Opposite words)      
more

Chaw Kay Khine Chue

3 Share  295 Views

သေကြောင်းကြံစည်သွားတဲ့ SHINee အဖွဲ့က Jonghyun 

ပရိတ်သတ်တွေတော့ ရင်ကွဲမယ့်
more

Thel

8 Share  7.1k Views