ကမ္ဘာ့ထိပ်တန်း Interior Designer ၁၀ယောက်

Study & Career
19/06/2017
816 views
သင်ဟာ Interior Designer တစ်ယောက်လား? Interior Designer တစ်ယောက်ဖြစ်ဖို့ကြိုးစားနေသူတစ်ယောက်လား?ဒါမှမဟုတ် နိုင်ငံကျော်၊ကမ္ဘာကျော် interior Designer တစ်ယောက်ဖြစ်ဖို့ကြိုးစားနေသူလား?

ဒါဆိုရင်တော့ ကမ္ဘာ့ ထိပ်တန်း Interior Designer ၁၀ယောက်ကို သိထားဖို့လိုပါလိမ့်မယ်။
သူတို့ကဘယ်သူတွေလဲ?ဘယ်ကလဲကြည့်လိုက်ရအောင်နော်..........

   

   
(1)Kelly Wearstler
အမေရိကန်နိုင်ငံတစ်ယောက်ဖြစ်ပြီး ၁၉၆၇ နိုဝင်ဘာ ၂၁မှာသူမကိုမွေးဖွားခဲ့ပါတယ်။"New Yorker" တွေကတော့သူမကို "West Coast Interior Design"လောကရဲ့ ဘုရင်မတစ်ဆူလို့ချစ်စနိုးအမည်တပ်ထားပါတယ်။Hotel Industry လောကမှာ အောင်မြင်သူတစ်ယောက်ဖြစ်ပြီး စာရေးဆရာ၊Bloggerလဲ ဖြစ်ပါတယ်။ Gwen Stefani,Gavin Rossdale တို့အပြင် အခြားသော သူမြောက်များစွာဟာ သူမရဲ့ Client တွေပါ။


   

   
(2)Jean-Louis Deniot
Decorator နဲ့ Interior Designer တစ်ယောက်ဖြစ်တဲ့ သူ့ကိုတော့ ၂၇ သြဂုတ်လ ၁၉၇၄ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ မွေးဖွားခဲ့ပါတယ်။များသောအားဖြင့်သူ့ရဲ့လက်ရာတွေဟာ သိမ်မွေ့အနုပညာဆန်ပြီး အသေးစိတ်နှံ့စပ်စွာစီစဉ်တတ်မှုဟာ သူရဲ့သင်္ကေတတစ်ခုအဖြစ် ကမ္ဘာကအသိအမှတ်ပြုလက်ခံစေနိုင်ခဲ့ပါတယ်။
 
   

   
(3)Peter Marino
၁၉၄၉ခုနှစ်ဖွား Pater Marino ကတော့အမေရိကန်ဖွား ဗိသုကာပညာရှင်တစ်ယောက်ဖြစ်ပြီး "American Institute of Architects"ရဲ့အဖွဲ့ဝင်တစ်ယောက်လဲဖြစ်ပါတယ်။ "I want to creat the illusion and the reality of permanence" ဒီစကားဟာ Peter Marino ရဲ့ စကားတော့မဟုတ်ပါဘူး သူလေးစားအားအကျရဆုံး Renzo Mongiardino(Italian Architect)  ရဲ့စကားဖြစ်ပြီး သူရဲ့ အလုပ်တော်တော်များများမှာ ဒီစကားကို အသုံးချခဲ့ပါတယ်။ဒီဇိုင်းပညာတင်မဟုတ် Fashion မှာလဲ ကိုယ်ပိုင်အမှတ်အသားရှိတဲ့သူ့ကို အမြဲလိုလို Leather ဝတ်စုံတွေနဲ့တွေ့ရမှာပါ။ အံသြမသွားပါနဲ့ဦး သူဟာ CK,Giorgio Armani,Donna Karan,Chanel,Diorနဲ့ LV တို့လိုမျိုးဆိုင်တွေ အတွက်လဲ အလုပ်လုပ်သူတစ်ယောက်ပါတဲ့ဗျ။


   

   
(4)David Collins Studio
London မှာရှိတဲ့ Bars နဲ့ Restaurant တွေတော်တော်များများရဲ့ Interior Design ကို အထူးပုံဖော်ပေးခဲ့တဲ့သူကတော့ Irish လူမျိုး ဗိသုကာပညာရှင် David Collins ပဲဖြစ်ပါတယ်။၁၉၅၅ခုနှစ်မတ်လ ၁ရက်  Dublin, Ireland မှာ မွေးဖွားခဲ့သူတစ်ယောက်ဖြစ်ပြီး ဒီလိုအောင်မြင်ကျော်ကြားလှတဲ့ နာမည်ရဖို့ ပညာသင်ကြားခဲ့တဲ့နေရာကတော့ Dublin မှာရှိတဲ့ "The Bolton Street School of Architect"ပြဲဖစ်ပါတယ်။နှမြောစရာကောင်းတာကတော့၎င်းဟာ ၂၀၁၃ဂျူလိုင် ၁၇ရက်နေ့ လန်ဒန် UK မှာသေဆုံးခဲ့ပါတယ်။


   
   
(5)Marcel Wanders
Amsterdam, PowerHouse Studio ရဲ့Art Director,Designer ,Dutch လူမျိုး Marcel Wanders ကိုတော့ ၁၉၆၃ ဇူလိုင် ၂ရက်နေ့မှာ မွေးဖွားခဲ့ပြီး လက်ရှိမှာ Architectural,Interior နဲ့ Industrial Project တွေကို ပြုလုပ်နေသူတစ်ယောက်ပါ။တစ်ကမ္ဘာလုံးကလူတွေရဲ့ စောင့်ကြည့် အသိအမှတ်ပြု ခြင်းကိုခံခဲ့ရတဲ့ သူ့ရဲ့ထင်ရှားတဲ့ အမှတ်အသားကတော့ ၁၉၉၆ခုနှစ်မှာ ကျော်ကြားခဲ့တဲ့သူ့ရဲ့ Knotted Chair တွေပြဲဖစ်ပါတယ်။


   
   
(6)Kelly Hoppen
Kelly Elaine Hoppen လို့ခေါ်တဲ့သူမကို တောင်အာဖရိက Cape မြို့မှာ ၂၈ရက် ဂျူလိုင် ၁၉၅၉ကမွေးဖွားခဲ့ပါတယ်။စာရေးဆရာ၊Interior Designer တစ်ယောက်ဖြစ်ပြီး ကမ္ဘာ့နာမည်ကြီး Interior Design ကုမ္ပဏီKelly Hoppen Interiors ရဲ့ပိုင်ရှင်လြဲဖစ်ပါတယ်။သူမရဲ့ project တော်တော်များများဟာ Hospitality ပိုင်းဆိုင်ရာ၊Residential ပိုင်းဆိုင်ရာတွေအပြင် သီးသန့်clientတွေရဲ့ ရင်သပ်ရှုမောဖွယ်ရွက်လှေတွေအတွက်ပါ တာဝန်ယူပေးထားပါတယ်။ဒါတင်ပဲလားဆိုတော့ ကျန်ပါသေးတယ် စားသောက်ဆိုင်တွေ၊ရုံးခန်းတွေနဲ့ လေယာဉ်တွေအတွက်တောင်မှ သူမရဲ့ဒီဇိုင်းဖန်တီးမှုတွေကိုပြုလုပ်ခဲ့ပါတယ်။


   
   
(7)Philippe Starck
၁၉၄၉ခုနှစ်ဖွား ပြင်သစ်ဒီဇိုင်နာဟာ Steve Job's ရဲ့ရွက်လှေကို ပုံဖော်သူတစ်ယောက်ပါ။
ပင်လယ်တွေနဲ့သင်္ဘောတွေကိုကြိုက်နှစ်သက်တဲ့သူဟာ ၂၀၀၇ခုနှစ်မှာလဲ Rio De Janeiro မှာရှိတဲ့ Hotel Fasanoကို သစ်သားတွေ၊ဖန်တွေ၊စကျင်ကျောက်တွေနဲ့ အတွင်းရောအပြင်ပါ ဒီဇိုင်းထုတ်အလှဆင်ခဲ့ပါသေးတယ်။မြောက်အမေရိကား၊ပြင်သစ်၊ဂျပန်၊နယူးယောခ့်၊လော့စ်အန်ဂျလိစ်၊မိုင်ယာမီ၊လန်ဒန်၊မွန်ဘိုင်း စတဲ့နေရာတွေမှာ Starck ရဲ့လက်ရာတွေတပုံချည်းပါပဲ။TED talks မှာပါဝင်ရတဲ့ ပထမဆုံးဒီဇိုင်နာကိုပြပါဆိုရင်တော့ ကျွန်တော်အခုတင်ထားတဲ့postရဲ့ နံပါတ်၇ဒီဇိုင်နာကိုကြည့်ပါ😜။နောက်ထပ်ခင်ဗျားတို့မျက်လုံးပြူးစရာတစ်ခုက အခုမြန်မာနိုင်ငံမှာလူတန်းစားတော်တော်များများ အသုံးပြုနေကျတဲ့ Xiaomi ကုမ္ပဏီကိုသိတယ်ဟုတ်? အဲ ၎င်းရဲ့ Mi MIX ကိုလဲ သူကဒီဇိုင်းဆွဲဖို့ကူညီပေးထားတာပါတဲ့ဗျာ😱။သူ့မိန်းမစံပယ်ပန်းလေး အဲလေ Jasmineနဲ့တူတူ ပြင်သစ်နိုင်ငံ၊တစ်ခါတစ်လေ လေယာဉ်ပေါ်၊တစ်ခါတစ်လေ ပြင်သစ်နိုင်ငံအနောက်တောင်ပိုင်းမှာရှိတဲ့ သူတို့ရဲ့ ကရုကမာမွေးမြူရေးခြံမှာနေပါသတဲ့ခင်ဗျာ။


   

   
(8)Rockwell Group(David Rockwell - Founder)
၁၉၅၆ခုနှစ်မှာမွေးတဲ့ အမေရိကန်ဗိသုကာပညာရှင်၊ဒီဇိုင်နာ David Rockwell ဟာဆိုရင် ၁၉၈၄ မှာတည်ထောင်ခဲ့တဲ့Rockwell Group ကြီးရဲ့ Founder တစ်ယောက်ပါ။person award ကို အကြိမ်၂၅၀တိုင်တိုင်ရထားတဲ့ သူရဲ့ New York အခြေစိုက်ရုံးခွဲတွေဟာ Madrid နဲ့ Shanghai မှာလဲရှိနေပါတယ်။သူ့ရဲ့projectတော်တော်များများဟာ Restaurant,Hotel,Airport Terminal,Hospital,Museum Exhibitionတွေဖြစ်ပါတယ်။ကမ္ဘာကျော်စားဖိုမှုး Gordon Ramsey ရဲ့ Maze စားသောက်ဆိုင်,ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ Nobu restaurant (New York,Hong Kong,Las Vegas,Doha,Dubai,Melbourne),ဆန်ဖရန်စစ်စကိုမှာရှိတဲ့ The Walt Disney Family Museum,Vancouver မှာရှိတဲ့ TED theater,၂၀၀၉နဲ့၂၀၁၀မှာကျင်းပခဲ့တဲ့ 81st and 82nd Annual Academy Awards(မြန်မာနိုင်ငံဟုတ်ပုနော်😁),ကမ္ဘာကျော်မင်းသားကြီးနှစ်ယောက်ပါဝင်တဲ့Catch Me If You Can အိုး အများကြီးပါပဲ သူတို့တာဝန်ယူထားတဲ့ projectတွေကနော်။


   
   
(9)Victoria Hagan Interiors
ကဲယောက်ကျားလေးတွေပဲများနေလို့ ဒီတစ်ခါက Victoria Haganလို့ခေါ်တဲ့ဒီဇိုင်နာမလေး(တကယ်ကအသက်တော့နည်းနည်းကြီးနေပြီ 😁)သူ့ကိုက Architecture နဲ့Interiorတို့ရဲ့ဘုရင်မတဲ့ သူ့ရဲ့ Farm ကတော့ New York baseပါပဲ။၂၀၀၂ခုနှစ်မှာတော့ 
VH Collection လို့အမည်ပေးထားတဲ့ Victoriaရဲ့ Furniture,Fabric နဲ့ Rug linesဒီဇိုင်းတွေကို တစ်နိုင်ငံလုံးက Designer showroom တွေမှာဖြန့်ချီရောင်းချပေးခဲ့ပါတယ်။သူမရဲ့ ဒီဇိုင်းနဲ့ပါတ်သတ်ပြီး ခံယူချက်ကတော့ "I have always believed that design is about the unexpected.Design is about using your imagination to creat special environments to live in and enjoy"


   
   
(10)Marmol Radziner
လော့စ်အိန်ဂျလိစ် base ဖြစ်တဲ့ ဒီ ဒီဇိုင်းကုမ္ပဏီကိုတော့ FAIA(Fellow of the American Institute of Architects)အဖွဲ့ဝင်နှစ်ယောက်ဖြစ်တဲ့ Leo Marmol နဲ့ Ron Radziner တို့က ၁၉၈၉ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။အထူးသဖြင့် Residential,Commercial,Hospitality,Cultural နဲ့ Community project တွေကိုပြုလုပ်ပြီး 
ဒီဇိုင်းserviceအနေနဲ့လည်း Architectural design,construction, landscape design,interior design,furniture design,jewelry design နဲ့ modern restoration တို့ကိုလဲပြုလုပ်ပါသေးတယ်။သူတို့ရဲ့ Client တွေလဲ လုံးဝအမိုက်စားတွေပါ Tom Ford,Ashton Kutcher and Demi Moore,Ellen DeGeneresနဲ့အခြားသော အောင်မြင်တဲ့အနုပညာရှင်တွေလဲ ပါဝင်ပါတယ်။

ကဲအခုဆိုရင် ကမ္ဘာ့ထိပ်တန်း နာမည်ကြီးဒီဇိုင်နာ ၁၀ယောက်အကြောင်းတော့ပြောပြီးသွားပြီ။ကမ္ဘာ့ထိပ်တန်းနာမည်ကြီးဒီဇိုင်နာ ၁၀ယောက်မှာနောက်ဆို သင့်နာမည်ပါလာမယ်လို့် ဘယ်သူမှတပ်အပ်မပြောနိုင်ပါဘူး

ဒီထဲက သင်လေးစားအားကျ အတုယူရတဲ့ ဒီဇိုင်နာများ ရှိလားမသိဘူးဗျ ?

Reference:Wiki,AllRefer 
Shareလုပ်ပြီးအမှတ်များရယူပါ
0 Aavapoints

Trending:

www.study&Career.com

H1

Naing Ye

Share  100 Views

တော်ဝင်စင်တာ ကပေးလိုက်တဲ့ အတွေးတွေ

တော်ဝင်စင်တာက
more

Thel

1 Share  433 Views

Antonyms (Opposite words)

Antonyms (Opposite words)      
more

Chaw Kay Khine Chue

3 Share  295 Views

share & earn aavapoint

Aavashare

2 Share  133 Views