Sales လား?Marketing လား?

Study & Career
26/04/2017
597 views
Sale လား၊ Marketing လား ?
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ 

မင်္ဂလာပါ 😃 😃
ကျွန်တော်တို့ ပတ်ဝန်းကျင်မှာဆိုရင် Marketing ဆင်းတယ်ဆိုတဲ့စကားလုံးကိုခဏခဏ ကြားဖူးကြမှာပါ။ ပြဿနာကဘာလဲဆိုတော့ Marketing ဆင်းတယ်ဆိုတာ Sales Promotion လုပ်တာကိုခေါ်တာဖြစ်နေတာပါ။ ဒီတော့ Marketing နဲ့ Sales နဲ့ကိုအတော်များများက တူတယ်လို့ထင်သွားကြပါတယ်။ ဒါ့အပြင် ကုမ္ပဏီငယ်တွေမှာက Marketing နဲ့ Sales ဌာန နှစ်ခုကိုပေါင်းပြီးတော့ Sales & Marketing ရယ်လို့ Department တစ်ခုတည်းထားလိုက်တော့ ပိုရောကုန်ပါတယ်။ Marketing ဝန်ထမ်းတွေကိုလည်း Sales လုပ်ခိုင်းတာမျိုးတွေရှိနေတော့ ရောသထက်ရောပေါ့ဗျာ။ 
ဒါကြောင့်မို့ ဒီတစ်ပါတ် Ace Myanmar ရဲ့ Knowledge Sharing ကဏ္ဍကနေ Sales နဲ့ Marketing ကွာခြားချက်လေးတွေကို ဝေမျှပေးချင်ပါတယ်။ 


   
၁ 👉 အဓိပ္ပါယ်ဖွင့်ဆိုချက် (Definition)
Marketing ကိုအဓိပ္ပါယ်ဖွင့်ဆိုမယ်ဆိုရင်တော့ “စနစ်တကျစီစဉ်ထားသောစီမံခန့်ခွဲခြင်းနည်းလမ်းများဖြင့် ဈေးကွက်ဖော်ဆောင်မယ်၊ ပြိုင်ဘက်တွေထက်  လက်ဦးမှုရယူမယ်၊ စားသုံးသူတွေရဲ့ အသည်းနှလုံးကိုလှုပ်ကိုင်ပြီး လူသိအောင်ဈေးကွက်ဖောက်တာဖြစ်ပါတယ်။ ” လို့အကြမ်းဖျင်း ဖွင့်ဆိုပေးနိုင်ပါတယ်။ အခြား ဖွင့်ဆိုချက်များလည်းရှိပါသေးတယ်။ 

Sales ကိုတော့ လူနှစ်ဦး သို့မဟုတ် အဖွဲ့အစည်းနှစ်ခုအကြား ကုန်ပစ္စည်း/ ဝန်ဆောင်မှုနှင့် ငွေကြေးကိုလဲလှယ်ခြင်းလို့ အဓိပ္ပါယ်ဖွင့်နိုင်ပါတယ်။ ဒါကလည်း ဈေးကွက်ဖော်ဆောင်ပြီးနောက်ပိုင်းမှာ လုပ်ငန်းက ကိုယ့်ကုန်ပစ္စည်း၊ ဝန်ဆောင်မှုများကို ဈေးကွက်ထဲမှာရောင်းပြီး လုပ်ငန်းရေရှည်လည်ပတ်ဖို့ ငွေပြန်ရှာတယ် တစ်နည်း အမြတ်ရအောင် စွမ်းဆောင်ကြတာဖြစ်ပါတယ်။

အဓိပ္ပါယ်ဖွင့်ဆိုမှုနှစ်ခုကိုယှဉ်ကြည့်မယ်ဆိုရင် Marketing ကပိုကျယ်ပြန့်တဲ့သဘောကိုဆောင်ပေမယ့်  Sales ကတော့ အရောင်းအဝယ်ဆိုတဲ့အနောက်မှာ လုပ်ငန်းအတွက်ငွေကြေးပတ်သက်ပြီးအကျိုးပြုတယ်လို့ အဓိပ္ပါယ်ရှိပါတယ်။

၂ 👉 Strategy 
Marketing Strategies တွေရဲ့ အဓိကရည်ရွယ်ချက်က ကိုယ့်ကုန်ပစ္စည်း/ ဝန်ဆောင်မှုဆီကို Customers တွေစိတ်ဝင်စားမှုရရှိစေဖို့ပါ။ တနည်းအားဖြင့်ပြောရရင် Pull လို့ခေါ်လို့ရပါတယ်။

Sales ကျတော့ Push လို့ပြောနိုင်ပါတယ်။ ကိုယ့်ကုန်ပစ္စည်းကို Customers တွေဆီရောက်အောင်ပို့ပေးပြီး ဝယ်ယူအောင်လုပ်တာပါ။

၃ 👉 ကာလ ( Time Horizon)
အချိန်ကာလအရဆိုရင်တော့ Marketing က ကာလရှည် (long-term)  ဖြစ်ပြီး Sales ကတော့ ရေတို (Short-term) ကာလအပိုင်းအခြားတစ်ခုထိသာ ဆောင်ရွက်ကြပါတယ်။

၎ 👉 လုပ်ငန်းစဉ် (Process)
လုပ်ငန်းစဉ်တွေကိုကြည့်မယ်ဆိုရင်တော့ Marketing မှာ အတော်ကိုများပြားပါတယ်။ ဈေးကွက်ကိုရှာဖွေခြင်းတွေ ဆန်းစစ်လေ့လာခြင်းတွေကစလို့ ဈေးနှုန်းသက်မှတ်ခြင်းတွေ အလယ် Brand တည်ဆောက်ခြင်းတွေ အဆုံးထိပါဝင်ပါတယ်။ 

Sales ကတော့ သက်မှတ်ထားတဲ့အရေအတွက်ကို သက်မှတ်ထားတဲ့ကာလအတွင်း ရောင်းချနိုင်ဖို့၊ ဝင်ငွေပြန်ရှာဖို့ အဓိကဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာတော့ ရှုပ်​​ထွေးတဲ့ Sales Process တွေပါဝင်ပေမယ့် အပေါ်မှာ ပြောခဲ့သလို Short term သာဖြစ်တဲ့အတွက် Marketing Process တွေလောက်တော့မများပါဘူး။ လုပ်ငန်းပေါ်မူတည်ပြီး ရောင်းခြင်းမဟာဗျူဟာတွေ ကွာခြားချက်ရှိပါတယ်။

၅ 👉 ဦးတည်ချက် ( Priority)
Marketing ရဲ့ ဦးတည်ချက်ကတော့ ကုန်ပစ္စည်းကို Customers တွေဘယ်လိုသိအောင်လုပ်မလဲကနေ ရေရှည်ဆက်ဆံရေးတစ်ခုရအောင်ဘယ်လိုတည်ဆောက်မလဲထိပါဝင်ပါတယ်။ 

Sales ကတော့ သတ်မှတ်ထားတဲ့အချိန်အတွင်း ပစ္စည်းကုန်အောင်ရောင်းချဖို့၊Target တစ်ခုရအောင်ရောင်းဖို့ဖြစ်ပါတယ်။

Marketing နဲ့ Sales ဟာသေချာလေ့လာကြည့်မယ်ဆိုရင် လုံးဝမတူသလောက်ကို ကွာခြားပါတယ်။ ပညာရပ်တွေကို လေ့လာရာမှာလည်း ပူးတွဲလေ့လာတာထက် သီးခြားလေ့လာတာပိုအဆင်ပြေပါလိမ့်မယ်။ 
Marketing မှာလည်းသူနဲ့ ပါတ်သတ်တဲ့ Strategies တွေ Tactics တွေအစုံအလင်ရှိသလို Sales မှာလည်း သက်ဆိုင်ရာဘာသာအလိုက် Strategies တွေ၊ Methods တွေ၊ Theory တွေ အစရှိသဖြင့် လေ့လာစရာတွေစုံလင်လှပါတယ်။ 

မူရင်း : Ace Myanmar Training Center
(Ace Myanmar Training Center ဟာဆိုရင် Management နဲ့ Englishဘာသာရပ်တို့ ကိုလေ့လာသင်ယူနိုင်တဲ့နေရာတစ်ခုပါ။ဆက်သွယ်ရန်ဖုန်းနံပါတ်ကတော့ ၀၉၄၁၀၀၆၅၉၅ပဲဖြစ်ပါတယ်။)
Shareလုပ်ပြီးအမှတ်များရယူပါ
0 Aavapoints

Trending:

www.study&Career.com

H1

Naing Ye

Share  100 Views

တော်ဝင်စင်တာ ကပေးလိုက်တဲ့ အတွေးတွေ

တော်ဝင်စင်တာက
more

Thel

1 Share  433 Views

Antonyms (Opposite words)

Antonyms (Opposite words)      
more

Chaw Kay Khine Chue

3 Share  295 Views