သင့်ရဲ့အလုပ်ခွင်ဘဝကိုစတင်ခြင်း Starting Your Working Life

Study & Career
28/02/2017
777 views


Starting your working life 

သင့်ရဲ့အလုပ်ခွင်ဘဝကိုစတင်ခြင်း

ဘွဲရပီးစလူငယ်တစ်ယောက်အလုပ်လာလျောက်တဲ့အခါ 
"ကျွန်မရဲ့မျှော်မှန်းလစာကတော့ ၁၀သိန်းပါ" 
အဲ့ဒါနဲ့ ကျွန်တော်အလုပ်လာလျောက်သူကိုမေးလိုက်ပါတယ်။ အခုသမီးတောင်းတဲ့လစာနဲ့ဆိုရင် အနည်းဆုံးငါးလထဲနဲ့တင် ကုမ္ပဏီတစ်ခုထောင်လို့ရနိုင်တာ သမီးသိလား?
အဲ့ဒါနဲ့ပဲ အလုပ်လာလျောက်သူဟာတိတ်ဆိတ်သွားပါတယ်။လုပ်သက်အများကြီးကြာပြီဖြစ်တဲ့ HR Director တစ်ယောက်အနေနဲ့ အခုမှအလုပ်ခွင်ဘဝစမယ့် ဘွဲ့ရကာစလူငယ်တွေကို ဒီအကြံတွေဝေမျှပေးချင်ပါတယ်။
 

(၁)Set Realistic Expectations!


ဘွဲ့ရစလူငယ်တစ်ယောက်အနေနဲ့ အလုပ်ခွင်နဲ့ပါတ်သတ်ပြီးSkills တော်တော်များများရှိဦးမှာမဟုတ်ပါဘူး။Company ဆိုသည်မှာသင်ကထိုcompanyပေါ် ဘယ်လောက်အကျိုးရှိနိုင်လဲပေါ်မူတည်ပြီး လစာသတ်မှတ်ချက်တစ်ခုပေးမှာပါ။တကယ်လို့သင်ကဘွဲ့ရကာစ အခုမှပထမဆုံးအလုပ်စလုပ်မှာဆိုရင် Companyအနေနဲ့သင့်ကို အများကြီးသင်ပေးရမယ်၊အများကြီး Train ပေးဖို့သူတို့ဘက်ကလိုမှာပါ။အဲ့ဒီ့တော့ သင့်ရဲ့တကယ့်လစာဆိုတာ Company တစ်ခုကနေသင်ရနိုင်တဲ့ အတွေ့အကြုံပါပဲ။ 
 

(၂)Learn & Learn


လူငယ်တစ်ယောက်အနေနဲ့ မိမိရဲ့skillsအသစ် တွေအမြဲတိုးတက်နေစေဖို့ သင်ယူနိုင်တဲ့Company တစ်ခုမှာ အလုပ်လုပ်ဖို့ကလဲအရေးကြီးပါတယ်။အဲ့လိုအလုပ်လုပ်ခြင်းဖြင့် သင့်ရဲ့ ဗဟုသုတကြွယ်ဝဖို့၊အဆက်အသွယ်ကောင်းတွေရဖို့၊လုပ်ငန်းသဘောတရားနားလည်ကျွမ်းကျင်ဖို့၊လုပ်ငန်းခွင်မှ cultureတွေနဲ့Interpersonal Skillsတွေတိုးတက်ဖို့ တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေဖြစ်လာနိုင်စေပါတယ်။အတွေ့အကြုံကောင်းတွေရလေလေ သင့်ရဲ့ အလုပ်မှာရာထူးတက်ဖို့အခွင့်အရေးနဲ့ တိုးတက်ဖို့လမ်းကြောင်းတွေကလဲ ပိုမိုများပြားလာမှာပါ။

(၃)Work Hard

ကိုယ်စွမ်းကိုယ်စနဲ့အလုပ်ကိုပိုကြိုးစားလုပ်ပါ။အကျိုးအမြတ်အနေနဲ့ Companyနဲ့လုပ်ဖော်ကိုင်ဖက်တွေကိုကူညီရာရောက်ပြီး ၊သင့်အတွက်လဲ ကျန်းမာရေးအမြင်နဲ့ကြည့်ရင်ကိုယ်ရဲ့ အလုပ်နဲ့ပါတ်သတ်တဲ့တာဝန်ယူလိုစိတ်တွေပါတိုးတက်လာမှာပါ။သင့်ရဲ့အထက်လူကြီးတွေကလဲ သင်ဟာ အဖွဲ့အစည်းနဲ့လုပ်ရတာပဲဖြစ်ဖြစ်၊တစ်ဦးတစ်ယောက်ထဲလုပ်ရတာဖြစ်ဖြစ် အလုပ်ကြိုးစားလုပ်တယ်ဆိုပြီး အလွယ်တကူ မှတ်မိနေနိုင်ပါတယ်။
 

(၄)Positive work attitude

Positive work attitude ဆိုတာကတော့ ဘယ်လိုခက်ခဲတဲ့အခြေအနေမျိုးပဲဖြစ်ဖြစ် ကျွမ်းကျင်စွာလုပ်ကိုင်နိုင်တဲ့အရည်အချင်းမျိုးကိုခေါ်တာပါ။တကယ်လို့သင်ကပေါ့ဆပြီးအမှားကြီးကြီးတစ်ခုကျူးလွန်မိတာမျိုးမှာ သင့်ရဲ့မန်နေဂျာကအကြီးအကျယ်ဆူပြီဆိုပါစို့ ထိုအမှားကိုလက်ခံပြီး၊ထိုအမှားအတွက်တောင်းပန်လိုက်ပါ။ပြီးရင်တစ်ဆက်ထဲ ထိုအမှားကနေသင်ယူရင်းနောက်ထပ်အလားတူအမှားမျိုးထပ်မဖြစ်ရအောင် ဂရုစိုက်ပါ။ကောင်းမွန်တဲ့အမြင်ရှိခြင်း(Being positive)ဆိုတာ Negative situation(မကောင်းတဲ့အခြေအနေ/အခြေအနေဆိုး)တစ်ခုမှာ မိမိရဲ့ Own development(ကိုယ်ရည်ကိုယ်သွေးတိုးတက်ဖို့)အကျိုးရှိစွာအသုံးချခြင်းပါပဲ။
 

(၅)Be on time

အချိန်တိကျမှန်ကန်စွာ အလုပ်လုပ်ခြင်းက လူတစ်ယောက်ကို ၉၀%အောင်မြင်စေနိုင်ပါတယ်။သင့်ကိုအလုပ်တစ်ခုခိုင်းလိုက်ရင် ၁၀၀%မပြည့်စုံ၊မဖြစ်မြောက်ပေမယ့် အချိန်မှီပြီးမြောက်တာမျိုးကို
သင့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေကသဘောကျနှစ်ခြိုက်ကျမှာပါ။ 
 

(၆)Do not eat lunch alone

လူတိုင်းနဲ့အံဝင်ခွင်ကျဖြစ်အောင်သင်ယူပါ။နေ့လည်စာစားတဲ့အချိန်က စကားဟိုဟိုဒီဒီပြောရင်း၊တခြားသူတွေနဲ့ရင်းနှီးတဲ့ဆက်ဆံရေးကိုတည်ဆောက်ဖို့အချိန်ကောင်းပါပဲ။သင့်ရဲ့နေ့လည်စာကို လုပ်ဖော်ကိုင်ဘက်တွေနဲ့မျှဝေစားသောက်ရင်း သင်ဟာအလုပ်ခွင်ပြင်ပမှာဘယ်လောက်နှစ်လိုဖွယ်ကောင်းကြောင်းဖော်ပြလိုက်ပါ။
 

(၇)Be Humble

လူငယ်တွေကြားလုပ်မိတတ်တဲ့အမှားမျိုးက သူတို့ဖြစ်ချင်၊လုပ်ချင်တာကိုပဲသိပြီး အဲ့ဒါကို စိတ်ရှည်ရှည်နဲ့မစောင့်နိုင်တာပါပဲ။(လက်ဖက်ကောင်းစားချင်ရင်ပလောင်တောင်တက်နှေးရတယ်ဆိုတာရှေးလူကြီးတွေရဲ့အလကားစကားမဟုတ်ပါဘူး) သူတို့မေ့နေတာက မိမိဟာ အသင်းအဖွဲ့ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အောင်မြင်မှုရရှိဖို့ မိမိရဲ့အသင်းအဖွဲ့နဲ့အတူတကွလုပ်ဆောင်ရမယ်ဆိုတာပါပဲ။မိမိကိုယ်ကိုနှိမ့်ချစွာဆက်ဆံတတ်ပြီး၊အသင်းအဖွဲ့လိုက်လုပ်ဆောင်မှုကို အာရုံစိုက်ခြင်းဟာ သင့်ရဲ့ခေါင်းဆောင်နိုင်မှုစွမ်းရည် တိုးတက်စေယုံသာမက၊သင့်လုပ်ဖော်ကိုင်ဖက်တွေရဲ့လေးစားယုံကြည်မှုကိုလဲ အတင်းလုပ်မယူပဲရရှိစေနိုင်ပါတယ်။

(၈)Ask questions!

မဖြစ်မနေလုပ်ရမယ့်အလုပ်တစ်ခုကို သင့်အနေနဲ့ မရှင်းလင်းတာပြဲဖစ်ဖြစ်၊ဘာလုပ်ရမှန်းသေချာမသိတာမျိုးပြဲဖစ်ဖြစ် ကြုံတဲ့အခါမှာရှင်းရှင်းလင်းလင်းသိအောင်ပြန်မေးဖို့မကြောက်ပါနဲ့။မကြာခဏဆိုသလို အလုပ်ထဲမှာ မိမိရဲ့လုပ်ဖော်ကိုင်ဖက်နဲ့ကတောက်ကဆဖြစ်ဖူးကျမှာပါ၊အဲ့ဒါဘာလို့လဲဆိုတော့ မိမိရဲ့တာဝန်နဲ့ပါတ်သတ်ပြီး သေချာနားမလည်၊မသိကျလို့ပါပဲ။"ဒီအလုပ်ကတော့ ငါ့အလုပ်မဟုတ်ဘူး တစ်ခြားတစ်ယောက်လုပ်လိုက်မယ်" လို့လူတိုင်းကယူဆနေကျလို့ပါပဲ။အဲ့ဒါကြောင့် အလုပ်တာဝန်တစ်ခုပေးတိုင်း သင်လုပ်ရမယ့်အပိုင်းနဲ့တာဝန်ကဘာတွေလဲ၊ပြီးတော့ ၎င်းတာဝန်ပြီးဆုံးရင်နောက်တစ်ယောက်ကို ဘယ်လို Handoverလုပ်မလဲဆိုတာ သေချာရှင်းရှင်းလင်းနားလည်တဲ့အထိမေးပါ။
 

(၉)Do not idle around,be proactive!

သင့်ရဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဟာ အလုပ်တွေအရမ်းရှုပ်နေတာသင်တွေ့တဲ့အခါ ဘယ်တော့မှလစ်လျူမရှုပါနဲ့ ၊အကူအညီတတ်နိုင်သလောက်ပေးပါ။တစ်ခုခုမနိုင်မနင်းသယ်လာရင်ကူပေးတာ၊ရေတစ်ခွက်လောက်လမ်းကြုံရင်ခပ်ပေးတာတောင်မှ သင့်ရဲ့လုပ်ဖော်ကိုင်ဖက်က်က သင့်အပေါ်ယုံကြည်မှုနဲ့ စိတ်ချအားကိုးမှုကိုတည်ဆောက်သလိုဖြစ်စေနိုင်ပါတယ်။ဒါ့အပြင် သင်အကူအညီလိုအပ်လာတဲ့ တစ်နေ့မှာလဲ သူကပျော်ပျော်ရွှင်ရွှင် လိုလိုလားလားနဲ့ကူညီပေးချင်မှာပါ။ 

ကဲ အခုအပေါ်ကအချက်တော်တော်များများကို မိမိရဲ့အလုပ်ခွင်မှာလိုက်နာကျင့်သုံးကျမယ်ဆိုရင် မိမိရဲ့လုပ်ဖော်ကိုင်ဖက်သာမက အလုပ်ရှင်စီကပါ လေးစားမှုကိုရရှိနိုင်မှာပါ။ 
အခုမှအလုပ်ခွင်ဝင်မယ့်လူငယ်လေးတွေကိုလဲ ပျော်ရွှင်စရာကောင်းပြီး၊အရည်အချင်းကောင်းတွေတိုးတက်ထုတ်ဖော်ပြသနိုင်တဲ့ အလုပ်ခွင် ဖြစ်ပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။ 

U Bala

        
Shareလုပ်ပြီးအမှတ်များရယူပါ
0 Aavapoints

Trending:

www.study&Career.com

H1

Naing Ye

Share  98 Views

တော်ဝင်စင်တာ ကပေးလိုက်တဲ့ အတွေးတွေ

တော်ဝင်စင်တာက
more

Thel

1 Share  429 Views

Antonyms (Opposite words)

Antonyms (Opposite words)      
more

Chaw Kay Khine Chue

3 Share  293 Views