Interview အကောင်းဆုံးဖြေထားပါလျက်နဲ့ဘာလို့အလုပ်မရတာလဲ?

Study & Career
24/02/2017
836 views
အလုပ်လျောက်လွှာတင်ပြီး မကြာခင် Interviewခေါ်တဲ့ အခါမျိုးမှာ ကျွန်မတို့တော်တော်များများဟာ အလုပ်တစ်ခါထဲရဖို့ မျှော်လင့်ချက်ထားဖူးတဲ့သူများပါလိမ့်မယ်။
အဲ့လိုမျှော်လင့်ချက်ဟာအမြဲတမ်း မမှန်ကန်နိုင်တဲ့အပြင် အင်တာဗျူးဖြေပြီးသည့်တိုင်အောင် မဆက်သွယ်လာတာကြောင့် အားမလိုအားမရတွေဖြစ်၊နောက်ဆုံးစိတ်ပျက်အားလျော့လာတဲ့အခြေအနေမျိုးလဲ တစ်ချို့သူတွေမှာကြုံဖူးကျလိမ့်မယ်လို့ ကျွန်မယုံကြည်ပါတယ်။
တကယ်တော့အလုပ်အင်တာဗျူးဆိုတာဟာ ယူတတ်ရင် ပညာရနိုင်တဲ့စာမေးပွဲလိုဖြစ်ပြီး မယူတတ်ရင်တော့ မိမိပြင်ဆင်ထားသမျှ မိနစ်ပိုင်းအတွင်းသဲထဲရေသွန်ဖြစ်သွားစေနိုင်တဲ့ အင်မတန်အန္တရာယ်များတဲ့ အခြေအနေလို့ဆိုနိုင်ပါတယ်။အဲ့တော့ဘယ်အချက်တွေကများ သင့်ရဲ့အလုပ်အင်တာဗျူးမအောင်မြင်ဖြစ်ခဲ့အောင် တွန်းအားပေးခဲ့တာလဲဆိုတာရော စဉ်းစားခဲ့ဖူးပါလား?ကျွန်မကတော့ ကျွန်မရဲ့စာဖတ်အတွေ့အကြုံနဲ့ အင်တာဗျူးဗဟုသုတတွေအရ အင်တာဗျူးအကောင်းဆုံးဖြေထားပါလျက်နဲ့ ဘာလို့ အလုပ်မရတာလဲဆိုတဲ့ အကြောင်းအရာနဲ့ပါတ်သတ်ပြီး ဆွေးနွေးတင်ပြပေးချင်ပါတယ်။

(၁)Qualification(Certificate)တွေအရကျွမ်းကျင်မှုက လက်တွေ့စမ်းသပ်တဲ့အခါမှာမအောင်မြင်တာ
လက်မှတ်ရဖို့ပညာသင်ခဲ့တာလား?ပညာသင်ရင်းလက်မှတ်ယူခဲ့တာလား?သင့်မှာဘယ်လောက်ပဲဈေးကြီးတဲ့သင်တန်းကျောင်းကလက်မှတ်တွေ တစ်ထပ်ကြီးရှိနေပါစေ အင်တာဗျူးတဲ့အချိန် လက်တွေ့စမ်းသပ်မေးမြန်းတဲ့အခါ သေချာအောင်မဖြေဆိုနိုင်ဘူးဆိုရင်တော့ သင်ရထားတဲ့ လက်မှတ်တွေက ပိုက်ဆံတွေကိုစက္ကူ အဖြစ်ပြောင်းပစ်လိုက်ယုံသက်သက်ပါပဲ။အဲ့တော့စာရွက်ပေါ်ကအရည်အချင်းကို အလုပ်ခန့်ထားသူတွေကပယ်ချတာ မဆန်းပါဘူး။ဒါကြောင့် ငယ်ရွယ်သူတွေမှာ မိမိဘဝလမ်းကြောင်းအတွက်ပညာရှာရင်း ကိုယ့်ရဲ့ကိုယ်ပိုင်အရည်အချင်းတိုးတက်အောင်လုပ်ဖို့အရေးကြီးပါတယ်။

(၂)Overconfidence မျိုးရှိတာ(အသွက်လွန်လွန်းတာ)
အလုပ်ခန့်ထားသူတွေဟာ ၎င်းတို့မေးတဲ့မေးခွန်းများကို သွက်လက်ချက်ချာစွာ၊လိုရင်းတိုရှင်းဖြေဆိုတတ်ကျသူတွေကိုသဘောကျကျပေမယ့်၊မိမိကိုယ်ကို ဆရာကြီးပုံစံနဲ့ သိသလောက်အကုန်ပြောတာမျိုး၊မေးခွန်းကိုလိုရာဆွဲဖြေတဲ့သူမျိုးကိုတော့ အလုပ်ခန့်ထားဖို့ အနည်းငယ်တွေဝေတတ်ကျပါတယ်။တဆက်ထဲမှာပြောချင်တာက လည်တာနဲ့သွက်လက်တာမျိုးကမတူပါဘူး။သွက်လက်တာက Positive သဘောမျိုးဖြစ်ပြီး၊လည်တာမျိုးကတော့ Negativeသဘောမျိုးသက်ရောက်ပါတယ်။အလုပ်ခန့်ထားသူတွေရဲ့မေးခွန်းကို မိမိရဲ့အတွေ့အကြုံအတိုင်း လိုရင်း၊တိုရှင်း၊ထိထိမိမိ ပြောနိုင်ရင် ရပါပြီ။ပိုပြောမိသွားတာမျိုး၊လိုသွားတာမျိုးမဖြစ်စေရန်ရှောင်ကျဉ်ပါ။

    

(၃)အရင်အလုပ်ရဲ့မကောင်းကြောင်းပြောလွန်းတာ
အင်တာဗျူးတိုင်းကသင့်မှာ အရင်အလုပ်ရှိခဲ့ဖူးတယ်ဆိုရင် ဘာကြောင့်ထွက်တာလဲ?အရင်အလုပ်ကဘာတွေကောင်းလဲ၊မကောင်းလဲ?ဆိုတဲ့မေးခွန်းမျိုးကမလွဲမသွေ ကြုံရတာမျိုးပါ။အဲ့လိုအရင်အလုပ်အကြောင်းမေးမြန်းတဲ့ အခါမျိုးမှာ ကောင်းသည်ဖြစ်စေ၊ဆိုးသည်ဖြစ်စေ တတ်နိုင်သရွေ့ အရင်အလုပ်ရဲ့မကောင်းကြောင်းကိုမပြောမိဖို့အထူးလိုအပ်ပါတယ်။ဒါ့အပြင် သင့်ရဲ့ ပြောဆိုထင်မြင်ယူဆချက်တွေဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာခံစားချက်တွေ ပါဝင်နေမယ်ဆိုရင်တော့ အလုပ်ခန့်ထားတဲ့သူတွေရဲ့သင့်အပေါ်မှာထားရှိတဲ့အမြင်ပါပြောင်းလဲသွားနိုင်ပါတယ်။ဒါကြောင့် ၎င်းမေးခွန်းမျိုးမေးတဲ့အခါ အကောင်းမြင်စိတ်နဲ့သာပြောဆိုပြီး အပြစ်တင်ဝေဖန်တာမျိုး၊မကောင်းကြောင်းပြောဆိုမိတာမျိုး မလုပ်မိစေဖို့အထူးဂရုပြုရန်လိုအပ်ပါတယ်။သင့်ရဲ့အရင်အလုပ်အကြောင်းမကောင်းပြောရင် သူတို့ရဲ့အလုပ်အကြောင်းလဲ သင်အလုပ်ကထွက်ပြီးသည့်တိုင်အောင် မပြောပါဘူးလို့ ဘယ်သူမှအာမမခံနိုင်ပါဘူး။သင်သာအလုပ်ခန့်သူနေရာမှာဆိုရင်ရော?

(၄)အင်တာဗျူးသူ(အလုပ်ခန့်ထားသူတွေ)အပေါ်Respectမရှိတာ၊First Impression မှာ Personal Gromming နဲ့မညီတာ
အမြဲအလှပြင်တတ်သူမိန်းကလေးလား၊ကပိုကရိုနေတတ်သူလား?သင်ရဲ့Companyမှာခန့်ထားမယ့်လူတစ်ယောက်ကို သင့်ရှေ့မှာ မလေးမစားအပြုအမူ(ဒူးနန့်၊ပီကေဝါး၊ကွမ်းစား၊ဆေးလိပ်နံ့ရှိ၊ဂျိုင်းနဲ့ရှိ၊အရက်နံ့ရှိ)တာမျိုးတွေတွေ့ရရင် သင်ကော အလုပ်ခန့်ထားနိုင်မလား?ခန့်နိုင်ပါတယ်ပြောတဲ့သူရှိရင် မှတ်တမ်းတင်ထားချင်ပါတယ် ကျွန်မကိုခေါ်လာပေးပါ။Personal Groomingဆိုတဲ့နေရာမှာသပ်သပရပ်ရပ်ပြင်ဆင်ဝတ်စားဖို့လိုအပ်ပါတယ်။Lady Gagaလိုမိတ်ကပ်အထူကြီးလိမ်းဖို့မလိုသလို၊ ကိုရီးယားမင်းသမီးတွေလို အဝတ်အစားတွေဖက်ရှင်ကျကျဝတ်ဆင်သွားဖို့လဲမလိုအပ်ပါဘူး။အဓိကကသပ်သပ်ရပ်ရပ်နဲ့မိမိရဲ့ အလုပ်ခန့်သူကို respectတစ်ခုထားရှိတယ် ဆိုရင် အဆင်ပြေပါပြီ။



    
(၅)အချိန်မလေးစားတာ
အချိန်နဲ့ပါတ်သတ်လာရင် တိကျဖို့က အလုပ်အင်တာဗျူးသာမက အလုပ်ခွင်ထဲမှာပါလိုအပ်ပါတယ်။အင်တာဗျူးချိန်းထားတဲ့အချိန်ထက်နောက်ကျတာမျိုးကို ဘယ်လိုအလုပ်ရှင်မျိုးကမှ ထုတ်ဖော်မပြောပေမယ့် ကြိုက်နှစ်သက်တာမျိုးမရှိပါဘူး။သင့်ရဲ့အချိန်လေးစားမှုဟာ သင့်ရဲ့First Impressionအပေါ်ကိုလဲသက်ရောက်မှုရှိပါတယ်။သင့်မှာအရည်အချင်းဘယ်လောက်ရှိရှိ ဒီအချက်နဲ့တင် သင့်ရဲ့အမှတ်လျော့နိုင်ပါတယ်။
   

    
ကဲအခုဆိုရင် အင်တာဗျူးအကောင်းဆုံးဖြေထားပါလျက်နဲ့ ဘာလို့အလုပ်မရတာလဲဆိုတဲ့ အဖြေကတော့ရှင်းပြီလို့ထင်ပါတယ်။အင်တာဗျူးဖြေရင်းမိမိရဲ့အားသာချက်၊အားနည်းချက်ကိုသုံးသပ်ရင်း ဘဝမှာတိုးတက်မှုကိုရှာဖွေနိုင်ပါစေလို့ ဆုတောင်းရင်း............
 
Shareလုပ်ပြီးအမှတ်များရယူပါ
0 Aavapoints
Myozaw Lin 24/02/2017 at 05:42 PM

nice

Amanda Ko 24/02/2017 at 11:36 PM

Thanks :)

Trending:

www.study&Career.com

H1

Naing Ye

Share  100 Views

တော်ဝင်စင်တာ ကပေးလိုက်တဲ့ အတွေးတွေ

တော်ဝင်စင်တာက
more

Thel

1 Share  433 Views

Antonyms (Opposite words)

Antonyms (Opposite words)      
more

Chaw Kay Khine Chue

3 Share  295 Views

Sales လား?Marketing လား?

Sale လား၊ Marketing လား ?
more

Amanda

Share  598 Views