Promoting Youth Development Forum

Study & Career
03/02/2017
595 views
လူငယ်တွေ လက်မလွှတ်သင့်တဲ့ eventလေးတစ်ခုပါ....

Institute of International Professionalism (IIP)  မှ ကျင်းပပြုလုပ်မည့် “Promoting Youth Development” Education Seminar တက်ရောက်ပါရန် ဖိတ်ကြားခြင်း

မြန်မာနိုင်ငံ လူငယ်ထုအကြား အသိပညာ၊ ဗဟုသုတ၊ အခွင့်အလမ်းများနှင့် ဘ၀တိုးတက်ရေး လမ်းကြောင်းများ အတွက် ပြင်ဆင်ဆောင်ရွက်သင့်ပုံများကို ပညာရှင်များမှ လက်တွေ့လုပ်ဆောင်ချက်၊ လုပ်ငန်းခွင် လိုအပ်ချက် အမြင်များကို အသီးသီးဆွေးနွေး ဟောပြောသွားမည် ဖြစ်သည်။ 

ဆွေးနွေးဟောပြောပွဲတွင် ပါမောက္ခ ဒေါက်တာ ဒေါ်လှမြင့်မှ Moderator အဖြစ်တာဝန်ယူဆောင်ရွက်ပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ စီမံခန့်ခွဲမှုပညာဌာန မှ ပါမောက္ခ ဒေါက်တာ ဒေါ်မြင့်မြင့်ကြည်၊ ဘဏ္ဍာရေးနှင့် စီမံကိန်းဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ၀ါဝါမောင်၊ Myanmar Combiz Group မှ ဥက္ကဌ ဦးအောင်စိုးသာတို့မှ Panelists များအဖြစ် လူငယ်များ တိုးတက်ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်နိုင်သည့် ကဏ္ဍများကို ဆွေးနွေးဟောပြောသွားမည်ဖြစ်သည်။ 

ဆွေးနွေးပွဲတွင် Institute of International Professionalism မှ ဖွင့်လှစ်မည့် အင်္ဂလန်နိုင်ငံ အခြေပြု ပညာရေးအဖွဲ့အစည်းများဖြစ်သော ABE Diploma များ၊ othm Diploma များ၊ City of Oxford College (UK) နှင့် ပူးပေါင်းချီးမြှင့်မည့် Diploma များ နှင့် စပ်လျှဉ်းပြီး အသက်မွေးဝမ်းကျောင်း ပညာရေး လမ်းကြောင်းများ၊ ရရှိနိုင်သည့် ဒီပလိုမာများ၊ လုပ်ငန်းခွင် သဘာဝများ၊ ကြာမြင့်ချိန်နှင့် ပေးချေမှု ပုံစံများကို ဆွေးနွေးတင်ပြသွားမည်ဖြစ်သည်။ အဆိုပါ သင်တန်းများသည် တက္ကသိုလ် ၀င်တန်းအောင်၊ တက္ကသိုလ်တက်ရောက်နေသူများ၊ လုပ်ငန်းခွင်မှ လူငယ် များ၊ ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေသူများ၊ နိုင်ငံတကာ အဆင့်မီ Master ဘွဲ့များ တက်ရောက်ရန် စိတ်ဝင်စားသူများ အတွက် ပညာရေးကဏ္ဍများကို ဆွေးနွေးတင်ပြသွားမည်ဖြစ်သည်။ 

ဆွေးနွေးပွဲတွင် တက်ရောက်သည့် လူငယ်များအတွက် နိုင်ငံတကာ ပညာရေးသင်တန်းများအကြောင်းနှင့် ပညာသင်ဆု ချီးမြှင့်ခြင်းများ၊ ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခြင်း ( Financial Aids) အကြောင်းကို ရှင်းလင်း တင်ပြသွားမည်ဖြစ်ပါသည်။ 

#Promoting Youth Development Forum 
#Moderator Prof. Dr. Hla Myint 
#Panelist  Dr. Myint Myint Kyi 
#Panelist Dr. Wah Wah Maung
#Panelist U Aung Soe Tha 

ကျင်းပမည့် နေ့ရက် - ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၀၅) ရက်
ကျင်းပမည့် အချိန် - နေ့လည် ၂း၀၀ နာရီ မှ ၅း၀၀ နာရီ 
ကျင်းပမည့်နေရာ - UMFCCI (အမှတ် ၂၉ ၊ မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး) 
ဝင်ကြေး - အခမဲ့  

ဟောပြောပွဲတက် လူဦးရေ (၂၀၀) ဦးခန့်သာ လက်ခံမည်ဖြစ်သဖြင့် အမြန်ဆုံး စာရင်းပေးသွင်းပါရန် 

Institute of International Professionalism 
09 450 40 7041, 09 450 407042
Shareလုပ်ပြီးအမှတ်များရယူပါ
0 Aavapoints

Trending:

www.study&Career.com

H1

Naing Ye

Share  100 Views

တော်ဝင်စင်တာ ကပေးလိုက်တဲ့ အတွေးတွေ

တော်ဝင်စင်တာက
more

Thel

1 Share  433 Views

Antonyms (Opposite words)

Antonyms (Opposite words)      
more

Chaw Kay Khine Chue

3 Share  295 Views

Sales လား?Marketing လား?

Sale လား၊ Marketing လား ?
more

Amanda

Share  597 Views