Cosmetics special discount festival 2017

Promo & Events
30/01/2017
381 views
မြန်မာနိုင်ငံအလှကုန်အသင်းမှ ဦးစီးကျင်းပသည့် ပထမအကြိမ် မြန်မာနိုင်ငံ၏ အကြီးကျယ်ဆုံး “Cosmetics Special Discount Festival 2017” ကို 2017 မတ်လ (3)ရက်နေ့မှ (5)ရက်နေ့အထိ နံနက်(9:00 AM) မှ ညနေ(5:00 PM) အချိန်အတွင်း ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမမှာ ပြုလုပ်မှာဖြစ်ပါကြောင်း သတင်းကောင်းလေးပါးအပ်ပါတယ်။📣📣

ယခုပြပွဲဟာဆိုရင်ဖြင့် Cosmetics သီးသန့် Special Discount ဈေးရောင်းပွဲတော်ဖြစ်တာနှင့်အညီ ပါဝင်ပြသ သော Brand တိုင်းမှာလည်း 10% Discount မှစ၍ 70% Discount အထိ လျှော့ချပေးသွားကြမှာ ဖြစ်ပါတယ်။

ပြပွဲတွင် မြန်မာနိုင်ငံရှိ နာမည်ကြီးသော အလှကုန် Company ကြီးများ၏ Brand မျိုးစုံကို တစ်နေရာတည်းမှာ စိတ်ကြိုက်ရွေးချယ် ၀ယ်ယူခွင့်ရရှိကြမှာလည်း ဖြစ်ပါတယ်။

တိုးတက်ပြောင်းလဲလာတဲ့ ခေတ်စနစ်တွေနဲ့အညီ လှုပ်ရှားသွားလာရတဲ့ နေ့စဉ်ဘ၀တွေမှာ အောင်မြင်မှုတွေ ဆီကို ယုံကြည်မှုရှိရှိ လျှောက်လှမ်းနိုင်ကြဖို့ လူတိုင်းမှာ ကိုယ်စီလှို့ဝှက်ချက်တွေရှိနေကြပါပြီ။ 

သင်ရောရှိနေပြီလား???

လူတိုင်းမှာ ကိုယ်ယုံကြည်အားထားရတဲ့ Cosmetic ဆိုတာရှိကြပါတယ်။ ဒါက လှို့ဝှက်ချက်ပါ။ ကိုယ်ယုံကြည် အားထားရတဲ့ Cosmetics လေးတွေနဲ့ နေ့စဉ်စိန်ခေါ်မှုတွေကို ဖြတ်သန်းရတာ ဘယ်လောက်ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိလိုက်မလဲ။
ကိုယ်ယုံကြည်အားထားရတဲ့ အလှကုန်ပစ္စည်းလေးတွေကို အရည်အသွေးစစ်မှန်စွာနဲ့ ၀ယ်ယူရရှိနိုင်ဖို့က လူတိုင်းရဲ့ မျှော်လင့်ချက်ပါပဲ။☉☀

Myanmar Cosmetics Association ကကြီးမှူး ကျင်းပမယ့် Cosmetics Special Discount Festival 2017 မှာတော့ နာမည်ကျော်ကြားပြီး အရည်အသွေးစစ်မှန်တဲ့ အလှကုန်ပစ္စည်းများကို တစ်နေရာတည်းမှာ အမျိုးအစား စုံလင်အောင် ရွေးချယ်ဝယ်ယူနိုင်ဖို့အတွက် လက်လွတ်ခံလို့တော့မဖြစ်ဘူးနော်....📣📣 Discount တွေလည်းအများကြီးပဲနော်....

☉☉နွေရာသီဖြစ်တာနဲ့အညီ အင်္ကြန်အကြိုအဖြစ်နှင့်ပါ မိမိတို့၏ နေ့စဉ်လက်တွဲဖော် အလှကုန်ပစ္စည်းလေးများကို စိတ်ကြိုက်ဝယ်ယူနိုင်စေဖို့အတွက် Cosmetics Special Discount Festival 2017 သို့ ကြွလှမ်းခဲ့ကြပါလို့ ဖော်ရွေစွာ ဖိတ်ခေါ်အပ်ပါတယ်။
      
ပြပွဲအတွင်းတွင် -
1. ၀ယ်ယူသူများအတွက် Lucky Draw အစီအစဉ်များ
2. အသားအရည်ဆိုင်ရာ တိုင်ပင်ဆွေးနွေးခြင်း အစီအစဉ်များ
3. Make-up လိမ်းခြယ်ခြင်း နှင့် ပညာပေးခြင်းများ စသည့် အစီအစဉ်များစွာပါဝင်မှာဖြစ်ပါတယ်။            
Shareလုပ်ပြီးအမှတ်များရယူပါ
0 Aavapoints

Trending:

Aavashare က Blog တွေကို Facebook ဆီဘယ်လို Share ကြမလဲ ?

လက်ဆောင်တွေယူဖို့ Share
more

Athena

Share  236 Views

Sales လား?Marketing လား?

Sale လား၊ Marketing လား ?
more

Amanda

Share  597 Views