Valentine's day အထူးအစီအစဉ်များ

Promo & Events
10/02/2017
468 views


ဗဲလ်လင်တိုင်းဒေး တနည်းအားဖြင့် ချစ်သူများနေ့ကို နိုင်ငံတိုင်းတွင် Public Holiday မဟုတ်သော်လဲ နှစ်စဉ်နှစ်တိုင်း ဆင်နွှဲလေ့ရှိကြပါတယ်... ထိုချစ်သူများနေ့မှာ ချစ်သူခင်သူအချင်းချင်း ပန်းလက်ဆောင်ပေးခြင်း၊ မုန့်လက်ဆောင် (ချောကလက်မျိုးစုံ) နှင့် ပို့စကတ်များကို လက်ဆောင်ပေးလေ့ ရှိကြပါတယ်...

သင်ကော ဒီ၂၀၁၇ ရဲ့ ချစ်သူများနေ့ကို သင့်ရဲ့ ချစ်ရသူနဲ့အတူ ဆင်နွှဲဖို့
ပြင်ဆင်ပြီးပြီလား???

ကဲဒါဆို ဘယ်နေရာတွေမှာ ချစ်သူတွေအတွက် ဘယ်လိုpromotion အထူးအစီအစဉ်တွေလုပ်ပေးထားတယ် ဆိုတာကြည့်ရင်း ဒီနှစ် Valentine's day လေးကို ပျော်ရွှင်စွာ ဖြတ်သန်းလိုက်ရအောင် 

♥Happy Valentine Week at PARKROYAL Yangon!♥
♥12 to 18 February 2017♥

Spice Brasserie, Shiki Tei နှင့် Si Chuan Dou Hua စားသောက်ဆိုင်များတွင် ဘူဖေးညစာကို မိမိချစ်သူနဲ့အတူ ပုံမှန်ဈေးနှုန်းအတိုင်း ပေးချေသုံးဆောင်ရုံဖြင့် Special Valentine Cake ကို လက်ဆောင်ရရှိမှာဖြစ်ပါတယ် (Table reserved ကြိုတင်ပြုလုပ်ထားသူများအတွက်သာ) ...
၁၄ ရက်နေ့တွင် လာရောက်သုံးဆောင်သူများအတွက် နှင်းဆီပန်း လက်ဆောင်ပါ ထပ်မံရရှိဦးမှာပါ... 
ပါ့ခ်ရွယ်ရယ် ရန်ကုန်ဟိုတယ်က စားသောက်ဆိုင်တိုင်းမှာ ၂၀% လျှော့ဈေးရရှိမဲ့ မန်ဘာကဒ်ကိုလဲ အခမဲ့ ရရှိနိုင်မှာဖြစ်ပါတယ်...
Table reserved ပြုလုပ်လိုပါက ဖုန်း ၀၁ ၂၅၀၃၈၈ သို့ ဆက်သွယ်နိုင်ပါတယ်...

❤925 Fashion Jewelry❤
❤Promotion Period - up to February 14
15% off Promotion + Presents❤

ချစ်သူများနေ့မှာ ကိုယ်မြတ်နိုးတန်ဖိုးထားတဲ့ ချစ်သူကို ရေရှည်အမှတ်တရလက်ဆောင်ပစ္စည်းပေးချင်ပါသလား???
သဘာဝတွင်းထွက်ကျောက်လေးတွေကိုမှ တန်ဖိုးထားသိမ်းထားချင်ပါသလား??? 
925 Fashion Jewellery မှ တန်ဖိုးသင့်တင့် လက်ရာလှပတဲ့ 925လက်ဝတ်ရတနာများရပါပြီ ။မြို့တွင်း delivery အိမ်အရောက်ငွေရှင်းပါ။
နယ်ဖြစ်ပါက ငွေကြိုရှင်းရပါမည်
(Only online shopping)
30000ကျော် ဖိုးဝယ်ယူလျှင် လက်ဝတ်ရတနာ အရောင်တင်အဝတ်တစ်ခု + အသည်းပုံကြွေခွက်တစ်ခု 
50000ကျော် ဖိုးဝယ်ယူလျှင် လက်ဝတ်ရတနာအရောင်တင်အဝတ်တစ်ခု + အရုပ်တစ်ရုပ်လက်ဆောင်
100000 ကျော်ဖိုးဝယ်ယူလျှင် 925 ဆွဲကြိုး ၁ + လက်ဝတ်ရတနာအရောင်တင်အဝတ်တစ်ခု

❤Hercules Fitness Centre  Valentine's Day ❤
❤Promotion Period- Feb 6 to Feb 28❤

ချစ်သူစုံတွဲများ ပျော်ပျော်ရွှင်ရွှင်ဖြင့် အတူ ကစားနိုင်အောင်
Gym Membership Fee ၁ဦး ပေးသွင်းပါက ကျန်၁ဦးမှ Free ကစားခွင့်ရရှီမှာဖြစ်ပါသည်။

Gym Membership Fee
One Day- 5000 kyats
One Month- 50000 kyats

Their Motto is "Change your body, Change your life" 😉

❤Myanmar Plaza Valentine's day special event❤
❤Promotion Period 14.2.2017

• ချစ်သူရည်းစားများအတွက်သာ သီးသန့် ကျင်းပခြင်းမျိုးမဟုတ်ဘဲ၊ မိသားစုဝင် အချင်းချင်းကြား၊ လုပ်ဖော်ကိုင်ဖက်များကြား နှင့် မိတ်ဆွေအပေါင်းသင်းများကြားရှိ ချစ်ခြင်းမေတ္တာကို ဖော်ထုတ်သည့် အနေဖြင့် မိမိတို့ ၏ မြတ်နိုးတန်ဖိုးထားရသောသူများ နှင့်ဆင်နွှဲပျော်ရွှင်စရာနေရာတစ်ခု အဖြစ် မြန်မာပလာဇာတွင် ထူးခြားသော ပျော်ပွဲရွှင်ပွဲအစီအစဉ်များဖြင့် ချစ်သူများနေ့ ကို ဖေဖေါ်ဝါရီ ၁၄ တွင် ကျင်းပမည်ဖြစ်ကြောင်း။

• ချစ်သူများနေ့ တွင် ပန်းအလှအပြင်အဆင်များ၊ အချစ်စာတိုများ ရေးသားနိုင်မည့် ပို့ စကတ်များ၊ အမှတ်တရဓာတ်ပုံရိုက်ကူးနိုင်မည့် Photo Booth ၊ မိုးပျံပူဖောင်းများ၊ ချစ်သူခုံတန်းလျားများအပြင်၊ မည်သူမဆို အမှတ်တရလက်ဆောင်အဖြစ် အခမဲ့ယူနိုင်မည့် ချောကလက် နှင့် မုန့် များကိုပါ ပြင်ဆင်ထားရှိမည်ဖြစ်ကြောင်း။

• ဖျော်ဖြေရေးတင်ဆက်မှုများအနေဖြင့် လူငယ်တေးသံရှင် အိမ့်ချစ် နှင့် လီယိုတို့ ၏ ဖျော်ဖြေ တင်ဆက်မှု၊ DJ ဖြင့်တီးခတ်ဖျော်ဖြေမှု၊ စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းကစားနည်းများ နှင့် ကာရာအိုကေ သီဆိုနိုင်မည့် အစီအစဉ်များပါ ထည့်သွင်းစီစဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။


    

    

    

    

    
Shareလုပ်ပြီးအမှတ်များရယူပါ
0 Aavapoints

Trending:

Aavashare က Blog တွေကို Facebook ဆီဘယ်လို Share ကြမလဲ ?

လက်ဆောင်တွေယူဖို့ Share
more

Athena

Share  233 Views

Sales လား?Marketing လား?

Sale လား၊ Marketing လား ?
more

Amanda

Share  592 Views