Park Royal Hotel ရန်ကုန် Si Chuan Dou Huaတရုတ်စားသောက်ဆိုင် စားဖိုမှုးသစ်နှင့်ဟင်းလျာများမိတ်ဆက်ပွဲ

Promo & Events
01/02/2017
317 views
ရန်ကုန်မြို့၊ အလံပြဘုရားလမ်းပေါ်က Park Royal ဟိုတယ်၊ ပထမထပ်မှာရှိတဲ့ Si Chuan Dou Hua တရုတ် စားသောက်ဆိုင်အတွက် တရုတ် စားဖိုမှူးအသစ် Chef Wang Shuze နဲ့ သူ့ရဲ့ဟင်းလျာများ မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့၊ ဇန်န၀ါရီလ ၃၁ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဆိုပါပွဲမှာ Park Royal ဟိုတယ်ရဲ့Restaurants, Bars & Events ဒါရိုက်တာ Mr.Sergio Zanetti မှ Chinese Chef De Cuisine နေရာမှာ အသစ်ခန့်အပ်လိုက်တဲ့ Mr.Wang Shuze ကို စာနယ်ဇင်း၊ မီဒီယာများနဲ့ Social Media Food Blogger များနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။

“ချက်ပြုတ်တဲ့ အတွေ့အကြုံပညာက ဘယ်တော့မှ ဆုံးတယ် မရှိပါဘူး။ အဓိက လိုအပ်ချက်ကတော့ အဆက်မပြတ် လေ့လာမှသာ ပြီးပြည့်စုံတဲ့ စားဖိုမှူးတယောက် ဖြစ်လာမှာပါ” လို့ Chef Wang က ပြောပါတယ်။

Chef Wang Shuze ဟာ တရုတ်ဟင်းလျာများ ချက်ပြုတ်မှုမှာ ၁၈ နှစ်ကြာ အတွေ့အကြုံ ရှိခဲ့ဖူးသူ ဖြစ်ပြီး Macau မြို့တော်မှာ ထင်ရှားသူတယောက် ဖြစ်ပါတယ်။ Macau မြို့တော်ရဲ့ နိုင်ငံတော်ပွဲများနဲ့ အရေးပါတဲ့ ပွဲများမှာ အဓိက ဟင်းလျာများကို တာဝန်ယူ စီမံခဲ့ရသူလို့ သိရပါတယ်။

Chef Wang ဟာ သူ့အတွေ့အကြုံများပေါ်မူတည်ပြီး မြန်မာလူမျိုးတို့ရဲ့ အကြိုက်နဲ့ ကိုက်ညီမယ့် ဟင်းလျာအသစ်များကို ဖန်တီးနိုင်စွမ်းရှိသူ ဖြစ်တာကြောင့် Park Royal ဟိုတယ်မှ Si Chuan Dou Hua စားသောက်ဆိုင်အတွက် အဓိက ဟင်းလျာများကို တာဝန်ယူစီမံရန် ခန့်အပ်တာ ဖြစ်ပါတယ်။

“ဟင်းပွဲတိုင်းက ရိုးရာ အစဉ်အဆက် ချက်ပြုတ်လာတယ်ဆိုပေမဲ့ ဈေးကွက်ထဲမှာ လူကြိုက်များတဲ့ အပေါ် မူတည်ပြီး ပြောင်းလဲနိုင်သလို စားဖိုမှူးတိုင်းဟာ ဆန်းသစ် ပြောင်းလဲမှုနဲ့အတူ ကိုယ်တိုင် ဖန်တီးနိုင်စွမ်းလည်း ရှိရပါမယ်” လို့ Chef Wang က ဆိုပါတယ်။

Si Chuan Dou Hua စားသောက်ဆိုင်မှာ စီချွမ်နဲ့ ကွမ်တုန်ဟင်းလျာများအပြင် Dim Sum ဘူဖေး၊ ဟော့ပေါ့ အစရှိတဲ့ တရုတ်ဟင်းလျာ စားသောက်ဖွယ်ရာများကို သုံးဆောင်နိုင်တယ်လို့ သိရပါတယ်။
မူရင်း ဧရာဝတီ၊Park Royal fb page
         
Shareလုပ်ပြီးအမှတ်များရယူပါ
0 Aavapoints

Trending:

Aavashare က Blog တွေကို Facebook ဆီဘယ်လို Share ကြမလဲ ?

လက်ဆောင်တွေယူဖို့ Share
more

Athena

Share  237 Views

Sales လား?Marketing လား?

Sale လား၊ Marketing လား ?
more

Amanda

Share  598 Views