ရုပ်ရှင်အညွှန်း Love Destiny 

Movie & Music
29/04/2018
212 views
ဒီဇာတ်ကားလေးကတော့ ထိုင်းရဲ့ မင်းသားချော Pope နဲ့ မင်းသမီးလေး Bella တို့ခေါင်းဆောင်ပါဝင်ထားပြီး ပရိတ်သတ်ကြားရေပန်းစားခဲ့တဲ့ ဇာတ်လမ်းတွဲလေးတစ်ခုပါ ။
စိတ်ထားကောင်းတဲ့ သမိုင်းကိုလေ့လာနေတဲ့ကျောင်းသူကောင်မလေး တစ်ယောက်က သူလေ့လာနေတဲ့ အယုဒ္စယခေတ်ကို ၀ိညာဉ်ကူးသွားပြီး အခြားလူတစ်ယောက်ရဲ့ ခန္တာကိုယ်ထဲမှာဝင်ပြီး ရှင်သန်လာပါတယ် ။ သူဝင်သွားတဲ့ ခန္တာကိုယ်ကတော့ အယုဒ္စယရဲ့ မျက်နှာဖုံး သူဠေးကြီးရဲ့ သားနဲ့ လက်ထပ်ပေးဖို့ရည်ရွယ်ထားတဲ့ မိန်းမပျိုလေးရဲ့ ခန္တာကိုယ်ပါ ။ အဲဒီ မိန်းမပျိုလေးက ချောမောသလောက် ရက်စက်ပါတယ် ။ ဆိုးရွားတဲ့ အပြုအမူတွေကို လုပ်တတ်ပြီး ကျွန်တွေကိုနှိပ်စက် ကြီးသူတွေကိုလည်း မလေးစားတဲ့ အပြင်ကောက်ကျစ်ယုတ်မာတဲ့ စိတ်ရှိသူမို့ သူနဲ့ လက်ထပ်ရမယ့် သူဠေးရဲ့ တစ်ဦးတည်းသောသားက သူ့ကိုတော်တော်ကို မုန်းတာပါ ။
ရုတ်တရတ် အဲဒီမိန်းမပျိုသေဆုံးချိန်မှာ ကျောင်းသူမလေးရဲ့ ၀ိညာဉ်က သူ့ကိုယ်ထဲဝင်လာပြီး ပြောင်းလဲသွားတဲ့အခါ ယုတ်မာခဲ့တဲ့ ခန္တာကိုယ်ထဲမှာ စိတ်ထားနူးညံ့တဲ့ ကျောင်းသူမလေးက ရှင်သန်ဖို့ဖြစ်လာပါတော့တယ် ။ လူမုန်းများခဲ့တဲ့ ခန္တာကိုယ်ကြောင့် သူမ ဘယ်လိုအခက်အခဲတွေရင်ဆိုင်ရမလဲ ... ပြောင်းလဲလာတဲ့သူမကို သတိထားမိလာတဲ့ သူဠေးသားလေးကိုရော ဆွဲဆောင်နိုင်မှာလား ... ဘာကြောင့် ၀ိညာဉ်ကူးပြောင်းမှုဖြစ်သွားခဲ့ရသလဲဆိုတာ ဒီဇာတ်ကားလေးထဲမှာကြည့်ရှုရမှာပါ ။ သမိုင်းနောက်ခံဇာတ်ကားလေးမို့ ထိုင်းလူမျိုးတွေရဲ့ ရှေးခေတ်က ယဉ်ကျေးမှုတွေကို မြိုင်မြိုင်ဆိုင်ဆိုင် တွေ့မြင်ရမဲ့ ဇာတ်ကားလေးတစ်ကားလဲဖြစ်ပါတယ် ။ 

   

Athena 
Shareလုပ်ပြီးအမှတ်များရယူပါ
1 Aavapoints
Naing Ye Htet 07/06/2018 at 10:11 AM

1

Naing Ye Htet 09/06/2018 at 02:55 AM

Good

Trending:

CU လို့ခေါ်တဲ့ Sean ရဲ့ အကြောင်း

ကဲ ဒီတစ်ခေါက်တော့ Sean
more

Khwarnyo

Share  218 Views

ဇာတ်ကားအညွှန်း Oh My Ghostess ( Korea )

ဒီတစ်ခါမှာတော့
more

Khwarnyo

Share  176 Views

ဇာတ်ကားအညွှန်း Oh My Ghostess ( Korea )

ဒီတစ်ခါမှာတော့
more

Khwarnyo

Share  176 Views