မင်းသားမဖြစ်ခင်က သူတို့တွေ ဘာအလုပ်လုပ်ခဲ့ ကြသလဲ

Movie & Music
29/04/2018
238 views

အနုပညာရှင်ဘ၀မှာ အောင်မြင်ကျော်ကြား လူကြိုက်များနေတဲ့ ကိုရီးယား မင်းသားတွေထဲမှာ သူတို့ သရုပ်ဆောင်မဖြစ်ခင်က အခြား အသက်မွေးဝမ်းကြောင်းတွေမှာ ၀င်ရောက် လုပ်ကိုင်ဖူးတဲ့သူတွေ ရှိပါတယ်။
အဲဒီမင်းသားတွေ အကုန်လုံးက အရင်က အလုပ်အကိုင်တွေမှာလည်း ထူးချွန်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ အရင်ကအလုပ်အကိုင်ကို အချို့ကလည်း ထုတ်ပြောကြသလို အချို့ကလည်း ထုတ်မပြောကြပါဘူး။
အလုပ်ဟူသမျှ ဂုဏ်ရှိစွ ဆိုတဲ့အတိုင်း ကိုယ့်အလုပ်ကို ဂုဏ်ယူစွာ ထုတ်ဖော်ပြောခဲ့တဲ့ မင်းသားတွေကတော့ ... 

So Ji Suk

မင်းသား ဆိုဂျီဆပ် ဟာ အသက်ငယ်ရွယ်စဉ်က ရေကူးသမား တစ်ယောက် ဖြစ်ပါတယ်။ ပြိုင်ပွဲတစ်ခုမှာ သူဟာ ကြေးတံဆိပ်ကို ဆွတ်ခူးထားနိုင်တဲ့ အားကစားသမား တစ်ယောက်ပါ။ သူ့ရဲ့ အမြန်နှုန်းနှင့် လျင်မြန်မှုတွေကြောင့် အားကစားသမားအဖြစ် ဘ၀ကိုလျှောက်လှမ်းဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာနှင့်ပဲ သူဟာဒူးဒဏ်ရာကို ခံစားခဲ့ရပြီး သူ့ရဲ့ အသက်မွေးဝမ်းကြောင်းကို ပြောင်းလဲခဲ့ရပါတယ်။

Kang Dong Won


နောက်တစ်ယောက်ကတော့ ကန်ဒေါင်ဝန်းပဲ ဖြစ်ပါတယ်။ သူဟာငယ်စဉ်က ဘောလုံးသမားတစ်ယောက်ပါ။ မင်းသားဖြစ်သွားလို့ သူ့ရဲ့ အရည်အချင်းတွေက အလကားတော့ ဖြစ်မသွားပါဘူး။ ဘာလို့လဲဆိုတော့ သူ့ရဲ့ ဒရာမာဇာတ်ကား Wolf's Temtation မှာ ဘောလုံးသမားအဖြစ် သရုပ်ဆောင်ခဲ့လို့ပဲ ဖြစ်ပါတယ်။

Song Joong Ki


ဆောင်းဂျွန်ကီ ကတော့အရင်က တာတိုစကိတ်စီးသမား ဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာသာ မရခဲ့ဘူးဆိုရင် သူဟာလည်း ကိုရီးယားမှာ ဆုတံဆိပ်တွေ ရယူနိုင်တဲ့ ကစားသမားတစ်ယောက် ဖြစ်ပါတယ်။ ခန့်ညားတဲ့ ဒီမင်းသားကတော့ သူ့ရဲ့ကျွမ်းကျင်မှုတွေကို ဒရာမာဇာတ်ကား တစ်ကားဖြစ်တဲ့ Triple မှာ ပြသသွားတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။

Ji Jin Hee


သာမန်ကုမ္ပဏီက အလုပ်သမားလေး တစ်ယောက်တောင်မှ စတားဖြစ်လာနိုင်ပါတယ် ဆိုတာကို သက်သေပြခဲ့သူဖြစ်ပါတယ်။ မင်းသား ဂျီဂျင်ဟီးဟာ Visual Design ကို သင်ကြားထားသူဖြစ်ပါတယ်။ အရင်က သူဟာကြော်ငြာ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ခဲ့တဲ့သူဖြစ်ပါတယ်။

Won Bin

လူတိုင်းကို အံ့အားသင့်သွားစေမယ့် မင်းသားကတော့ ၀န်ဘင်း ပဲဖြစ်ပါတယ်။ သူ အထက်တန်းကျောင်းပြီးတဲ့ အချိန်တုန်းက ကားစက်ရုံတစ်ခုမှာ အလုပ်လုပ်ခဲ့ပါတယ်။ အဲဒီတုန်းက သူ့ရဲ့ရည်မှန်းချက်ကတော့ ပြိုင်ကားသမားတစ်ယောက် ဖြစ်ချင်ခဲ့တာပါ။ 
သူငယ်ချင်းတို့လဲ ရည်မှန်းချက်တွေ မပြည့်ဝသေးရင် အားမလျော့လိုက်ပါနဲ့ ။ တစ်ချိန်ချိန်မှာဖြစ်လာနိုင်မှာပါနော် ။ 

Athena

Shareလုပ်ပြီးအမှတ်များရယူပါ
1 Aavapoints

Trending:

ရုပ်ရှင်အညွှန်း Love Destiny 

ဒီဇာတ်ကားလေးကတော့ ထိုင်းရဲ့
more

Khwarnyo

Share  213 Views

CU လို့ခေါ်တဲ့ Sean ရဲ့ အကြောင်း

ကဲ ဒီတစ်ခေါက်တော့ Sean
more

Khwarnyo

Share  218 Views

ဇာတ်ကားအညွှန်း Oh My Ghostess ( Korea )

ဒီတစ်ခါမှာတော့
more

Khwarnyo

Share  176 Views

CU လို့ခေါ်တဲ့ Sean ရဲ့ အကြောင်း

ကဲ ဒီတစ်ခေါက်တော့ Sean
more

Khwarnyo

Share  218 Views

ဇာတ်ကားအညွှန်း Oh My Ghostess ( Korea )

ဒီတစ်ခါမှာတော့
more

Khwarnyo

Share  176 Views