ဇာတ်ကားအညွှန်း Oh My Ghostess ( Korea )

Movie & Music
29/04/2018
175 views

ဒီတစ်ခါမှာတော့ ပရိတ်သတ်ကြီးကို 

ကြည့်လို့ကောင်းတဲ့ ၀ိညာဉ် ဇာတ်လမ်းတွဲလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် ။

စားသောက်ဆိုင်တစ်ခုမှာအလုပ်လုပ်နေတဲ့ နဲဘိုဆန်း ဆိုတဲ့ကောင်မလေးတစ်ယောက်က ဘယ်သူနဲ့မှမရောဘဲ သီးသန့်နေတတ်သူပါ ။

သူမမှာ သရဲကိုမြင်နိုင်တဲ့ စွမ်းရည်ရှိနေတာမို့ ၀ိညာဉ်များကိုမြင်တွေ့ပြီး အမြဲ စိတ်ပင်ပန်းနေရပါတယ် ။ တစ်နေ့မှာ သူမ ဟာ အပျိုဘ၀နဲ့ သေဆုံးသွားတဲ့ ရှင်ဆွန်အဲ ၀ိညာဉ်နဲ့တွေ့ဆုံပါတော့တယ် ။ ရှင်ဆွန်အဲက ၀ိညာဉ်ဘ၀ကကျွတ်ဖို့ အပျိုစင်ဘ၀ဆုံးရှုံးသွားဖို့ လိုအပ်နေတဲ့သူပါ ။

ဘိုဆန်းက သူမကိုမြင်တယ်ဆိုတာ သိတဲ့နောက် အကူအညီတောင်းဖို့ လိုက်ကပ်နေခဲ့ပါတယ် ။ ဘိုဆန်းက အတန်တန် ငြင်းဆိုပေမယ့် သူမရအောင် ၀င်ပူးလိုက်နိုင်တဲ့အခါ ... ဘိုဆန်းပုံစံအတိုင်း အလုပ်ပြန်လုပ်နေခဲ့ပါတယ် ။

ဘိုဆန်းတိတ်တခိုးချစ်နေတဲ့ စားသောက်ဆိုင်ရဲ့ သူဋ္ဌေး စားဖိုမှုးနဲ့ ဘိုဆန်းကိုဝင်ပူးထားတဲ့ ၀ိညာဉ်မလေးနဲ့ ဆုံတဲ့ အခါ ... 

   

ပြောင်းလဲနေတဲ့ ဘိုဆန်းရဲ့ အပြုအမူတွေ ကိုကြည့်ရင်း ... စားဖိုမှုးနဲ့ ပိုရင်းနှီးကျွမ်းဝင်လာပြီး နှစ်ဦးသားစိတ်ပြောင်းလာခဲ့ပါတော့တယ် ... 

တစ္စေမလေးက သူမအပျိုစင်ဘ၀ဆုံးရှုံးဖို့ စားဖိုမှုးကို ဘယ်လိုသိမ်းသွင်းမလဲ ... 

ဘိုဆန်းကရော တစ္စေမလေးနဲ့ ဘယ်လိုအပေးအယူတွေလုပ်ဦးမလဲ ...

စားဖိုမှုးက တစ္စေမလေးနဲ့ဘိုဆန်း ဘယ်သူ့အပေါ်စိတ်တိမ်းညွှတ်မှာလဲ ...

သူတို့ရဲ့ စိတ်ဝင်စားစရာသုံးပွင့်ဆိုင်ချစ်ခြင်းတွေကို Oh My Ghostess ဇာတ်လမ်းတွဲမှာကြည့်ကြည့်ပါနော် ။

Athena

Shareလုပ်ပြီးအမှတ်များရယူပါ
1 Aavapoints

Trending:

ရုပ်ရှင်အညွှန်း Love Destiny 

ဒီဇာတ်ကားလေးကတော့ ထိုင်းရဲ့
more

Khwarnyo

Share  212 Views

CU လို့ခေါ်တဲ့ Sean ရဲ့ အကြောင်း

ကဲ ဒီတစ်ခေါက်တော့ Sean
more

Khwarnyo

Share  218 Views

CU လို့ခေါ်တဲ့ Sean ရဲ့ အကြောင်း

ကဲ ဒီတစ်ခေါက်တော့ Sean
more

Khwarnyo

Share  218 Views