ငွေပေါပေမယ့် ခြိုးခြံနေထိုင်တတ်တဲ့ နာမည်ကျော် 6 ယောက်

Movie & Music
29/04/2018
155 views

အရမ်းချမ်းသာတဲ့ ဆယ်လီတွေဟာ ဇိမ်ကျလွန်းလှတဲ့ဘဝမျိုးနဲ့ တန်ဖိုးကြီးတွေကို ဝတ်ဆင်သုံးစွဲကြမယ်လို့ ထင်ကြမှပါ။ ဒါပေမဲ့ ဒီဆယ်လီတွေက ဒေါ်လာ သန်းပေါင်းများစွာတန်တဲ့ အိမ်ကြီးတွေ ပိုင်ဆိုင်ပေမဲ့ သိပ်ပြီး ထင်ထင်ပေါ်ပေါ်မနေကြပါဘူး။

၁။ ဂျေဒန်စမစ်

စမစ်မိသားစုရဲ့ ပိုင်ဆိုင်မှုက ဒေါ်လာ သန်း ၅၀၀ ခန့်ရှိပါတယ်။ ဒါပေမဲ့ ဂျေဒန်စမစ်မှာ စနီကာ (ဖိနပ်) တစ်ရံသာရှိပါတယ်။

"သူ့မှာ ဘောင်းဘီ ၃ ထည်နဲ့ ရှပ်အင်္ကျီ ၅ ထည်ရှိတယ်။ သူက ငွေကို အားရပါးရမသုံးချင်ဘူး။ အဲဒါကို ကျွန်တော် လေးစားတယ်" လို့ ဂျေဒန်ရဲ့ဖခင် ဝီလ်စမစ်က ပြောခဲ့ပါတယ်။

၂။ မိုင်လီဆိုင်းရက်စ်

မိုင်လီဆိုင်းရက်စ်ဟာ ဟောလိဝုဒ်အနီးပတ်ဝန်းကျင်မှာသာရှိတဲ့ ဆိုင်တွေမှာသာ အဝတ်အစားကို ဝယ်ပါတယ်။ သူမဟာ ၁၀ ဒေါ်လာကျော်တောင် မကုန်တဲ့ အဝတ်အစားတွေကို ကြုံသလိုသာ ဝတ်စားတတ်တယ်လို့ ဆိုပါတယ်။

၃။ မက်ကောလေးကူလ်ကင်

Home Alone မင်းသားဟာ အိမ်ခြေမဲ့စခန်းတွေမှာသာ အမြဲအချိန်ဖြုန်းလေ့ရှိသူပါ။ ဒေါ်လာ ၁၅ သန်း ပိုင်ဆိုင်မှုရှိတဲ့ ဟောလိဝုဒ်မင်းသားက အဲဒီက အစားအစာတွေကိုပဲ ကြိုက်တယ်နဲ့တူပါတယ်။

၎။ မာ့ခ်ဇူးကာဘက်

ဖေ့စ်ဘွတ်တည်ထောင်သူ မာ့ခ်ဇူးကာဘတ်ဟာ သူ့ရဲ့ဆိုရှယ်မီဒီယာပလက်ဖောင်းကနေ ဒေါ်လာ ဘီလျံပေါင်းများစွာ ရရှိနေသူပါ။ ဒါပေမဲ့ သူက ပုံစံတူ အင်္ကျီတွေကိုသာ ဝတ်ဆင်ပါတယ်။ သူ့ဇနီးရဲ့မင်္ဂလာဝတ်စုံအတွက် ဒေါ်လာ ၄၅၀၀ သုံးခဲ့တဲ့ မာ့ခ်ရဲ့ စုစုပေါင်းပိုင်ဆိုင်မှုက ၄၁.၄ ဘီလျံရှိပါတယ်။

၅။ ရောဘတ်ပက်တင်ဆန်

ရောဘတ်ပက်တင်ဆန် အပြင်ထွက်ရင် ဝတ်တဲ့အဝတ်အစားဟာ Twilight မင်းသားချောလို့ မမှတ်မိနိုင်လောက်အောင်ပါပဲ။

၆။ အီမီနမ်

အီမီနမ်ဟာ ပါပါရာဇီတွေရဲ့ရန်ကို ကြောက်လို့ အဝတ်အစားကို ထင်ထင်ပေါ်ပေါ် မဝတ်ချင်တာလို့ ကြားဖူးပါတယ်။ နာမည်အကြီးဆုံး ရက်ပါတစ်ယောက်အနေနဲ့ သူဟာ ဒီထက်ပိုကောင်းတဲ့ အဝတ်အစား ဝတ်ဆင်နိုင်သလို လုံခြုံရေးအတွက်လည်း ပိုပြီး အကုန်အကျခံနိုင်တာ သေချာပါတယ်။

 

Shareလုပ်ပြီးအမှတ်များရယူပါ
1 Aavapoints

Trending:

ရုပ်ရှင်အညွှန်း Love Destiny 

ဒီဇာတ်ကားလေးကတော့ ထိုင်းရဲ့
more

Khwarnyo

Share  212 Views

CU လို့ခေါ်တဲ့ Sean ရဲ့ အကြောင်း

ကဲ ဒီတစ်ခေါက်တော့ Sean
more

Khwarnyo

Share  218 Views

CU လို့ခေါ်တဲ့ Sean ရဲ့ အကြောင်း

ကဲ ဒီတစ်ခေါက်တော့ Sean
more

Khwarnyo

Share  218 Views