ဇာတ်လမ်းအညွှန်း : On the Wings of Love ( Philippines )

Movie & Music
29/04/2018
156 views

ဖိလစ်ပိုင်ဇာတ်ကားတွေကလည်း အာရှမှာအောင်မြင်မှုရရှိလာပြီး မြန်မာနိုင်ငံမှာလည်း ဖိလစ်ပိုင်ဇာတ်ကားချစ်သူ ပရိတ်သတ်တွေ အများကြီးရှိနေပါပြီ ။
ဒီတစ်ခါတော့ Athena က ကြည့်ပြီး သဘောကျတဲ့ ဖိလစ်ပိုင်ဇာတ်လမ်းတွဲကောင်းကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် ။ 
မင်းသားမင်းသမီးတွေကတော့ မြန်မာနိုင်ငံက သူတွေနဲ့ မစိမ်းပါဘူး ။ သူတို့က အပြင်မှာ တစ်ကယ့် ချစ်သူတွေဖြစ်ကြပြီးတော့ သူတို့နှစ်ယောက်ကို Jadine အတွဲလို့ ပရိတ်သတ်တွေကချစ်စနိုးခေါ်ကြပါတယ် ။ သူတို့တွဲဖက်သရုပ်ဆောင်ထားတဲ့ On the Wings of Love ဆိုတဲ့ ဇာတ်လမ်းတွဲလေးကတော့ အချစ် နဲ့ Drama ရောထားတဲ့ ဇာတ်လမ်းတွဲကောင်းလေးတစ်ခုပါ ။ 



Leah ဆိုတဲ့မိန်းကလေးဟာ အမေရိကကိုမိသားစုရဲ့ဆန္ဒအရ သွားခဲ့ရပါတယ် ။ အမေရိကမှာ သူမနဲ့ တွေ့ဆုံခဲ့တဲ့ကောင်လေးက Clark တဲ့ ။ 

Clark က အမေရိကန်နိုင်ငံသား ဖိလစ်ပိုင်ကောင်လေးပါ ။ 

Leah အမေရိကရောက်တဲ့အချိန်မှာ ပြသာနာတစ်ခုတက်ပါတော့တယ် ။ သူမရဲ့ Visa က သက်တမ်းလွန်နေတာပါ ။ US မှာ ဆက်နေဖို့အတွက် Leah ဟာ Clark နဲ့ လက်ထပ်ဖို့သဘောတူခဲ့ရပါတယ် ။ Clark နဲ့ Leah ဟာသူတို့ရဲ့ သဘောတူညီချက်အတိုင်း US မှာ နေဖို့အဆင်ပြေအောင် အရမ်းချစ်ကြတဲ့ စုံတွဲအဖြစ် သရုပ်ဆောင်နေဖို့ကြိုးစားရာကနေ သူတို့နှစ်ယောက်အတွက် အချင်းချင်း တကယ်ချစ်မိသွားတဲ့အခါ လက်ထပ်လိုက်ကြတဲ့ သူတို့ရဲ့ အိမ်ထောင်ရေးလေးကရော အဆင်ပြေပါ့မလား ... သူတို့ရဲ့ အိပ်မက်တွေကိုရော ပြီးပြည့်စုံအောင် အကောင်အထည်ဖော်နိုင်ပါ့မလားဆိုတာ ... On the Wings of Love ဇာတ်ကားလေးမှာ ကြည့်ရမှာပါ ။ 

  

အပြင်မှာ တကယ်လိုက်ဖက်တဲ့ စုံတွဲလေးက ဇာတ်လမ်းထဲမှာလဲ သရုပ်ဆောင်တာ အပေးအယူမျှနေရောပဲ ။ ကြည့်ကြည့်နော် ။

Athena

 

Shareလုပ်ပြီးအမှတ်များရယူပါ
1 Aavapoints

Trending:

ရုပ်ရှင်အညွှန်း Love Destiny 

ဒီဇာတ်ကားလေးကတော့ ထိုင်းရဲ့
more

Khwarnyo

Share  212 Views

CU လို့ခေါ်တဲ့ Sean ရဲ့ အကြောင်း

ကဲ ဒီတစ်ခေါက်တော့ Sean
more

Khwarnyo

Share  218 Views

CU လို့ခေါ်တဲ့ Sean ရဲ့ အကြောင်း

ကဲ ဒီတစ်ခေါက်တော့ Sean
more

Khwarnyo

Share  218 Views