ဇာတ်လမ်းအညွှန်း : At Cafe 6 ( Taiwan )

Movie & Music
29/04/2018
150 views

မိုးရွာထဲကားပျက်သွားတဲ့ မိန်းကလေးတစ်ယောက် မိုးခိုရင်းအကူအညီတောင်းဖို့ အနီးမှာရှိတဲ့ Cafe 6 ဆိုတဲ့ကော်ဖီဆိုင်လေးကိုရောက်ရှိသွားတဲ့နေရာကနေ ဒီဇာတ်လမ်းလေးစပါတယ် ။ မိန်းကလေးက နိုင်ငံခြားကချစ်သူနဲ့ ရန်ဖြစ်လာတဲ့ အကြောင်း ဆိုင်ရှင်ကသိသွားတဲ့နောက် အတိတ်ကိုပြန်လည်သတိရသွားပြီး မိုးတိတ်အောင်စောင့်နေရတဲ့ အချိန်အတွင်းမှာ သူ့ရဲ့ ဘ၀ကို ပြန်ပြောင်းပြောပြခဲ့တာကနေ ၁၉၉၆ ခုနှစ်က အချိန်တွေဆီပြန်ရောက်သွားပါတော့တယ် ... Guan Min Lu ဆိုတဲ့ကောင်လေးမှာ အချစ်ဆုံးသူငယ်ချင်း Xiao Bo Zhi  ဆိုတာရှိခဲ့တယ် ။

   

သူတို့နှစ်ယောက်က စားအတူ သွားအတူပေါ့ ။ တစ်ယောက်အကြောင်းတစ်ယောက်မသိတာမရှိဘူးလို့ ထင်ခဲ့ပေမယ့် Min Lu က Li Xin Rui နဲ့ တိတ်တဆိတ်ခိုးချစ်နေခဲ့ကြတာ ။ Xiao Bo Zhi ကလည်းခေသူမဟုတ်ဘူးရယ် ။ Cai Xin Yi
လို့ခေါ်တဲ့ Min Lu ရဲ့ အချစ်ဆုံးသူငယ်ချင်းမိန်းကလေးနဲ့ ပြန်တွဲခုတ်နေခဲ့ကြပါတယ် ။ အဲဒီမှာ သူတို့ လေးယောက် ရဲ့ Friendship နဲ့ Relationship တွေ ဘယ်လိုရောထွေးလာသလဲ ။ တစ်ချိန်ချိန်မှာခွဲခွာရမယ့် အချိန်ကိုရောက်လာတဲ့အခါ သူတို့ တကွဲတပြားဆီနဲ့ ဘယ်လိုတွေ ဆက်လက်ရှင်သန်ကြသလဲ ဆိုတာတွေကို ရိုက်ကူးပြထားတဲ့ ထိုင်ဝမ် ဇာတ်ကားလေးပါ  ။ ကျောင်းသားဇာတ်ကားလေးတွေ ကြိုက်တဲ့သူတွေ အတွက် သင့်တော်ပါတယ် ။ At Cafe 6 မှာ လွတ်လပ်ပေါ့ပါး ပျော်ဖို့ကောင်းတဲ့ ကျောင်းသားဘ၀ အမှတ်တရတွေကိုပြန်လည်ခံစားနိုင်မှာပါ ။ သရုပ်ဆောင်တွေကလည်း ဆယ်ကျော်သက်လေးတွေမို့ ဇာတ်အိမ်သွက်သွက်လေးနဲ့ ကြည့်ကောင်းတဲ့ ဇာတ်ကားလေးမို့ ညွှန်းပေးလိုက်ပါတယ်နော် ။ 

   

Athena

Shareလုပ်ပြီးအမှတ်များရယူပါ
1 Aavapoints

Trending:

ရုပ်ရှင်အညွှန်း Love Destiny 

ဒီဇာတ်ကားလေးကတော့ ထိုင်းရဲ့
more

Khwarnyo

Share  212 Views

CU လို့ခေါ်တဲ့ Sean ရဲ့ အကြောင်း

ကဲ ဒီတစ်ခေါက်တော့ Sean
more

Khwarnyo

Share  218 Views

CU လို့ခေါ်တဲ့ Sean ရဲ့ အကြောင်း

ကဲ ဒီတစ်ခေါက်တော့ Sean
more

Khwarnyo

Share  218 Views