မိန်းကလေးတစ်ယောက်ကို ချစ်မိသောအခါ ( ထိုင်းဇာတ်လမ်းတွဲ )

Movie & Music
29/04/2018
176 views

 

ဒီတစ်ခေါက် Movie Review လေးကတော့ ထိုင်းဇာတ်လမ်းတွဲကောင်းလေးတစ်ခုပါ ။ 

Piang Chai Kon Nee Mai Chai Poo Wised

Anu က ဘီလျံနာရဲ့ သမီးပါ ။ 

သဘောင်္ပေါ်မှာ လုပ်တဲ့ ပါတီပွဲတစ်ခုမှာ Anu ကိုမလိုတဲ့သူက စိတ်ကြွဆေးတွေတိုက်ခဲ့တာကြောင့် ရေထဲပြုတ်ကျသွားခဲ့ပါတယ် ။ ရေစီးနဲ့ မျောပြီး ကျွန်းတစ်ကျွန်းမှာ

သွားတင်နေတာကို အဲဒီကျွန်းမှာဆရာဝန်လုပ်နေတဲ့ Satawat က ကယ်ဆယ်လိုက်ပါတယ် ။ စိတ်ကြွဆေးတွေကြောင့် ဖြစ်ချင်ရာတွေဖြစ်နေတဲ့ Anu ကို ဂရုတစိုက်စောင့်ရှောက်ပြီး မြို့ ပြန်ပို့ပေးခဲ့ပါတယ် ။ 

သူ့ ဖခင်ရဲ့ မွေးစားညီ သူ့မရဲ့ မွေးစားဦးလေးက သူမကို တစ်ဖက်သက်ချစ်နေတာပါ ။ 

ဖခင်က ရိပ်မိတဲ့ အခါ မဖြစ်သင့်တာမဖြစ်စေဖို့ တစ်ဖက်လှည့်နဲ့ 

သူ့ဆီမှာ အကြွေးတင်နေတဲ့ အဒေါ်ကြီးရဲ့ သား ဆရာဝန်လေးတစ်ယောက်နဲ့ ပေးစားလိုက်ပါတယ် ။

အဲဒီဆရာဝန်လေးက ကျွန်းက သူမကိုကယ်ခဲ့တဲ့ဆရာဝန်လေးဖြစ်နေတဲ့အခါ ...

အချိန်တန်ရင် ပြန်ကွာဖို့ သဘောတူညီချက်နဲ့ ဟန်ဆောင်လက်ထပ်လိုက်ကြတဲ့ သူတို့ နှစ်ယောက်

ဘယ်လိုနေကြမလဲ ?

ဆရာဝန်ကို အသည်းအသန် ကြိုက်နေတဲ့ သူဋ္ဌေးသမီးတစ်ယောက်က သူတို့ကြားဝင်ရောက်လာတဲ့ အခါ ... 

အရမ်းကြည့်လို့ကောင်းတဲ့ ထိုင်းဇာတ်လမ်းတွဲလေးပါ ။

မင်းသာအဖြစ် James ma နဲ့ မင်းသမီး Kimberlay တို့ အဓိက ပါဝင်သရုပ်ဆောင်ပေးထားကြပါတယ် ။ ထိုင်းကား ပရိတ်သတ်တို့အတွက်ညွှန်းဆိုပေးလိုက်ပါတယ်နော် ။

Athena

Shareလုပ်ပြီးအမှတ်များရယူပါ
1 Aavapoints

Trending:

ရုပ်ရှင်အညွှန်း Love Destiny 

ဒီဇာတ်ကားလေးကတော့ ထိုင်းရဲ့
more

Khwarnyo

Share  212 Views

CU လို့ခေါ်တဲ့ Sean ရဲ့ အကြောင်း

ကဲ ဒီတစ်ခေါက်တော့ Sean
more

Khwarnyo

Share  218 Views

CU လို့ခေါ်တဲ့ Sean ရဲ့ အကြောင်း

ကဲ ဒီတစ်ခေါက်တော့ Sean
more

Khwarnyo

Share  218 Views