အရိုတစ်လိုင်း ဇာတ်လမ်းတွဲလေး Bromance

Movie & Music
29/04/2018
161 views

ကြည့်ပြီးကြိုက်တဲ့ ရုပ်ရှင်ဇာတ်ကားလေးတွေအကြောင်း ပြန်ညွှန်းပေးချင်ပါတယ် ။ ဒီတစ်ခေါက်မှာတော့ Bromance ဆိုတဲ့ ထိုင်ဝမ် Romace ဇာတ်လမ်းတွဲလေးနဲ့ မိတ်ဆက်ပေးမယ်နော် ။ 

   

ပီယ ဆိုတဲ့ ကောင်မလေးက Tomboy လေးပါ ။ 

ယောကျာင်္းလေးလိုပိရိအောင်နေထိုင်တတ်တာမို့

သူ့ကိုမိန်းကလေးလို့ တော်ရုံမသိကြပါဘူး ။

တစ်နေ့မှာ လူဆိုးတွေက တိုက်ခိုက်နေတဲ့ ကောင်လေးတစ်ယောက်ကို

ဝင်ကူညီမိရာကနေ ဇီဖန်ဆိုတဲ့ ကောင်လေးနဲ့ ရင်းနှီးသွားပါတယ် ။ အမှန်တော့ ဇီဖန်က ချမ်းသာတဲ့သူဋ္ဌေးတစ်ယောက်ပါ ။ သူက ပီယ ကို ယောကျာင်္းလေးလို့ပဲထင်ပြီး ခင်မင်သွားပါတယ် ။

ပီယ ကရုပ်ချောချောနဲ့ Tomboy လေး ဖြစ်တာမို့  ဇီဖန် ရဲ့ ညီမကလည်း ယောကျာင်္းလေးလို့ပဲထင်ပြီး ပီယ ကို တစ်ဖက်သတ်ချစ်သွားပါတယ် ။ 

ပီယ ခမျာတော့ အထှာတွေပေးနေတဲ့ ညီမကိုရှောင်ရ ယောကျာင်္းလေးလို့ ထင်လို့ ဖက်လှဲတကင်းနေတဲ့ အကိုကိုရှောင်ရနဲ့ တော်တော် တိုင်ပါတ်တာပေါ့ ။ 

ဇီဖန်ကတော့ ပီယနဲ့ အတူနေအတူသွားရင်း ဂရုလဲ အရမ်းစိုက်ပါတယ် ။ နောက်ပိုင်းမှာ ပီယကို မိန်းကလေးဆိုတာ မသိပေမယ့် ဇီဖန် ရဲ့ စိတ်တွေပြောင်းလဲလာတဲ့အခါ ဘယ်လိုအခက်အခဲတွေရင်ဆိုင်ရမလဲ ... သူတို့ရဲ့ အချစ်လမ်းခရီးလေးကရော အဆင်ပြေချောမွေ့ပါ့မလား ဆိုတာ ရိုက်ပြထားတဲ့ ဇာတ်ကားလေးပါ ။ အရိုတစ်လိုင်း သီးသန့် ဆိုတဲ့ ဇာတ်လမ်းတွဲမျိုးပေါ့ ။ မင်းသားနဲ့ မင်းသမီး ဘယ်လောက်တောင် လိုက်ဖက်လဲဆိုတာ ကိုယ်တိုင်ကြည့်ကြည့်လိုက်ပါတော့ သူငယ်ချင်းတို့ရေ ... 

Athena

Shareလုပ်ပြီးအမှတ်များရယူပါ
1 Aavapoints

Trending:

ရုပ်ရှင်အညွှန်း Love Destiny 

ဒီဇာတ်ကားလေးကတော့ ထိုင်းရဲ့
more

Khwarnyo

Share  212 Views

CU လို့ခေါ်တဲ့ Sean ရဲ့ အကြောင်း

ကဲ ဒီတစ်ခေါက်တော့ Sean
more

Khwarnyo

Share  218 Views

CU လို့ခေါ်တဲ့ Sean ရဲ့ အကြောင်း

ကဲ ဒီတစ်ခေါက်တော့ Sean
more

Khwarnyo

Share  218 Views