ထိုင်းမင်းသားလေး Mike D'Angelo အကြောင်း

Movie & Music
01/04/2018
633 views
ထိုင်းမင်းသားလေး Mike D'Angelo ဆိုရင် မြန်မာနိုင်ငံကပရိတ်သတ်တော်တော်များများအားပေးကြပါတယ် ။

သူဟာမြန်မာနိုင်ငံကိုလဲ ခဏခဏ လာလည်ဖူးသူပါ ။ သူရဲ့ အကြောင်းလေးကို တောင်းဆိုထားသူများအတွက်မျှဝေပေးလိုက်ပါတယ် ။

Mike ကို 1989 ဒီဇင်ဘာ 19 ရက်နေ့မှာမွေးဖွားပါတယ်

   

သူဟာအဆိုတော်ရောသရုပ်ဆောင်မော်ဒယ်တစ်ဦးအဖြစ်ပါ ကျော်ကြားသူပါ ။

သူ့ကို Golf-Mike Duo Group က Singer အနေနဲ့ လဲ လူသိများပါတယ် ။

Mike ဟာသားသမီး 5 ယောက်ထဲမှာ 4 ယောက်မြောက်သားပါ ။

သူ့မှာ အကို 3 ယောက်နဲ့ ညီမလေး 1 ယောက်ရှိပါတယ် ။

11 နှစ်အရွယ်မှာထဲက G-Junior ဆိုတဲ့ Group လေးအတွက် အသံဝင်စစ်ခဲ့ပြီးနောက် Training ကာလပြီးတဲ့ အချိန်မှာ GMM Grammy concerts အတွက်ပထမဆုံး ပွဲထွက်ခဲ့တာပါ ။ သူဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသူတစ်ယောက်ပါ ။ စကားသိပ်အများကြီးမပြောဘဲ စိုးရိမ်တတ်သူလဲဖြစ်ပါတယ် ။

   

သူဟာသူ့အကို Golf နဲ့ အလုပ်တွဲလုပ်ရတာကိုသဘောကျပြီး သူ့အကိုနဲ့ မကြာခဏ ငြင်းခုန်တတ်ပါသေးတယ် ။ များသောအားဖြင့်က သူပဲစတောင်းပန်တာပါတဲ့ ။

Mike က အင်းဆက်ကောင်လေးတွေကိုကြောက်ပါတယ် ။ သူဟာရှက်တတ်ပြီးတော့ ပြုံးနေရတာကိုသဘောကျပါတယ် ။ သူဟာ Single Father တစ်ယောက်လဲဖြစ်ပါတယ် ။ သူ့ရဲ့ ချစ်သူဟောင်း Sara Casinghini နဲ့ Maxwell ဆိုတဲ့ သားလေးတစ်ယောက်ရရှိထားပါတယ် ။ သူတို့ဟာ ပြတ်စဲပြီးထဲက သူငယ်ချင်းကောင်းတွေအဖြစ်ဆက်လက်ရပ်တည်နေပြီး သူတို့ရဲ့ သားလေးကိုလဲ အလွန်ချစ်မြတ်နိုးကြပါတယ် ။

   

   

   

သူဟာ Urassaya Sperbund နဲ့လဲ ခင်မင်တဲ့သူငယ်ချင်းတွေဖြစ်ကြပါတယ် ။ ။ရုပ်ရှင်ကားများစွာမှာ ပါဝင် သရုပ်ဆောင်ထားပြီး မင်းသမီး Aom Sushar နဲ့ အလိုက်ဖက်ဆုံးလို့မှတ်ချက်အပြုခံထားရသူပါ ။
Mike နဲ့ Aom ကို များသောအားဖြင့်အမြဲအတူတွေ့ရတတ်ပြီး ခရီးထွက်ရင်တောင် အတူတူထွက်တတ်ကြပါတယ် ။

   


သို့ပေမယ့် သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို တရားဝင်ထုတ်ဖော်ပြောကြားထားခြင်းမရှိသေးတာမို့ Mike ရဲ့ လက်ရှိ Relationship အခြေအနေက Single ပါပဲတဲ့ ။
Mike ကိုအားပေးတဲ့ ပရိတ်သတ်တွေ ရှိရင် Comment မှာပြောသွားခဲ့လေနော် ။ Shake ရအောင်လေ ... 

Athena
Ref : wiki
Shareလုပ်ပြီးအမှတ်များရယူပါ
1 Aavapoints

Trending:

ရုပ်ရှင်အညွှန်း Love Destiny 

ဒီဇာတ်ကားလေးကတော့ ထိုင်းရဲ့
more

Khwarnyo

Share  212 Views

CU လို့ခေါ်တဲ့ Sean ရဲ့ အကြောင်း

ကဲ ဒီတစ်ခေါက်တော့ Sean
more

Khwarnyo

Share  218 Views

CU လို့ခေါ်တဲ့ Sean ရဲ့ အကြောင်း

ကဲ ဒီတစ်ခေါက်တော့ Sean
more

Khwarnyo

Share  218 Views