Lay က ပိုက်ဆံတောင်းတာကို အိတ်ထဲရှိသမျှအကုန်ပေးလိုက်တဲ့ ပရိတ်သတ်

Movie & Music
16/03/2018
396 views
Exo အဖွဲ့ဟာဆိုရင် ကမ္ဘာတစ်ဝှမ်းမှာ ဒိတ်ဒိတ်ကျဲကျော်ကြားပါတယ် ။ သူတို့အားလုံးကိုချစ်ခင်အားပေးတဲ့ ပရိတ်သတ်တွေရှိသလို သူတို့ထဲကတစ်ယောက်ချင်းဆီမှာလည်း ကိုယ်ပိုင် ပရိတ်သတ်တွေ အခိုင်အမာနဲ့ပါ ။ သူတို့ထဲမှာ အရင်ကတရုတ် member တွေရှိခဲ့ပေမယ့် အဖွဲ့ ကိုတစ်ယောက်ပြီးတစ်ယောက်ခွဲခွာသွားပြီးတဲ့နောက်မှာ ကိုရီးယား member များနဲ့ တရုတ် member ဆိုလို့ Lay တစ်ယောက်သာ ကျန်ခဲ့ပါတယ် ။ Lay က ခုဆိုရင်တရုတ်ပြည်မှာ အနုပညာလှုပ်ရှားမှုတွေကို ပြန်လည်လုပ်ကိုင်နေပါပြီ ။

   

တစ်ခါမှာတော့ သဘောကောင်းတဲ့ အဆိုတော်လေး Lay က ဘယ်လောက်တောင် ပရိတ်သတ်တွေရဲ့ အချစ်ကိုခံရသလဲဆိုတာ variety show တစ်ခုကနေ သက်သေပြလိုက်ပါတယ် ။ တရုတ်က variety show တစ်ခုဖြစ်တဲ့ Go Fighting ဆိုတဲ့ Show မှာ Lay က ငွေတစ်ပြားတစ်ချပ်မှမပါဘဲ mission ကို complete ဖြစ်အောင်လုပ်ရမယ့် Challenge တစ်ခုပါခဲ့ပါတယ် ။

   

ရထားစီးဖို့ ငွေလိုနေတဲ့ Lay က ပိုက်ဆံရှာဖို့အတွက် ခရီးသည်တွေကို အကူအညီတောင်းခဲ့စဉ်မှာတော့ Lay ကိုမြင်လိုက်ရတဲ့ သူ့ပရိတ်သတ်တွေက အံ့သြကုန်ကြပြီး သူ့ရဲ့ပရိတ်သတ်တစ်ယောက်က သူမ ပိုက်ဆံအိတ်ထဲက ငွေတွေတင်မက savings card ကိုပါ Lay ကို ပေးခဲ့တာပါ ။

   

ဘယ်လိုပဲဖြစ်ဖြစ် Lay ရဲ့ ပရိတ်သတ်တွေကတော့ Lay ကို အပြင်မှာ တွေ့ဖူး စကားပြောဖူးရုံနဲ့တင် သူတို့မှာရှိသမျှ အကုန်ပေးဖို့ ၀န်မလေးဘူးမဟုတ်ပါလား ... Lay က ပရိတ်သတ်တွေဆီက ငွေကို အလကားယူခဲ့တာတော့မဟုတ်ပါဘူး ။ ဓါတ်ပုံအတူတူရိုက်ပေးတာမျိုးတွေ သီချင်းဆိုပြတာမျိုးတွေလုပ်ပေးခဲ့ပါတယ် ။ ရထားပေါ်ရောက်တော့လည်း အဖွားတစ်ယောက်နဲ့တောင် စကားစမြည်ပြောခဲ့ပါသေးတယ် ။ ချစ်ဖို့ကောင်းတာ ဆိုတာကတော့ ပြောမနေပါတော့နဲ့ ။ နောက်ဆုံး အဲဒီ အစီအစဉ်မှာ သူပဲ Winner ဖြစ်သွားခဲ့တာပါ ။ 
(အစီအစဉ်ကို အောက်မှာကြည့်လို့ရတယ်နော်)
 

Lay ကတော့ မြင်သူတိုင်းမချစ်ဘဲ မနေနိုင်လောက်တဲ့ Idol တစ်ယောက်ပါပဲ ။

Athena
Source : ilovekstar
Shareလုပ်ပြီးအမှတ်များရယူပါ
1 Aavapoints

Trending:

ရုပ်ရှင်အညွှန်း Love Destiny 

ဒီဇာတ်ကားလေးကတော့ ထိုင်းရဲ့
more

Khwarnyo

Share  212 Views

CU လို့ခေါ်တဲ့ Sean ရဲ့ အကြောင်း

ကဲ ဒီတစ်ခေါက်တော့ Sean
more

Khwarnyo

Share  218 Views