အကျော်ကြားဆုံး ကိုရီးယားဇာတ်ကား ၁၅ ကား ( Part - II )

Movie & Music
13/03/2018
327 views
အကျော်ကြားဆုံး ကိုရီးယားဇာတ်ကား ၁၅ ကား ( Part - I )

9. Pinnochio (2015)

   
ဒီဇာတ်ကားမှာတော့ Park Shin Hye နဲ့ Lee Jong Suk ရဲ့ အတွဲညီလွန်းလို့ ပရိတ်သတ်တွေက တွဲပေးကြတဲ့ အထိတောင် အားပေးခံခဲ့ရပါတယ် ။
မီဒီယာတွေရဲ့ မဟုတ်မမှန် ဖွမှုတွေကြောင့် ပျက်ဆီးခဲ့ရတဲ့ မိသားစုလေးတစ်စုကနေ ဖြစ်ပေါ်လာတဲ့အကြောင်းတွေကို ရိုက်ကူးပြသထားတဲ့ ဇာတ်လမ်းတွဲလေးတစ်ခုဖြစ်ပါတယ် ။ 
10. Healer (2015)

   

အက်ရှင်နဲ့ အချစ်ရောထားတဲ့ ဒီဇာတ်ကားလေးကလည်း ပရိတ်သတ်တွေ အကြိုက်တွေ့ခဲ့တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ခဲ့ပါတယ် ။
 
11. Moonlight Drawn by the Clouds (2016)

   

ဘုရင် မဖြစ်ချင်တဲ့ ဘုရင်တစ်ပါးနဲ့ ကုန်းကုန်းအယောင်ဆောင်ထားတဲ့ မိန်းမလှလေးတစ်ယောက်ကြားက ချစ်စရာ Romance ဇာတ်လမ်းလေးတစ်ပုဒ်ပါ ။ 
ဒီဇာတ်ကားလေးကလည်း အောင်မြင်မှုမှတ်တိုင်တစ်ခုကိုစိုက်ထူခဲ့ပါတယ် ။
 
12. My Weightlifting Fairy Kim Bok-Joo (2016)

   

ဒီဇာတ်ကားလေးကတော့ အားကစားသမားတွေရဲ့ ဘ၀နဲ့ အချစ်ကိုရောမွှေရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ် ။ အလေးမ အားကစားသမား ကောင်မလေးနဲ့ ရေကူးအားကစားသမားလေးတို့ရဲ့ သူငယ်ချင်းဘ၀ကပြောင်းလဲလာတဲ့ အချစ်ရေးအကြောင်းကို ရိုက်ကူးထားတာပါ ။ ဒီဇာတ်လမ်းတွဲအပြီးမှာ မင်းသားနဲ့ မင်းသမီးဟာ အပြင်မှာတကယ်ချစ်သူတွေဖြစ်ခဲ့ကြပေမယ့် သိပ်မကြာခင်မှာပဲ လမ်းခွဲလိုက်ကြပါတယ် ။ 
 
13. Descendents of the Sun (2016)

   

2016 မှာ ဇာတ်ကားကောင်းတွေ အများကြီးထွက်ပါတယ် ။ အဲဒီ ဇာတ်ကားကောင်းတွေထဲ နိုင်ငံတကာထိကျော်ကြားခဲ့တဲ့ စစ်ကားကတော့ Descendents of the Sun ပါ ။ အထူးတပ်က စစ်သားတစ်ဦးနဲ့ ဆရာဝန်မလေးရဲ့ အချစ်ဇာတ်လမ်းပါ ။ ဒီဇာတ်ကားလေးအပြီးမှာတော့ ပရိတ်သတ်တွေ ဆန္ဒအတိုင်း Song Song Couple လေးဟာ လက်ထပ်တဲ့အထိ ချစ်သွားခဲ့ကြပါတယ် ။ 
 
14. Goblin: The Great and Lonely God (2017)

   

သဘာဝလွန်ဇာတ်ကားတွေထဲက ပရိတ်သတ်အားပေးမှုအထူးခံရတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ် ။ 
မှင်စာ ၊ သေမင်းနဲ့ သေမင်းလက်ကလွတ်ပြီး သေစာရင်းပျောက်နေတဲ့ မှင်စာရဲ့ သတို့သမီးလေး သူတို့ရဲ့ ပါတ်သတ်ဆက်နွယ်မှုတွေကို ဟာသတွေ ၊ Romance တွေနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားလေးပါ ။ မှင်စာနဲ့ သေမင်းရဲ့ Friendship က ကြည့်ရသူတွေကို ပျော်ရွှင်မှုတွေပေးပါတယ် ။ ဒီဇာတ်ကားလေးကလည်း အဆုံးတိုင် ကြည့်ရှုသူများပြားခဲ့တဲ့ ဇာတ်ကားလေးဖြစ်ပါတယ် ။ 
 
15. Strong Woman Do Bong Soon (2017)

   

ဒီဇာတ်ကားလေးကလည်း သဘာဝလွန်ဇာတ်ကားလေးပါပဲ ။ မျိုးရိုးစဉ်ဆက် စွမ်းအင်တွေပိုင်ဆိုင်လာတဲ့ မိန်းကလေးတစ်ယောက်က အသက်အန္တရယ် ချိန်းခြောက်ခံနေရတဲ့ Game Company ပိုင်ရှင်တစ်ယောက်ကို ကာကွယ်ရင်း အချစ်စိတ်တွေဖြစ်ပေါ်လာတဲ့ ဇာတ်လမ်းလေးတစ်ခုဖြစ်ပါတယ် ။ 

ဒီဇာတ်ကားလေးတွေကတော့ ကိုရီးယား ရုပ်ရှင်လောကရဲ့ အရွေ့ တွေမှာ မှတ်တိုင်ထူခဲ့တဲ့ဇာတ်ကားလေးတွေပါ ။ အခြား အကြိုက်ဆုံးဇာတ်ကားကောင်းလေးတွေရှိရင် Comment မှာ မျှဝေပေးသွားကြပါဦးနော် ... 

Athena
Ref : koreaboo
Shareလုပ်ပြီးအမှတ်များရယူပါ
1 Aavapoints

Trending:

ရုပ်ရှင်အညွှန်း Love Destiny 

ဒီဇာတ်ကားလေးကတော့ ထိုင်းရဲ့
more

Khwarnyo

Share  212 Views

CU လို့ခေါ်တဲ့ Sean ရဲ့ အကြောင်း

ကဲ ဒီတစ်ခေါက်တော့ Sean
more

Khwarnyo

Share  218 Views