အကျော်ကြားဆုံး ကိုရီးယားဇာတ်ကား ၁၅ ကား ( Part - I )

Movie & Music
13/03/2018
548 views
Kpop လှိုင်းလုံးကြီးက မြန်မာနိုင်ငံကို မရိုက်ခတ်ခင်မှာ ကိုရီးယားရဲ့ Drama လှိုင်းလုံးက အရင်ရိုတ်ခတ်ခဲ့တာပါ ။ အရင်က ၇ နာရီဆို မြ၀တီ ရုပ်သံလိုင်းကပြမယ့် ကိုရီးယား ဇာတ်လမ်းတွဲကို မျှော်ခဲ့ဖူးတဲ့သူတွေ ရှိတယ်မဟုတ်လား ။ ခုချိန်မှာတော့ ကြည့်ရှုရမယ့် ရုပ်သံလိုင်းတွေ အများကြီးဖြစ်နေပြီ ဖြစ်တဲ့အပြင် Korea Drama တွေကိုလည်း အများအပြားထုတ်လွှင့်နေကြပါပြီ ။ Drama တွေက ခုချိန်ထိ တစ်ကားနဲ့ တစ်ကားမရိုးရအောင် ဆွဲဆောင်ထားနိုင်တုန်းပဲဆိုပေမယ့် ကိုရီးယား ဇာတ်လမ်းတွဲသမိုင်းမှာတော့ သမိုင်းတွင်အောင် အောင်မြင်ခဲ့တဲ့ အကျော်ကြားဆုံးဇာတ်ကားတွေ ရှိနေပါတယ် ။ အဲဒီဇာတ်ကားတွေကတော့ 
1. Jewel in the Palace (2003)

   

နန်းတွင်းရတနာ ဆိုတဲ့ နာမည်နဲ့ မြန်မာနိုင်ငံက ရုပ်သံလိုင်းမှာထုတ်လွှင့်ခဲ့ဖူးပါတယ် ။ သမားတော်လေး ချန်ဂင်ရဲ့ ဘ၀ဖြတ်သန်းမှုကို ရိုက်ကူးပြသထားတဲ့ ဒီဇာတ်လမ်းတွဲကတော့ လူကြည့်အများဆုံးနဲ့ အအောင်မြင်ဆုံး ဇာတ်လမ်းတွဲတစ်တွဲဖြစ်ခဲ့ပါတယ် ။ 
 
2. Full House (2004)

   

မင်းသား Rain ရယ်လို့ တစ်ခေတ်ဖြစ်သွားစေတဲ့ ဇာတ်ကားလေးပါ ။ အောင်မြင်နေတဲ့ မင်းသားတစ်လက်နဲ့ တစ်အိမ်ထဲမှာအတူတူနေရတဲ့ စာရေးဆရာမလေးရဲ့ အချစ်ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ် ။ အောင်မြင်လွန်းလို့ Philippines, Vietnam, Thailand, Cambodia, Turkey နဲ့ China တို့ကတော့ Remake Drama အဖြစ်ပြန်လည်ရိုက်ကူးခဲ့ကြတာပါ ။ 

3. Coffee Prince (2007)

   

ဒီဇာတ်ကားလေးကလည်း အောင်မြင်ခဲ့တာပါပဲ ။ ကော်ဖီချစ်သူ ဆိုတဲ့ နာမည်နဲ့ မြန်မာနိုင်ငံမှာလည်း နာမည်ကြီးခဲ့ပါတယ် ။ ကော်ဖီဆိုင်ပိုင်ရှင် သူဠေးလေးနဲ့ ကော်ဖီဆိုင်မှာ ယောကျာင်္းလေးဟန်ဆောင်ပြီးလာအလုပ်လုပ်နေတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ် ။ 
 
4. Boys Over Flowers (2009)

   

ဒီဇာတ်ကားလေးကလည်း မြန်မာမှာ မသိတဲ့သူမရှိလောက်အောင်ပါပဲ ။ လီမင်ဟိုရဲ့ နာမည်ကြီးဇာတ်ကားတစ်ကားဖြစ်တဲ့ Boys Over Flowers က Japan Maga ကို Live Action အဖြစ် ပြန်လည် အသက်သွင်းခဲ့ပြီး ဒိတ်ဒိတ်ကျဲအောင်မြင်ခဲ့ပါတယ် ။ ချောမောခန့်ညားပြီး ချမ်းသာတဲ့ ယောကျာင်္းလေးယောက်ကြကားက ရိုးသားပြီး အပြစ်ကင်းစင်တဲ့ ကောင်မလေးတစ်ယောက်ရဲ့ အဖြစ်ကို ရိုက်ကူးထားတာဖြစ်ပါတယ် ။
 
5. The Secret Garden (2010)

   

ချမ်းသာတဲ့ ကောင်လေးတစ်ယောက်နဲ့ ဆင်းရဲတဲ့ မိန်းမပျိုလေးတစ်ယောက်ကြားက အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ် ။ 
 
6. The Moon Embracing the Sun (2012)

   

သမိုင်းနောက်ခံဇာတ်ကားလေးဖြစ်တဲ့ ဒီဇာတ်ကားလေးကလည်း လူကြိုက်များတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ခဲ့ပါတယ် ။ 
ဘုရင် Lee Hwon နဲ့ နန်းတွင်းသူလေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းဖြစ်ပါတယ် ။ 
 
7. Heirs (2013)

   

လီမင်ဟိုရဲ့ နာမည်ကြီးတဲ့နောက်တစ်ကားပါ ။ ချမ်းသာပြီး စိတ်လေနေတဲ့ သူဠေးသားလေးတစ်ယောက်နဲ့ ဆင်းရဲပေမယ့် မာနကြီးတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ် ။

8. My Love from the Star (2014)

   

ဒီဇာတ်ကားလေး အောင်မြင်ချိန်မှာတော့ မြန်မာနိုင်ငံမှာ Korea အနုပညာကအရမ်းကိုထွန်းကားနေပါပြီ ။ ဒီဇာတ်ကားလေးကလည်း ပြောစမှတ်တွင်လောက်အောင်ကောင်းတာမို့မကြည့်ဖူးသူနည်းပါလိမ့်မယ် ။ မင်းသား  Kim Soo Hyun  ရဲ့ အောင်မြင်မှုကို အထွတ်အထိပ်တင်ပေးလိုက်တဲ့ဇာတ်ကားပါ ။ 
သဘာဝလွန်ဇာတ်ကားလေးတစ်ကားဖြစ်တဲ့ ဒီဇာတ်ကားလေးက ဂြိုလ်သားလေးတစ်ယောက်နဲ့ နာမည်ကျော် မင်းသမီးတစ်ယောက်ရဲ့ အချစ်ရေးကို ရိုက်ကူးပြထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ် ။ 

ဆက်ရန် 
Shareလုပ်ပြီးအမှတ်များရယူပါ
1 Aavapoints

Trending:

ရုပ်ရှင်အညွှန်း Love Destiny 

ဒီဇာတ်ကားလေးကတော့ ထိုင်းရဲ့
more

Khwarnyo

Share  212 Views

CU လို့ခေါ်တဲ့ Sean ရဲ့ အကြောင်း

ကဲ ဒီတစ်ခေါက်တော့ Sean
more

Khwarnyo

Share  218 Views