ချစ်သူတွေဖြစ်နေကြတဲ့ Park Shin Hye နဲ့ Choi Tae Joon 

Movie & Music
07/03/2018
592 views
တွဲနေတာ တစ်နှစ်လောက်တောင်ရှိပြီလို့ အတွင်းသတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ် ။ သူတို့နှစ်ယောက်စလုံး Chung Ang University ကျောင်းကိုတတ်ရောက်ခဲ့သူတွေဖြစ်ပြီးတော့ ပွဲဦးထွက်ပြီးနောက်ပိုင်းမှာ ရင်းနှီးမှုတွေ ပိုလာခဲ့ကြပါတယ် ။ အတွင်းသတင်းတွေအရ သူတို့နှစ်ယောက်က Park Shin Hye ရဲ့ အိမ်မှာ တိတ်တိတ်ဆိတ်ဆိတ် ချိန်းတွေ့ရတာမျိုး ၊ ရင်းနှီးတဲ့ သူငယ်ချင်းတွေနဲ့ အတူ လျှောက်လည်ရတာကို တော်တော်သဘောကျတယ်လို့ ဆိုကြပါတယ် ။ သူတို့နှစ်ယောက်ဟာ လွန်ခဲ့တဲ့နှစ်ကတော့ Dating news တွေကို personal reason ကြောင့် ငြင်းဆိုခဲ့တာတွေလုပ်ခဲ့ပါသေးတယ် ။

   

သို့ပေမယ့်လည်း သူတို့နှစ်ယောက်တွဲနေတယ်လို့ တထစ်ချဆိုသူတွေကဆိုနေကြတုန်းပါ ။ ရင်းနှီးသူတွေသာ သူတို့ချိန်းတွေ့နေတာကို သိကြပြီး ပြင်ပကို သတင်းမထွက်အောင် အတတ်နိုင်ဆုံးနေခဲ့ပေမယ့် ခုချိန်မှာတော့ သတင်းတွေ ထွက်ပေါ်လာတာပါ ။ ဒီသတင်းတွေကြောင့် Choi Tae Joon ရဲ့ အေဂျင်စီက မင်းသားကို သေချာအောင် မေးမြန်းနေတယ်လို့ ဆိုခဲ့ပြီး Park Shin Hye ရဲ့ အေဂျင်စီကလည်း မင်းသမီးက ခုလက်ရှိမှာ ပဲရစ်ရောက်နေတာမို့ သတင်းထုတ်ပြန်ဖို့ အချိန်အနည်းငယ်စောင့်ဆိုင်းပေးဖို့ ဆိုခဲ့ပါတယ် ။ ဘယ်လိုတွေ ထုတ်ပြန်ကြဦးမလဲဆိုတာဆက်လက်စောင့်ကြည့်နေကြရာကနေ ယနေ့ မတ်ခ်ျလ ၇ ရက်နေ့မှာတော့ နှစ်ယောက်စလုံးရဲ့ အေဂျင်စီကနေ သူတို့ တွဲနေတဲ့သတင်းကို အတည်ပြုပေးခဲ့ပါတယ် ။ လွန်ခဲ့တဲ့ နှစ်ကုန်ခါနီးမှာ သူငယ်ချင်းတွေအဖြစ်ကနေ ချစ်သူတွေဖြစ်လာခဲ့ကြတယ်လို့ ဆိုပါတယ် ။
Con Con ပါ New Couple လေး !!! 

   
Athena
Source : Soompi
Shareလုပ်ပြီးအမှတ်များရယူပါ
1 Aavapoints

Trending:

ရုပ်ရှင်အညွှန်း Love Destiny 

ဒီဇာတ်ကားလေးကတော့ ထိုင်းရဲ့
more

Khwarnyo

Share  213 Views

CU လို့ခေါ်တဲ့ Sean ရဲ့ အကြောင်း

ကဲ ဒီတစ်ခေါက်တော့ Sean
more

Khwarnyo

Share  219 Views