Bella Ranee ရဲ့ လူကြိုက်အများဆုံး ဇာတ်ကား ၅ ကား

Movie & Music
04/03/2018
428 views
ထိုင်းမင်းသမီးလေး Bella ဆိုရင်တော့ မြန်မာပရိတ်သတ်တွေ ရင်းနှီးပြီးသားပါပဲနော် ။ သူမ ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်တွေကို ရုပ်သံလိုင်းတွေကလည်းပြသဖူးသလို အွန်လိုင်းကနေသူမရဲ့ အနုပညာလှုပ်ရှားမှုတွေကို စောင့်ကြည့်နေကြတဲ့ ပရိတ်သတ်တွေလဲ အများကြီးပါပဲ ။ ခုတစ်ခါမှာတော့ သူမရဲ့ ပရိတ်သတ်တွေအတွက် သူမ ရိုက်ကူးခဲ့သမျှထဲက လူကြိုက်အများဆုံး ဇာတ်ကား ၅ ကားကို စုစည်းဖော်ပြပေးလိုက်ပါတယ် ။  

1. Pohn Prom Onlaweng

   

Boy Pakorn နဲ့ တွဲဖက်သရုပ်ဆောင်ထားတဲ့ ဒီဇာတ်ကားလေးကတော့ သဘာဝလွန်ဇာတ်ကားလေးပါ ။ သူမနဲ့ ကလေးလေးတစ်ယောက်က ခန္တာကိုယ်ထဲ ၀ိညာဉ်ချင်းလဲသွားတဲ့ အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ် ။ 2013 ခုနှစ်မှာထုတ်လွှင့်ခဲ့တာဖြစ်ပြီး ပရိတ်သတ်အကြိုက်တွေ့ခဲ့တဲ့ ဇာတ်ကားလေးပါ ။ 

2. Suparburoot Jutathep Series – Khun Chai Puttipat

   

ဒီဇာတ်ကားလေးကိုတော့ မြန်မာနိုင်ငံက ရုပ်သံလိုင်းတွေမှာတောင် လွှင့်သွားဖူးပါတယ် ။ James Jirayu နဲ့တွဲဖက်ရိုက်ကူးထားတာဖြစ်ပြီး ဆင်းရဲသူမလေးက ချမ်းသာပြီး ဂုဏ်သရေရှိတဲ့ မင်းသားတစ်ပါးနဲ့ ချစ်ကြိုက်မိတဲ့အကြောင်းကို Romantic ဆန်ဆန်လေးရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ် ။ 

3. Pa Di Wa Rad Da

   

James Jirayu  နဲ့ပဲ ထပ်မံရိုက်ကူးထားတဲ့ ဇာတ်ကားပါ ။ ရဲတစ်ယောက်နဲ့ မမျှော်လင့်ဘဲ အိမ်ထောင်ပြုလိုက်ရတဲ့ ဇနီးသည်လေးနေရာက သရုပ်ဆောင်ထားပါတယ် ။ အဲဒီဇာတ်ကားကလည်း လူကြိုက်အများဆုံးဇာတ်ကားဖြစ်ခဲ့တာပါ ။ 

4. Plerng Boon

   

2017 မှာ လူကြိုက်အများဆုံးဇာတ်ကားတစ်ကားဖြစ်ခဲ့ပါတယ် ။ မင်းသမီးနှစ်ယောက်ရဲ့ အပြိုင်အဆိုင် သရုပ်ဆောင်မှုတွေကိုတွေ့ရှိရမှာပါ ။ 

5. Buppae Sunniwas

   

ဒီဇာတ်ကားလေးကတော့ ခုလက်ရှိ ထိုင်းဇာတ်လမ်းတွဲပရိတ်သတ်တွေထဲ အလွန်ရေပန်းစားနေတဲ့ ဇာတ်ကားလေးပါ ။ ထုတ်လွှင့်နေဆဲဖြစ်ပြီး ထုတ်လွှင့်ပြီးတဲ့ အပိုင်းတွေအကုန်လုံးဟာလည်း လူကြည့်များခဲ့ပါတယ် ။ အရင်ခေတ်နဲ့ အခုခေတ်ကို ဆက်နွယ်နေတဲ့ သဘာဝလွန်ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ် ။

ဒီဇာတ်ကားတွေကတော့ Bella ရဲ့ လူကြိုက်အများဆုံးဇာတ်ကားတွေပါ ။ Bella ပရိတ်သတ်တိုင်းအကုန်ကြည့်ဖူးလိမ့်မယ်ထင်တာပါပဲ ...

Athena

Shareလုပ်ပြီးအမှတ်များရယူပါ
1 Aavapoints

Trending:

ရုပ်ရှင်အညွှန်း Love Destiny 

ဒီဇာတ်ကားလေးကတော့ ထိုင်းရဲ့
more

Khwarnyo

Share  213 Views

CU လို့ခေါ်တဲ့ Sean ရဲ့ အကြောင်း

ကဲ ဒီတစ်ခေါက်တော့ Sean
more

Khwarnyo

Share  218 Views