Exo အဖွဲ့ဝင် Lay ကိုလူချစ်လူခင်များရတဲ့ အကြောင်းရင်းတွေ

Movie & Music
04/03/2018
363 views
Exo အဖွဲ့ရဲ့ တစ်ဦးတည်းကျန်ရှိတဲ့ တရုတ် member Lay ကို Exo အဖွဲ့နဲ့အတူ စင်မြင့်တွေပေါ်မှာမတွေ့ရတော့တာ ကြာခဲ့ပေမယ့် သူ့ပရိတ်သတ်တွေကတော့ မေ့မသွားခဲ့ပါဘူး ။ Lay ဟာ အလုပ်ကြိုးစားပြီး Talent ရှိတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အပြင် သူ့မှာ သူ့ပရိတ်သတ်တွေ ရဲ့ ချစ်ခြင်းတွေကိုစုပြုံသိမ်းဆည်းထားနိုင်တဲ့ အခြားအကြောင်းရင်းတွေရှိနေပါသေးတယ် ။ ပရိတ်သတ်တွေအပေါ်အမြဲ ကြင်နာမှုရှိခဲ့သူပါ ။ သူ့ပရိတ်သတ်တွေကို ဘယ်လိုအလေးထားသလဲဆိုတာ အောက်က အချက်လေးတွေကနေ သိရှိုနိုင်ပါတယ် ။ 

1. ပရိတ်သတ်ဆီက စာတွေဖတ်ဖို့ အချိန်အမြဲပေးတယ် ။ 

   

Fan တွေက Lay ကိုတွေ့တဲ့နေရာတိုင်းမှာ Fan Letter တွေ ကမ်းပေးတတ်ကြပါတယ် ။ Lay ကတော့ security တွေကာနေတဲ့ကြားက အဲစာတွေကို ရအောင်ယူပြီး သူ့ အိတ်ကပ်ထဲ အကုန်ထည့်တော့တာပါပဲ ။ ပြီးရင် အားတဲ့အချိန် အားတဲ့နေရာမှာ အဲဒီစာလေးတွေကို ဂရုတစိုက်ဖတ်ရှုတတ်ပါတယ် ။

    

2. Lay က သူ့ရဲ့ Solo Album တစ်ခုလုံးကို Fan တွေအတွက် ဘာသာပြန်ပေးခဲ့ ။

သူ့ကိုချစ်ကြတဲ့ ကမ္ဘာတစ်ဝှမ်းက Fan တွေကို သူအလေးထားတယ်ဆိုတာ ပြသနေတဲ့ လုပ်ရပ်ကလေးတစ်ခုပါ ။ တရုတ် ၊ ကိုရီးယား ၊ ဂျပန် သုံးဘာသာ တက်ကျွမ်းတဲ့ Lay က သူ့ရဲ့ Solo Album က သီချင်းစာသားတွေ ကို သူတတ်ကျွမ်းတဲ့ဘာသာစကားသုံးခုစလုံးနဲ့ ကိုယ်တိုင်ဘာသာပြန်ပေးထားခဲ့တာပါ ။ 

3. ပရိတ်သတ်တွေပြောတဲ့စကားတွေကိုလေးစားမှုရှိသူ ။ 

ပရိတ်သတ်တွေရဲ့ ထင်မြင်ချက်တွေကိုလည်း အွန်လိုင်းပေါ်မှာ အမြဲ ဂရုတစိုက်ဖတ်ရှုတတ်သူဖြစ်ပါတယ် ။ 

4. လူကြီးလူကောင်းပီသတယ် ။ 

ဒါကတော့ သူ့ Fan တွေအားလုံးသိကြတဲ့အချက်ပါ ။ မိန်းကလေးတွေအပေါ် ညှာတာကူညီစိတ်ရှိတဲ့ Idol တစ်ယောက်ဖြစ်ပါတယ် ။ 

5. ပရိတ်သတ်တွေကို အမြဲအပြုံးနဲ့နှုတ်ဆက်သူ

သူနဲ့ အပြင်မှာ ဆုံခွင့်ရတဲ့ ပရိတ်သတ်တွေက သူ့ရဲ့ နှစ်လိုဖွယ်အပြုံးလေးနဲ့ တွေ့ဆုံရလေ့ရှိပါတယ် ။ အသက်ဘယ်လောက်ငယ်ငယ် ဘယ်လောက်ကြီးကြီး သူကတော့ အမြဲ ဖော်ဖော်ရွေရွေ ပြုံးနှုတ်ဆက်တာပါပဲ ။ 

   

6. Fan တွေကို လက်ဆောင်မပေးဖို့ ဆိုသူပါ ။ 

မွေးနေ့လိုနေ့မျိုးမှာတောင် Fan တွေဝန်ပိမှာစိုးလို့ သူ့ကို လက်ဆောင်မပေးဖို့ပြောခဲ့သူပါ ။ သူ့ကိုပေးမယ့်အစား အခြားသူအတွက် အကျိုးရှိစေမယ့် အရာလေးလုပ်ပေးတာပိုကောင်းမယ် လို့ အကြံပေးခဲ့ပါတယ် ။ ဘယ်လောက်တောင် အတ္တနည်းလိုက်သလဲ ။ 

ဒီလို Idol မျိုးကတော့ သူ့ ပရိတ်သတ်တွေ ရဲ့ အချစ်တွေကို သိမ်းကြုံးယူထားနိုင်တာ မဆန်းတော့ပါဘူးနော် ။

Athena
ref :koreaboo


 

Shareလုပ်ပြီးအမှတ်များရယူပါ
1 Aavapoints

Trending:

ရုပ်ရှင်အညွှန်း Love Destiny 

ဒီဇာတ်ကားလေးကတော့ ထိုင်းရဲ့
more

Khwarnyo

Share  212 Views

CU လို့ခေါ်တဲ့ Sean ရဲ့ အကြောင်း

ကဲ ဒီတစ်ခေါက်တော့ Sean
more

Khwarnyo

Share  218 Views