Heart ထိစရာ Taeyang ရဲ့ ပရိတ်သတ်တွေအပေါ်နွေးထွေးမှု

Movie & Music
04/03/2018
228 views
မကြာသေးခင်ကမှ မင်္ဂလာဆောင်သွားတဲ့ Big Bang အဖွဲ့ဝင် Taeyang ကို သူ့ရဲ့ Fan တွေက အလွန်ချစ်ခင်အားပေးရတဲ့ အကြောင်းရင်းတစ်ရပ်က
နွေးနွေးထွေးထွေး Fan Service တွေပေးတတ်လို့လည်းဖြစ်ပါတယ် ။ သီချင်းဆိုရင်း Fan ကိုစင်ပေါ်ခေါ် လက်ဆောင်ပေးပြီး အနမ်းတွေခြွေတာလိုမျိုး အလန်းစား Fan Service တွေကို ရံဖန်ရံခါပေးလေ့ရှိသလို အမြဲတမ်း ကြုံရင် ကြုံသလို Fan တွေကို ဂရုစိုက်တဲ့သူ့ရဲ့ ချစ်စရာအလေ့အကျင့်လေးတစ်ခုကတော့ Fan တွေကို မုန့်ကျွေးတတ်တာပါ ။ သူအပြင်ထွက်တိုင်း စောင့်နေတတ်တဲ့ Fan အုပ်စုကို ကားပေါ်ကနေ သူ့မှာရှိတဲ့ မုန့်တွေ ထုတ်ထုတ်ကျွေးတတ်ပါတယ် ။ တစ်ခါဆို သူစားနေတဲ့ ငှက်ပျောသီးတောင်ထိုးကျွေးဖူးတဲ့ Taeyang ရယ်ပါ ။ ဒီလို ချစ်စရာ အလေ့အထလေးရှိတဲ့ သူက ဒီတစ်ခါလည်း ပရိတ်သတ်တွေရဲ့ အချစ်တွေကို ဖမ်းစားလိုက်ပြန်ပါတယ် ။ ဂျယ်ဂျူကျွန်းက ပြန်လာတဲ့သူ့ကို နှုတ်ဆက်ဖို့ စိတ်ရှည်လက်ရှည်စောင့်ကြိုနေတဲ့ သူ့ Fan တွေကို အသေအချာ နှုတ်ဆက်ပြီး သူ့ ပရိတ်သတ်တွေအတွက် ဂျယ်ဂျူက နာမည်ကြီး ထမင်းလိပ်ဆိုင်က ၀ယ်လာတဲ့ ထမင်းလိပ်တွေကို ပေးခဲ့တာပါ ။

   

သူဘယ်နေရာရောက်ရောက် သူ့ပရိတ်သတ်တွေကို စိတ်ထဲရှိပုံပါပဲ ။ မုန့်ဝယ်ကျွေးဖို့တောင် သတိရနေပါသေးတယ် ။ Fan တွေကတော့ သူပေးခဲ့တဲ့ ထမင်းလိပ်ကလေးတွေကို အမှတ်တရပုံရိုက်ပြီး ကျေးဇူးတင် ၀မ်းသာကြောင်းပြခဲ့ပါတယ် ။ ဒါကလည်း Idol နဲ့ Fandom ရဲ့ သံယောဇဉ်ပဲ မဟုတ်လား ... 

   

Athena
 
Shareလုပ်ပြီးအမှတ်များရယူပါ
1 Aavapoints

Trending:

ရုပ်ရှင်အညွှန်း Love Destiny 

ဒီဇာတ်ကားလေးကတော့ ထိုင်းရဲ့
more

Khwarnyo

Share  212 Views

CU လို့ခေါ်တဲ့ Sean ရဲ့ အကြောင်း

ကဲ ဒီတစ်ခေါက်တော့ Sean
more

Khwarnyo

Share  218 Views