လူမျိုးမတူပေမယ့် အိမ်ထောင်ဖက်ဖြစ်နေကြတဲ့ အနုပညာရှင်များ

Movie & Music
02/03/2018
293 views
နေထိုင်ရာနိုင်ငံချင်းမတူ ၊ လူမျိုးချင်မတူဘဲ လက်ထပ်ဖြစ်ဖို့ဆိုတာ တော်တော်လေး ရှားပါးတဲ့ ဖြစ်ရပ်တစ်ခုပဲမဟုတ်လား သူငယ်ချင်းတို့ရေ ...
ဖူးစာလူးလာဒူးကာလို့မရဆိုတဲ့ စကားပုံလေးအတိုင်းပဲ အချို့ သူတွေကဝေးဝေးလံလံမှာနေကြပေမယ့် တိုက်တိုက်ဆိုင်ဆိုင် ဖူးစာဆုံခွင့်ရခဲ့ကြပါတယ် ။
အနုပညာရှင်တွေထဲလဲ ဒီလို နဖူးစာရွာလည်တဲ့ အဖြစ်တွေ ကြုံရတဲ့သူတွေရှိနေပါတယ်တဲ့ ။ သူတို့က ဘယ်သူတွေလဲ အောက်မှာကြည့်ကြရအောင်နော် ။

1.Choo Ja Hyun 

     

ကိုရီးယားမင်းသမီးက တရုတ်မင်းသားနဲ့ လက်ထပ်ဖြစ်သွားခဲ့ပါတယ် ။ 
ကိုရီးယားမင်းသမီး Choo Ja Hyun ကတော့ တရုတ်မင်းသား Yu Xiaoguang နဲ့ ၂၀၁၇ ခုနှစ်မှာ ဖူးစာဆုံခဲ့ပါတယ် ။ တရုတ်ပရိသတ်တွေရော ကိုရီးယားပရိသတ်တွေပါ သူတို့ရဲ့ Relationship ကို သဘောတူပြီး လက်ထပ်ပြီးတဲ့နောက် မောင်နှံစုံကို အရင်ကထက်တောင် ပိုအားပေးခဲ့ကြပါတယ်တဲ့ ။ 

2.Ham So Won

   

သူမကတော့ ပြောစမှတ်တွင်စေခဲ့တဲ့ မင်းသမီးတစ်ယောက်ပါ ။ သူမထက် ၁၈ နှစ်ငယ်တဲ့ တရုတ်လူချောလေးကို လက်ထပ်ခဲ့တဲ့ အပြင် အဲဒီလူချောလေးက တရုတ်က အချမ်းသာဆုံးလုပ်ငန်းစု ပိုင်ရှင်ရဲ့ သားဖြစ်နေတော့ ပြောစမှတ်တွင်တာမဆန်းတော့ပါဘူးနော် ။ 

3.Shin Joo Ah

   

သူမကလည်း အိမ်ထောင်ရေးကံကောင်းတယ်လို့ သတ်မှတ်ခံရသူတစ်ဦးပါ ။ ထိုင်းမီလျံနာ Saraut Rachanacun နဲ့ လက်ထပ်ခဲ့ပြီး နန်းတော်တမျှကြီးကျယ်ခန်းနားတဲ့ အိမ်ကြီးမှာ စည်းစိမ်အပြည့်နဲ့နေထိုင်ရပုံတွေကို Korea ရဲ့ TV show အချို့ ကနေ ပရိတ်သတ်တွေ မြင်တွေ့ခွင့်ရခဲ့ပါတယ် ။ ဘန်ကောက်ကို အလည်အပါတ်သွားရင်း ဆုံခဲ့တဲ့ သူတို့ဖူးစာကတော့ အဆန်းပါပဲ ။ 

4.Im Sang Hyo

   

ကိုရီးယားမော်ဒယ်သရုပ်ဆောင်မင်းသမီး Im Sang Hyo ကလဲ ထိုင်းမီလျံနာတစ်ဦးနဲ့ ၂၀၀၄ ခုနှစ်က ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ဆုံတွေ့ခဲ့ကြပါတယ်.။သူတို့ဆုံတွေ့ပြီး (၁)နှစ်အကြာမှာတော့ မင်္ဂလာဆောင်လိုက်ကြတာပါ ။ 

5.Kim Tae Yong 

   

ဒီတစ်ခါတော့ ဒါရိုက်တာပါ ။ ကိုရီးယား ဒါရိုက်တာ Kim Tae Yong က နာမည်ကျော် တရုတ်မင်းသမီး Tang Wei နဲ့ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ် ။ 
အနုပညာရင်ဘတ်ချင်းနီးရင် နှလုံးသားချင်းပါ နီးသွားပုံပါပဲ ။ 

6.Chae Rim

   

သူ့ကိုတော့ Korea Drama Crazy တွေကောင်းကောင်းမှတ်မိမှာပါ ။ ဆန်းမီလို့ နာမည်ကြီးတဲ့ မင်းသမီးလေးကတော့ တရုတ်မင်းသားနဲ့ ဖူးစာဆုံသွားတာပါတဲ့ ။ သူတို့ရဲ့ ပထမဆုံး သားဦးရတနာလေးကိုတော့ ဒီဇင်ဘာလ ၂၀၁၇ မှာမွေးဖွားခဲ့တာဖြစ်ပါတယ် ။

Athena
Source : koreaboo
Shareလုပ်ပြီးအမှတ်များရယူပါ
1 Aavapoints

Trending:

ရုပ်ရှင်အညွှန်း Love Destiny 

ဒီဇာတ်ကားလေးကတော့ ထိုင်းရဲ့
more

Khwarnyo

Share  212 Views

CU လို့ခေါ်တဲ့ Sean ရဲ့ အကြောင်း

ကဲ ဒီတစ်ခေါက်တော့ Sean
more

Khwarnyo

Share  218 Views