IU ကို ကဗျာဆန်ဆန်လေး Surprise လုပ်လိုက်တဲ့ Lee Seung Gi

Movie & Music
24/02/2018
628 views
အခုတလောမှာ Hwayugi ဇာတ်လမ်းတွဲနဲ့ နှုတ်ခမ်းနီမလေးတွေသည်းသည်းလှုပ်အားပေးတာခံနေရသူကတော့ မင်းသား Lee Seung Gi
 ပါ ။ ဒီဇာတ်လမ်းတွဲဟာ မင်းသား စစ်မှုထမ်းပြန်လာပြီး ပထမဆုံးရိုက်ကူးတဲ့ဇာတ်လမ်းတွဲဖြစ်သလို ထုတ်လွှင့်ပြသချိန်မှာ အောင်မြင်မှုကြီးကြီးရရှိခဲ့ပါတယ် ။ 
ဒီဇာတ်ကားထဲက မင်းသား Lee Seung Gi ရဲ့ Romantic ဆန်တဲ့ အပြောတွေဟာ ပရိတ်သတ်ကို ဖမ်းစားနိုင်ခဲ့တာပါ ။ ဒီလို မိန်းကလေးတွေ ၀န်းရံခံနေရတဲ့ မင်းသားကဘက်စုံတော်ပြီး ချစ်ဖို့ကောင်းတဲ့ Idol မလေး IU ကို ပြန်ဝန်းရံလိုက်ပါတယ် ။ ၀န်းရံပုံကတော့ ကဗျာဆန်ဆန်လေးပါပဲ ။ IU ရဲ့ My Ahjussi ဆိုတဲ့ ဇာတ်ကား ရိုက်ကွင်းကိုကော်ဖီကားတစ်စီးပို့ပေးလိုက်တာပါ ။

      

ကားမှာတော့ သူ့ရဲ့ ခန့်ညားချောမောတဲ့ ပုံလေးတွေနဲ့ ကောင်းကောင်းစားပြီး အားရှိအောင်နေကြပါ ဆိုတဲ့စာသားလေးတွေရေးထားပါတယ် ။ ကော်ဖီခွက်လေးမှာလည်း သူ့ပုံလေးတွေ ရိုက်နှိပ်ထားသေးတာပါ ။



   

ဘယ်လောက်တောင် ကဗျာဆန်တဲ့ လက်ဆောင်ပါလဲ ။ IU နဲ့ Lee Seung Gi တို့နှစ်ယောက်ကတော့ အလွန်ရင်းနှီးကြပြီး SBS ရဲ့ variety show တစ်ခုဖြစ်တဲ့ “Strong Heart” မှာအတူပါဝင်ခဲ့တဲ့နောက်ပိုင်း အပြင်မှာပါ ရင်းနှီးတဲ့သူငယ်ချင်းတွေ ဖြစ်လာခဲ့တာပါ ။ 
Lee Seung Gi က IU ရဲ့ “Producer” ဇာတ်ကားမှာလည်း ပါဝင်ခဲ့ပါသေးတယ် ။ သူတို့နှစ်ယောက်ရဲ့ Friendship ကတော့ တကယ့်ကိုအားကျစရာပါပဲနော် ... 

   

Athena
Source : ilovekstar
Shareလုပ်ပြီးအမှတ်များရယူပါ
1 Aavapoints

Trending:

ရုပ်ရှင်အညွှန်း Love Destiny 

ဒီဇာတ်ကားလေးကတော့ ထိုင်းရဲ့
more

Khwarnyo

Share  212 Views

CU လို့ခေါ်တဲ့ Sean ရဲ့ အကြောင်း

ကဲ ဒီတစ်ခေါက်တော့ Sean
more

Khwarnyo

Share  218 Views