Kpop သီချင်းတွေနဲ့ အမြဲကတယ် ဆိုတဲ့ အမေရိကန်သမ္မတရဲ့ မြေးတွေ

Movie & Music
24/02/2018
262 views
OMG လို့တောင်ဆိုရမလိုပါပဲ ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ မြေးတွေက Kpoper တွေပါလို့ ထရန့်ရဲ့ သမီးကြီး အိုင်ဗင်ကာထရန့်က ကိုရီးယားသမ္မတ မွန်းဂျေအင်နဲ့ တွေ့ဆုံရာမှာ ပြောပြလိုက်တာပါ ။
တောင်ကိုရီးယား အိုလံပစ်ပွဲအတွက် အစည်းအဝေးလာတတ်တဲ့ အိုင်ဗင်ကာထရန့်က ဖေဖော်ဝါရီ ၂၃ ရက်နေ့ ကိုရီးယားသမ္မတ အိမ်ပြာတော်မှာ ညစာစားခဲ့ပြီး သမ္မတနဲ့စကားစမြည်ပြောဆိုရာမှာ 

   

" ကျွန်မရဲ့ကလေးတွေကို Kpop ပြပါတယ် ။ သူတို့ကတော့ Kpop သီချင်းတွေနဲ့ နေ့တိုင်း အကပါတီကို ဆင်နွှဲနေကြတော့တာပါပဲ " လို့ သူမကဆိုခဲ့တာပါ ။ 

   

ထပ်မံပြီးတော့ " ကျွန်မရဲ့ ကလေးတွေကို ကိုရီးယားစကားသင်ပေးဖို့လဲ ရည်ရွယ်ချက်ရှိပါတယ် ။ နောက်တစ်ခါ ဒီကိုလာလည်ဖြစ်ရင် သူတို့ကို ကိုရီးယားလို သီချင်းဆိုဖျော်ဖြေခိုင်းမယ်လေ " လို့တောင် ပြောခဲ့ပါသေးတယ်တဲ့ ။ 
ဒီချစ်ကြည်ရေးခရီးမှာ အိုင်ဗင်ကာထရန့်ကတော့ ကိုရီးယားသမ္မတနဲ့  2018 Pyeongchang Winter Olympics နဲ့ပါတ်သတ်တဲ့ကိစ္စရပ်တွေနဲ့ အခြား ကိုရီးယားအရေးတွေကို ဆွေးနွေးခဲ့တယ်လို့လည်း သတင်းတွေဖော်ပြထားပါတယ် ။ Kpop Song တွေကို အမေရိကန်ကလူတွေတောင်အားပေးနေကြပြီဆိုတော့ Kpop Wave က အမေရိကန်ထိတောင် သွားရိုက်ပုံပါပဲ ။ အင်အားမသေးလှဘူးနော် ။ 

   

Athena
Source : allkpop

 
Shareလုပ်ပြီးအမှတ်များရယူပါ
1 Aavapoints

Trending:

ရုပ်ရှင်အညွှန်း Love Destiny 

ဒီဇာတ်ကားလေးကတော့ ထိုင်းရဲ့
more

Khwarnyo

Share  213 Views

CU လို့ခေါ်တဲ့ Sean ရဲ့ အကြောင်း

ကဲ ဒီတစ်ခေါက်တော့ Sean
more

Khwarnyo

Share  218 Views