Idol ကို ရူးရူးမူးမူးချစ်မိရာကနေ ကိုယ်တိုင် Idol ဖြစ်လာတဲ့ မိန်းမလှလေး

Movie & Music
24/02/2018
305 views
ကိုယ့် Idol ကိုယ် သည်းသည်းလှုပ်ချစ်တတ်ကြတာတော့ Fan တိုင်းပါပဲ ။ ကိုယ့် Idol ကို အပြင်မှာမြင်တွေ့ခွင့်ရဖို့ ရင်းနှီးခွင့်ရဖို့ဆိုတာ Fan တိုင်းဖြစ်ချင်တဲ့ ဆန္ဒပါ ။ သို့ပေမယ့် Fan တိုင်း ဒီအခွင့်အရေးကိုမရတတ်ကြပါဘူး ။

   

အချို့  Fan တွေကတော့ သူတို့ရဲ့စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ခဲ့ပါတယ် ။ “Baby’s Breath” လို့ အမည်ရတဲ့ INFINITE အဖွဲ့က L နဲ့ Sunggyu ကို အားပေးတဲ့ Fan Site တစ်ခုရဲ့ ပဲ့ကိုင်ရှင်မလေးက သူ့ Idol နဲ့ နီးစပ်ဖို့ ကိုယ်တိုင် Idol တစ်ယောက်ဖြစ်လာအောင်ကြိုးပမ်းခဲ့တာပါ ။

   

တကယ်လဲ ဖြစ်လာခဲ့ပါတယ် ။ သူမကတော့ MOMOLAND အဖွဲ့က Jane ပါ ။ သူမ Idol ဖြစ်ခဲ့ပြီးတဲ့နောက် အကောင့်တွေကို ဖျက်သိမ်းခဲ့ပေမယ့် Baby’s Breath က Fan Cam ပုံလေးတွေကို ကြည့်နေကျပရိတ်သတ်တွေကတော့ သတိရလို့နေပါတယ်တဲ့ ။

   

ခုချိန်မှာတော့ Jane က သူ့ Idol ရဲ့ ဘေးမှာတောင် ရပ်နေနိုင်ပါပြီ ။ 

   

သူမရဲ့ Idol ဖြစ်ခဲ့ဖူးတဲ့ Sunggyu အစီအစဉ်တင်ဆက်သူလုပ်တဲ့ Mcountdown ပွဲမှာ အတူဘေးချင်းယှဉ်ရပ်ခဲ့ပြီး သူမတို့အဖွဲ့အတွက် ပထမဆုံး Music award ဆုကို ရရှိခဲ့ပါတယ် ။

   

ဒါဟာ တကယ့်ကို ကောင်းမွန်တဲ့အောင်မြင်မှုမဟုတ်လား ... သူကတော့ အိပ်မက်တွေတကယ်ပြည့်ဝသွားတဲ့ Fan တစ်ယောက်ပါပဲ ။ 
အားကျမိပါတယ် သူငယ်ချင်းတို့ရေ ... 

Athena
Source : allkpop
 
Shareလုပ်ပြီးအမှတ်များရယူပါ
1 Aavapoints

Trending:

ရုပ်ရှင်အညွှန်း Love Destiny 

ဒီဇာတ်ကားလေးကတော့ ထိုင်းရဲ့
more

Khwarnyo

Share  213 Views

CU လို့ခေါ်တဲ့ Sean ရဲ့ အကြောင်း

ကဲ ဒီတစ်ခေါက်တော့ Sean
more

Khwarnyo

Share  218 Views