Kpop Idol တစ်ယောက်အဖြစ်ပွဲဦးထွက်မယ့် ဂျပန်အပြာမယ်

Movie & Music
24/02/2018
287 views
Kpop လောကထဲ Group အသစ်တွေပွဲဦးထွက်တယ်ဆိုတာ မထူးဆန်းတဲ့ကိစ္စပါ ။ ဒီတစ်ခေါက် Girl Group တစ်ခုပွဲဦးထွက်မယ့် ကိစ္စမှာတော့ ဝေဖန်မှုအချို့ ရှိလာပါတယ် ။ အကြောင်းကတော့ March လအတွင်းပွဲဦးထွက်မယ့် Girl Group တစ်ခုမှာပါဝင်မယ့် မိန်းကလေး အဖွဲ့ဝင်တစ်ယောက်က ဂျပန် အပြာဇာတ်ကား သရုပ်ဆောင်တစ်ယောက်ဖြစ်ခဲ့တာကြောင့်ပါ ။ သူမရဲ့ နာမည်ကတော့ Mikami Yua လို့ခေါ်ပါတယ် ။

   

ဂျပန်အပြာဇာတ်ကားတွေမှာ သရုပ်ဆောင်လုပ်ခဲ့တဲ့သူမက Jpop Idol တစ်ယောက်လဲ ဖြစ်ပြန်ပါသေးတယ် ။ အင်အားတောင့်တဲ့ SKE8 Jpop Group ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး ဖျော်ဖြေမှုအတွေ့အကြုံတွေအများကြီးရှိတဲ့သူတစ်ယောက်ပါ ။

   

သူမက Kpop ကိုလဲ အင်မတန်ကြိုက်နှစ်သက်သူဖြစ်ပြီး Kpop Song Cover Dance တွေကိုလည်း သူမရဲ့ လူမှုကွန်ယက်မှာအမြဲတင်လေ့ရှိတာမို့ သူမအကောင့်ကို Follow လုပ်ထားကြတဲ့ ကိုရီးယားပရိတ်သတ်တွေတောင်ရှိနေကြပါပြီ ။

   

Korea Media အချို့ ရဲ့ သတင်းတွေအရ သူမကို Kpop Idol အဖြစ်မကြာခင် ပွဲဦးထုတ်တော့မယ့်ကိစ္စ ပျံနှံလာတဲ့အခါ ဝေဖန်သူတွေ အားပေးသူတွေ အမျိုးမျိုးဝေဖန်မှုတွေရှိလာခဲ့ပါတယ် ။

   

တကယ်ပဲပွဲဦးထွက်ခဲ့တယ်ဆိုရင်တော့ သူမက Kpop လောကမှာ ပထမဆုံး အပြာမယ်ကနေ Idol ဖြစ်လာသူ ဖြစ်တော့မှာပါ ။

   

သူငယ်ချင်းတို့ရော ဘယ်လိုထင်လဲ ပြောပြသွားခဲ့ပါလားနော် ... 

Athena
Source : koreaboo
Shareလုပ်ပြီးအမှတ်များရယူပါ
1 Aavapoints

Trending:

ရုပ်ရှင်အညွှန်း Love Destiny 

ဒီဇာတ်ကားလေးကတော့ ထိုင်းရဲ့
more

Khwarnyo

Share  213 Views

CU လို့ခေါ်တဲ့ Sean ရဲ့ အကြောင်း

ကဲ ဒီတစ်ခေါက်တော့ Sean
more

Khwarnyo

Share  218 Views