စကားပြန်မပါဘဲ တရုတ်လို အင်တာဗျူးဖြေခဲ့တဲ့ Big Bang's SEUNGRI

Movie & Music
11/02/2018
297 views
SEUNGRI ရဲ့ ဘာသာစကားကျွမ်းကျင်မှုကတော့ အလန်းကြီးနော် ။ YG Entertainment ရဲ့ အအောင်မြင်ဆုံး Boy Group BigBang ကအဖွဲ့ဝင်တွေဟာ Talent အရမ်းကောင်းကြတယ်ဆိုတာ သူတို့ရဲ့ ပရိတ်သတ်တွေ အသိဆုံးဖြစ်မှာပါ ။ ဒီထဲက SEUNGRI ကတော့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့အပြင် နိုင်ငံခြား ဘာသာစကားတွေကိုလည်း ကျွမ်းကျင်စွာတတ်တဲ့ Idol တစ်ယောက်ဖြစ်ပါတယ် ။

   

ခု သူက တရုတ်ဇာတ်ကားတစ်ကားထဲမှာဝင်ရောက်သရုပ်ဆောင်တော့မှာပါ ။ ဇာတ်ကားနာမည်ကတော့ 'LOVE ONLY’ ပါတဲ့ ။ တရုတ်မင်းသမီးချောလေး  Guo Bi-ting နဲ့ SEUNGRI က အဓိကဇာတ်ဆောင်တွေအဖြစ်ပါဝင်မယ့် ဒီဇာတ်ကားက Romance ဇာတ်ကားလေးတစ်ကားမို့ ပရိတ်သတ်တွေတော့ SEUNGRI ဘယ်လိုတွေ Ro မလဲ ဆိုတာ စောင့်ကြည့်ရမယ့် ဇာတ်ကားလေးတစ်ကားပါပဲ ။

    

ဒီ ဇာတ်ကားအတွက် သတင်းစာရှင်းလင်းပွဲမှာတော့ SEUNGRI ကသူ့ရဲ့ တရုတ်ဘာသာစကား ကျွမ်းကျင်မှုကို ပြသသွားခဲ့ပါတယ် ။ ပွဲတတ်ရောက်လာတဲ့ SEUNGRI က ဘာသာပြန်မလိုဘဲ အမေးအဖြေအကုန်ကို တရုတ်လိုဖြေဆိုခဲ့တာပါ ။



သူ့ရဲ့ ဘာသာစကားကျွမ်းကျင်မှုကို သတင်းသမားတွေရော MC ရောကပါ အံ့အားသင့် ချီးကျူးခဲ့ရပါတယ် ။ Video File လေးကြည့်ချင်ရင်အောက်မှာနော် ... ဒီလိုတော်တဲ့ Idol ရဲ့ Fan တွေတော့ ဂုဏ်ယူနေကြတော့မှာပါပဲ ။ 
 

Athena
Source : youtube
Shareလုပ်ပြီးအမှတ်များရယူပါ
1 Aavapoints

Trending:

ရုပ်ရှင်အညွှန်း Love Destiny 

ဒီဇာတ်ကားလေးကတော့ ထိုင်းရဲ့
more

Khwarnyo

Share  212 Views

CU လို့ခေါ်တဲ့ Sean ရဲ့ အကြောင်း

ကဲ ဒီတစ်ခေါက်တော့ Sean
more

Khwarnyo

Share  218 Views